ဟာလန်း(သို့)ကိန်းကို ခေါ်ယူရေးအတွက် သုံးမရတဲ့ဝါနာကို တစ်ရာသီအကြာရောင်းပြီး ချဲလ်ဆီးငွေရှာမည်

ချဲလ်ဆီးဟာအသင်းတွင်တစ်ရာသီတည်းသာကစားရသေးတဲ့တိုက်စစ်မှူးတီမိုဝါနာအားရောင်းချသွားတော့မည်ဖြစ်ကြောင်းသိရပါတယ်။

ချန်ပီယံလိဂ်ချန်ပီယံဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဝါနာမှာဂိုးပေါက်တွေ့ရန်ရုန်းကန်ခဲ့ရမှုနဲ့အတူယခုနွေရာသီတွင်တိုက်စစ်မှူးသစ်ရှာဖွေနေပါတယ်။

၎င်းတို့ဟာလီဝါဒေါ့စကီး၊အာလင်းဟာလန်းနှင့်ဟယ်ရီကိန်းတို့အားခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

အသက်၂၅နှစ်ရှိဂျာမနီတိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်၊ဇူလိုင်လတွင်ပရီးမီးယားလိဂ်ပွဲ၃၅ပွဲကစားခဲ့ရာမှာ၆ဂိုးတည်းသာသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာချဲလ်ဆီးသို့ပေါင်၄၈သန်းဖြင့်မပြောင်းမီလိုက်ဇစ်အတွက်ဘွန်ဒက်စ်လီဂါဂိုး၂၈ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ယခုအခါချဲလ်ဆီးဟာအသင်းတွင်ခြေစွမ်းမပြနိုင်တဲ့ဝါနာကိုရောင်းချကာဟာလန်း(သို့)ဟယ်ရီကိန်းအားခေါ်ယူရေးအတွက်ငွေဖြည့်တင်းမှုပြုလုပ်သွားပါမယ်။

ဟာလန်းကချဲလ်ဆီးရဲ့နံပါတစ်ပစ်မှတ်ဖြစ်ပြီးဒေါ့မွန်ကပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အထိ အလိုရှိနေပါတယ်။

ဟာလန်းဟာဒေါ့မွန်အတွက်ဘွန်ဒက်စ်လီဂါပွဲ၄၃ပွဲမှာဂိုး၄၀သွင်းယူထားသူဖြစ်ပါတယ်။

ZawGyi








