ဟာလန်းအတွက် ယူရိုသန်း ၂၀၀အထိ ဒေါ့မွန်အသင်းတောင်းဆိုလာ

အာလင်းဟာလန်းအားခေါ်ယူလိုတဲ့ကလပ်များအနေဖြင့်ပြောင်းရွှေ့ကြေးယူရိုသန်း၂၀၀အထိပေးရမယ်လို့ဒေါ့မွန်ကတောင်းဆိုလာပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကိုပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်ကြတဲ့မန်စီးတီး၊မန်ယူ၊ချဲလ်ဆီးအပြင်ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်တို့ကလည်းခေါ်ယူလိုနေကြပါတယ်။

ဒါပေမယ့်လည်းဒေါ့မွန်ဟာအသက်၂၀နှစ်ရှိတိုက်စစ်မှူးအားနောက်ထပ်တစ်ရာသီအနည်းဆုံးထိန်းသိမ်းထားနိုင်ရေးအတွက်လုပ်ဆောင်ရန်ဆုံးဖြတ်ထားပါတယ်။

၎င်းတို့ဟာဟာလန်းအားနောက်ထပ်တစ်ရာသီထိန်းသိမ်းလိုမှုနဲ့အတူနော်ဝေတိုက်စစ်မှူးအားခေါ်ယူရေးအတွက်လက်တွန့်သွားစေရန်ပြောင်းရွှေ့ကြေးယူရိုသန်း၂၀၀(ပေါင်၁၇၄)သန်းအထိတောင်းဆိုလာပါတယ်။

ဒေါ့မွန်အနေဖြင့်ဟာလန်းကိုနောက်ထပ်တစ်ရာသီဆက်ထိန်းထားပါက၂၀၂၂ခုနှစ်နွေရာသီတွင်ပေါင်သန်း၇၀အောက်ဈေးဖြင့်လက်လွှတ်ရပါမယ်။ဟာလန်းရဲ့စာချုပ်အတွင်းမှာ၂၀၂၂ခုနှစ်နွေတွင်ပေါင်သန်း၇၀ဝန်းကျင်ဖြင့်ထွက်ခွာနိုင်မယ့်အချက်ပါဝင်ပါတယ်။

မန်စီးတီးဟာဟာလန်းအတွက်ဒေါ့မွန်ကပြောင်းရွှေ့ကြေးယူရိုသန်း၂၀၀တောင်းဆိုလာမှုနဲ့အတူစပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းအားခေါ်ယူရေးပိုမိုအားစိုက်လုပ်ဆောင်လာဖို့ရှိပါတယ်။

မန်ယူကတော့တိုက်စစ်မှူးကာဗာနီအားစာချုပ်သစ်ချုပ်ဆိုထားတာကြောင့်လာမယ့်နှစ်နွေရာသီတွင်မှဟာလန်းအားခေါ်ယူရေးအစွမ်းကုန်ကြိုးပမ်းလာနိုင်ပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာလည်းတီမိုဝါနာကိုဦးစားပေးတိုက်စစ်မှူးအဖြစ်ဆက်လက်အသုံးပြုသွားပါမယ်။

ရီးရဲလ်မက်ဒရစ်ဟာလည်းဟာလန်းကိုခေါ်ယူရေးလက်လျှော့ကာအမ်ဘက်ပီကိုခေါ်ယူရေးပိုမိုအားစိုက်လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။

ZawGyi

ဟာလန္းအတြက္ ယူ႐ိုသန္း ၂၀၀အထိ ေဒါ့မြန္အသင္းေတာင္းဆိုလာ

အာလင္းဟာလန္းအားေခၚယူလိုတဲ့ကလပ္မ်ားအေနျဖင့္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၂၀၀အထိေပးရမယ္လို႔ေဒါ့မြန္ကေတာင္းဆိုလာပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးကိုပရီးမီးယားလိဂ္ထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့မန္စီးတီး၊မန္ယူ၊ခ်ဲလ္ဆီးအျပင္ရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္တို႔ကလည္းေခၚယူလိုေနၾကပါတယ္။

ဒါေပမယ့္လည္းေဒါ့မြန္ဟာအသက္၂၀ႏွစ္ရွိတိုက္စစ္မႉးအားေနာက္ထပ္တစ္ရာသီအနည္းဆုံးထိန္းသိမ္းထားႏိုင္ေရးအတြက္လုပ္ေဆာင္ရန္ဆုံးျဖတ္ထားပါတယ္။

၎တို႔ဟာဟာလန္းအားေနာက္ထပ္တစ္ရာသီထိန္းသိမ္းလိုမႈနဲ႔အတူေနာ္ေဝတိုက္စစ္မႉးအားေခၚယူေရးအတြက္လက္တြန႔္သြားေစရန္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၂၀၀(ေပါင္၁၇၄)သန္းအထိေတာင္းဆိုလာပါတယ္။

ေဒါ့မြန္အေနျဖင့္ဟာလန္းကိုေနာက္ထပ္တစ္ရာသီဆက္ထိန္းထားပါက၂၀၂၂ခုႏွစ္ေႏြရာသီတြင္ေပါင္သန္း၇၀ေအာက္ေဈးျဖင့္လက္လႊတ္ရပါမယ္။ဟာလန္းရဲ႕စာခ်ဳပ္အတြင္းမွာ၂၀၂၂ခုႏွစ္ေႏြတြင္ေပါင္သန္း၇၀ဝန္းက်င္ျဖင့္ထြက္ခြာႏိုင္မယ့္အခ်က္ပါဝင္ပါတယ္။

မန္စီးတီးဟာဟာလန္းအတြက္ေဒါ့မြန္ကေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၂၀၀ေတာင္းဆိုလာမႈနဲ႔အတူစပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းအားေခၚယူေရးပိုမိုအားစိုက္လုပ္ေဆာင္လာဖို႔ရွိပါတယ္။

မန္ယူကေတာ့တိုက္စစ္မႉးကာဗာနီအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတာေၾကာင့္လာမယ့္ႏွစ္ေႏြရာသီတြင္မွဟာလန္းအားေခၚယူေရးအစြမ္းကုန္ႀကိဳးပမ္းလာႏိုင္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာလည္းတီမိုဝါနာကိုဦးစားေပးတိုက္စစ္မႉးအျဖစ္ဆက္လက္အသုံးျပဳသြားပါမယ္။

ရီးရဲလ္မက္ဒရစ္ဟာလည္းဟာလန္းကိုေခၚယူေရးလက္ေလွ်ာ့ကာအမ္ဘက္ပီကိုေခၚယူေရးပိုမိုအားစိုက္လုပ္ေဆာင္လာေတာ့မွာျဖစ္ပါတယ္။