ဟာလန်းအား ခေါ်ယူရေးအတွက် ဇန်နဝါရီတွင် အေးဂျင့်ရိုင်အိုလာနှင့် ဆွေးနွေးရန် မန်စီးတီးစီစဉ်

မန်စီးတီးဟာလာမယ့်ဇန်နဝါရီလတွင်အာလင်းဟာလန်းအားခေါ်ယူရေးအတွက် ပထမဆုံးလှုပ်ရှားမှုအနေဖြင့်စူပါအေးဂျင့်မီနိုရိုင်အိုလာနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

ဟာလန်းဟာလာမယ့်၂၀၂၄ခုနှစ်၊ဇွန်လတွင်မှစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်အတွင်းတွင် ၂၀၂၂ခုနှစ်၊နွေရာသီမှာပြောင်းရွှေ့ကြေးပေါင်၆၅သန်းဖြင့်ပြောင်းရွှေ့နိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။

အာလင်းဟာလန်းအားခေါ်ယူရန်ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ပီအက်စ်ဂျီ၊မန်ယူ၊ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့ကစိတ်ဝင်စားနေကြပါတယ်။နွေရာသီတုန်းကချဲလ်ဆီးဟာဟာလန်းအားခေါ်ယူရေးအစွမ်းကုန်လုပ်ဆောင်ခဲ့ပေမယ့်မအောင်မြင်မှုနဲ့အတူလူကာကူအားခေါ်ယူခဲ့ရပြီးနော်ဝေတိုက်စစ်မှူးအားခေါ်ယူရေးနောက်ဆုတ်သွားခဲ့ပြီဖြစ်ပါတယ်။

ယခုအခါမန်စီးတီးကလည်းမြို့ခံပြိုင်ဘက်မန်ယူနှင့်အပြိုင်အာလင်းဟာလန်းအားခေါ်ယူရေးကြိုးပမ်းလာပါတယ်။မန်စီးတီးဟာနွေရာသီတုန်းကအဂွဲရိုးနေရာတွင်အစားထိုးရန်ဟယ်ရီကိန်းအားကြိုးပမ်းခဲ့ပေမယ့်စပါးစ်ဥက္ကဌလီဗိုင်းကရောင်းချရန်ငြင်းဆိုမှုကြောင့်ထိပ်တန်းတိုက်စစ်မှူးခေါ်ယူရေးအား လာမယ့်နှစ်နွေရာသီအထိရွှေ့ဆိုင်းခဲ့ရပါတယ်။

ယခုအခါမန်စီးတီးဟာအခြားဥရောပထိပ်သီးများထက်လက်ဦးမှုရယူရေးအတွက် လာမယ့်ဇန်နဝါရီတွင်အာလင်းဟာလန်းရဲ့အေးဂျင့်မီနိုရိုင်အိုလာ၊ဖခင်ဖြစ်သူအယ်ဖရက်ဟာလန်းတို့နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

အာလင်းဟာလန်းရဲ့ဖခင်ဖြစ်သူအယ်ဖရက်ဟာလန်းဟာမန်စီးတီးတွင်သုံးနှစ်ကြာကစားခဲ့ဖူးရာယင်းအချက်ကသူတို့အတွက်အသာစီးရနေစေတယ်လို့မန်စီးတီးကယူဆနေရပါတယ်။

အာလင်းဟာလန်းဟာယခုရာသီမှာဒေါ့မွန်အတွက်၈ပွဲကစားထားရာမှာ၁၁ဂိုးအထိသွင်းယူပြီး၄ကြိမ်ဖန်တီးထားပါတယ်။သူဟာဒေါ့မွန်အတွက်၆၇ပွဲကစားထားရာမှာ၆၈ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။

ZawGyi

ဟာလန္းအား ေခၚယူေရးအတြက္ ဇန္နဝါရီတြင္ ေအးဂ်င့္႐ိုင္အိုလာႏွင့္ ေဆြးေႏြးရန္ မန္စီးတီးစီစဥ္

မန္စီးတီးဟာလာမယ့္ဇန္နဝါရီလတြင္အာလင္းဟာလန္းအားေခၚယူေရးအတြက္ ပထမဆုံးလႈပ္ရွားမႈအေနျဖင့္စူပါေအးဂ်င့္မီႏို႐ိုင္အိုလာႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

ဟာလန္းဟာလာမယ့္၂၀၂၄ခုႏွစ္၊ဇြန္လတြင္မွစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္ စာခ်ဳပ္အတြင္းတြင္ ၂၀၂၂ခုႏွစ္၊ေႏြရာသီမွာေျပာင္းေ႐ႊ႕ေၾကးေပါင္၆၅သန္းျဖင့္ေျပာင္းေ႐ႊ႕ႏိုင္တဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။

အာလင္းဟာလန္းအားေခၚယူရန္ဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ပီအက္စ္ဂ်ီ၊မန္ယူ၊ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာတို႔ကစိတ္ဝင္စားေနၾကပါတယ္။ေႏြရာသီတုန္းကခ်ဲလ္ဆီးဟာဟာလန္းအားေခၚယူေရးအစြမ္းကုန္လုပ္ေဆာင္ခဲ့ေပမယ့္မေအာင္ျမင္မႈနဲ႔အတူလူကာကူအားေခၚယူခဲ့ရၿပီးေနာ္ေဝတိုက္စစ္မႉးအားေခၚယူေရးေနာက္ဆုတ္သြားခဲ့ၿပီျဖစ္ပါတယ္။

ယခုအခါမန္စီးတီးကလည္းၿမိဳ႕ခံၿပိဳင္ဘက္မန္ယူႏွင့္အၿပိဳင္အာလင္းဟာလန္းအားေခၚယူေရးႀကိဳးပမ္းလာပါတယ္။မန္စီးတီးဟာေႏြရာသီတုန္းကအဂြဲ႐ိုးေနရာတြင္အစားထိုးရန္ဟယ္ရီကိန္းအားႀကိဳးပမ္းခဲ့ေပမယ့္စပါးစ္ဥကၠဌလီဗိုင္းကေရာင္းခ်ရန္ျငင္းဆိုမႈေၾကာင့္ထိပ္တန္းတိုက္စစ္မႉးေခၚယူေရးအား လာမယ့္ႏွစ္ေႏြရာသီအထိေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ယခုအခါမန္စီးတီးဟာအျခားဥေရာပထိပ္သီးမ်ားထက္လက္ဦးမႈရယူေရးအတြက္ လာမယ့္ဇန္နဝါရီတြင္အာလင္းဟာလန္းရဲ႕ေအးဂ်င့္မီႏို႐ိုင္အိုလာ၊ဖခင္ျဖစ္သူအယ္ဖရက္ဟာလန္းတို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

အာလင္းဟာလန္းရဲ႕ဖခင္ျဖစ္သူအယ္ဖရက္ဟာလန္းဟာမန္စီးတီးတြင္သုံးႏွစ္ၾကာကစားခဲ့ဖူးရာယင္းအခ်က္ကသူတို႔အတြက္အသာစီးရေနေစတယ္လို႔မန္စီးတီးကယူဆေနရပါတယ္။

အာလင္းဟာလန္းဟာယခုရာသီမွာေဒါ့မြန္အတြက္၈ပြဲကစားထားရာမွာ၁၁ဂိုးအထိသြင္းယူၿပီး၄ႀကိမ္ဖန္တီးထားပါတယ္။သူဟာေဒါ့မြန္အတြက္၆၇ပြဲကစားထားရာမွာ၆၈ဂိုးသြင္းယူထားသူလည္းျဖစ္ပါတယ္။