ဟာလန်းအပြောင်းအရွှေ့နှင့်ပတ်သက်၍ ပြောကြားမှုများအပေါ် ကိုးမန်းတုံ့ပြန်လာ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာနျူးကမ့်သို့ဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းရောက်လာနိုင်တဲ့ အခြေအနေအပေါ်ပြောကြားလာပါတယ်။

ဘာစီလိုနာဥက္ကဌလောင်းတို့ဟာသူတို့သာရွေးချယ်ခံရလျှင်အသက်၂၀နှစ်ရှိနော်ဝေတိုက်စစ်မှူးအားခေါ်ယူပေး မည်ဟုပြောကြားကာမဲဆွယ်လျက်ရှိနေပါတယ်။

ယင်းကဲ့သို့ဟာလန်းရောက်လာနိုင်တဲ့အခြေအနေများရှိနေသော်လည်းဒတ်ချ်လူမျိုးနည်းပြကမူ၎င်းတွင်လည်း ကလပ်ရဲ့အနာဂတ်အတွက်စိတ်ကူးများရှိနေကြောင်းပြောကြားလာပါတယ်။

ကိုးမန်းက “ကလပ်ရဲ့အနာဂတ်အတွက်ကျွန်တော့်မှာလည်းစိတ်ကူးစိတ်သန်းတွေရှိပါတယ်။ဒါပေမယ့်ဘယ်သူ ဥက္ကဌဖြစ်လာမလဲဆိုတာကြည့်ရပါဦးမယ်။ပြီးတော့တွေ့ဆုံပြီးကလပ်အနာဂတ်နဲ့ပတ်သက်ပြီးဆွေးနွေးသွားရပါ မယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာကြွေးမြီယူရို၁.၂ဘီလီယံအထိတင်ရှိနေကာဒေဝါလီခံရလုနီးပါးအခြေအနေမျိုးနှင့်ကြုံတွေ့နေရတဲ့ အသင်းလည်းဖြစ်ပါတယ်။

ဘာစီလိုနာအတွက်အကြီးမားဆုံးအလုပ်မှာယခုရာသီအကုန်တွင်အသင်းခေါင်းဆောင်မက်ဆီကိုအလွတ်ပြောင်း ရွှေ့ကြေးဖြင့်ဆုံးရှုံးရနိုင်တဲ့အနေအထားမှာရှိနေတာ ဖြစ်ပါတယ်။

ZawGyi

ဟာလန္းအေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္၍ ေျပာၾကားမႈမ်ားအေပၚ ကိုးမန္းတုံ႔ျပန္လာ

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာန်ဴးကမ့္သို႔ေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းေရာက္လာႏိုင္တဲ့ အေျခအေနအေပၚေျပာၾကားလာပါတယ္။

ဘာစီလိုနာဥကၠဌေလာင္းတို႔ဟာသူတို႔သာေ႐ြးခ်ယ္ခံရလွ်င္အသက္၂၀ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးအားေခၚယူေပး မည္ဟုေျပာၾကားကာမဲဆြယ္လ်က္ရွိေနပါတယ္။

ယင္းကဲ့သို႔ဟာလန္းေရာက္လာႏိုင္တဲ့အေျခအေနမ်ားရွိေနေသာ္လည္းဒတ္ခ်္လူမ်ိဳးနည္းျပကမူ၎တြင္လည္း ကလပ္ရဲ႕အနာဂတ္အတြက္စိတ္ကူးမ်ားရွိေနေၾကာင္းေျပာၾကားလာပါတယ္။

ကိုးမန္းက “ကလပ္ရဲ႕အနာဂတ္အတြက္ကြၽန္ေတာ့္မွာလည္းစိတ္ကူးစိတ္သန္းေတြရွိပါတယ္။ဒါေပမယ့္ဘယ္သူ ဥကၠဌျဖစ္လာမလဲဆိုတာၾကည့္ရပါဦးမယ္။ၿပီးေတာ့ေတြ႕ဆုံၿပီးကလပ္အနာဂတ္နဲ႔ပတ္သက္ၿပီးေဆြးေႏြးသြားရပါ မယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီယူ႐ို၁.၂ဘီလီယံအထိတင္ရွိေနကာေဒဝါလီခံရလုနီးပါးအေျခအေနမ်ိဳးႏွင့္ႀကဳံေတြ႕ေနရတဲ့ အသင္းလည္းျဖစ္ပါတယ္။

ဘာစီလိုနာအတြက္အႀကီးမားဆုံးအလုပ္မွာယခုရာသီအကုန္တြင္အသင္းေခါင္းေဆာင္မက္ဆီကိုအလြတ္ေျပာင္း ေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးရႏိုင္တဲ့အေနအထားမွာရွိေနတာ ျဖစ္ပါတယ္။