ဟာလန်းအတွက် ချဲလ်ဆီးထံ ပေါင် ၂၇၅ သန်းတန်စာချုပ်တောင်းဆိုခဲ့တဲ့ စူပါအေးဂျင့်မီနိုရိုင်အိုလာ

အီတလီစူပါအေးဂျင့်မီနိုရိုင်အိုလာဟာအာလင်းဟာလန်းရဲ့အပြောင်းအရွှေ့အတွက်ချဲလ်ဆီးထံမှအကျိုးအမြတ်များစွာအမြတ်ထုတ်နိုင်ဖို့ကြိုးပမ်းခဲ့ကြောင်းဂျာမန်သတင်းစာ Bild ကဖော်ပြလာပါတယ်။

ချဲလ်ဆီးဟာအင်တာမီလန်တိုက်စစ်မှူးလူကာကူအားပေါင်၉၇.၅သန်းဖြင့်မခေါ်ယူမီဟာလန်းအားနံပါတ်တစ်ပစ်မှတ်အဖြစ်ခေါ်ယူရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့်ချဲလ်ဆီးဟာစူပါအေးဂျင့်ရိုင်အိုလာဘက်ကလုံးဝမထင်မှတ်ထားလောက်တဲ့ကြေးမျိုးတောင်းဆိုလာမှုနဲ့အတူနောက်ဆုတ်သွားခဲ့ခြင်းဖြစ်ပါတယ်။

Bild ရဲ့ဖော်ပြချက်အရရိုင်အိုလာဟာအာလင်းဟာလန်းအတွက်တစ်ပတ်လုပ်ခပေါင်၈၂၀၀၀၀ဖြင့်ပေါင်၂၇၅သန်းတန်စာချုပ်ချုပ်ဆိုရန်တောင်းဆိုခဲ့ပါတယ်။

အဆိုပါပမာဏမှာဟာလန်းအတွက်အကျိုးခံစားမျှသာဖြစ်ပါတယ်။ဒါ့အပြင်ရိုင်အိုလာဟာဟာလန်းအပြောင်းအရွှေ့ဖြစ်မြောက်လာပါကအေးဂျင့်ခအဖြစ်ပေါင်၃၅သန်းလည်းတောင်းဆိုခဲ့ကြောင်းလည်းသိရပါတယ်။

စူပါအေးဂျင့်ရိုင်အိုလာဟာကမ္ဘာ့ထိပ်တန်းကစားသမားအမြောက်အမြားများရဲ့အနာဂတ်ကိုကိုင်ထားတဲ့သူတစ်ဦးဖြစ်ပြီးတောင်းဆိုမှုမြင့်မားတဲ့သူအဖြစ်လည်းနာမည်ကြီးပါတယ်။

ဟာလန်းဟာယခုနွေရာသီတွင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ကျော်ဈေးပေါက်ပေမယ့်လည်းလာမယ့်ဘောလုံးရာသီတွင်မူပေါင်၆၄သန်းဖြင့်ခေါ်ယူနိုင်မယ့်အချက်ပါဝင်တဲ့စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။

ဒါကြောင့်လည်းလာမယ့်နွေရာသီမှာမန်ယူ၊ရီးရဲလ်မက်ဒရစ်၊မန်စီးတီးစတဲ့ထိပ်သီးကလပ်များဟာဟာလန်းအားခေါ်ယူရေးအကြီးအကျယ်ကြိုးပမ်းလာကြမှာဖြစ်ပြီးရိုင်အိုလာတစ်ယောက်အလွန်အလုပ်ရှုပ်လာဦးမှာသေချာနေပါတယ်။

ZawGyi

ဟာလန္းအတြက္ ခ်ဲလ္ဆီးထံ ေပါင္ ၂၇၅ သန္းတန္စာခ်ဳပ္ေတာင္းဆိုခဲ့တဲ့ စူပါေအးဂ်င့္မီႏို႐ိုင္အိုလာ

အီတလီစူပါေအးဂ်င့္မီႏို႐ိုင္အိုလာဟာအာလင္းဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ခ်ဲလ္ဆီးထံမွအက်ိဳးအျမတ္မ်ားစြာအျမတ္ထုတ္ႏိုင္ဖို႔ႀကိဳးပမ္းခဲ့ေၾကာင္းဂ်ာမန္သတင္းစာ Bild ကေဖာ္ျပလာပါတယ္။

ခ်ဲလ္ဆီးဟာအင္တာမီလန္တိုက္စစ္မႉးလူကာကူအားေပါင္၉၇.၅သန္းျဖင့္မေခၚယူမီဟာလန္းအားနံပါတ္တစ္ပစ္မွတ္အျဖစ္ေခၚယူရန္ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးဟာစူပါေအးဂ်င့္႐ိုင္အိုလာဘက္ကလုံးဝမထင္မွတ္ထားေလာက္တဲ့ေၾကးမ်ိဳးေတာင္းဆိုလာမႈနဲ႔အတူေနာက္ဆုတ္သြားခဲ့ျခင္းျဖစ္ပါတယ္။

Bild ရဲ႕ေဖာ္ျပခ်က္အရ႐ိုင္အိုလာဟာအာလင္းဟာလန္းအတြက္တစ္ပတ္လုပ္ခေပါင္၈၂၀၀၀၀ျဖင့္ေပါင္၂၇၅သန္းတန္စာခ်ဳပ္ခ်ဳပ္ဆိုရန္ေတာင္းဆိုခဲ့ပါတယ္။

အဆိုပါပမာဏမွာဟာလန္းအတြက္အက်ိဳးခံစားမွ်သာျဖစ္ပါတယ္။ဒါ့အျပင္႐ိုင္အိုလာဟာဟာလန္းအေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာပါကေအးဂ်င့္ခအျဖစ္ေပါင္၃၅သန္းလည္းေတာင္းဆိုခဲ့ေၾကာင္းလည္းသိရပါတယ္။

စူပါေအးဂ်င့္႐ိုင္အိုလာဟာကမာၻ႔ထိပ္တန္းကစားသမားအေျမာက္အျမားမ်ားရဲ႕အနာဂတ္ကိုကိုင္ထားတဲ့သူတစ္ဦးျဖစ္ၿပီးေတာင္းဆိုမႈျမင့္မားတဲ့သူအျဖစ္လည္းနာမည္ႀကီးပါတယ္။

ဟာလန္းဟာယခုေႏြရာသီတြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ေက်ာ္ေဈးေပါက္ေပမယ့္လည္းလာမယ့္ေဘာလုံးရာသီတြင္မူေပါင္၆၄သန္းျဖင့္ေခၚယူႏိုင္မယ့္အခ်က္ပါဝင္တဲ့စာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလာမယ့္ေႏြရာသီမွာမန္ယူ၊ရီးရဲလ္မက္ဒရစ္၊မန္စီးတီးစတဲ့ထိပ္သီးကလပ္မ်ားဟာဟာလန္းအားေခၚယူေရးအႀကီးအက်ယ္ႀကိဳးပမ္းလာၾကမွာျဖစ္ၿပီး႐ိုင္အိုလာတစ္ေယာက္အလြန္အလုပ္ရႈပ္လာဦးမွာေသခ်ာေနပါတယ္။