ဟာလန်းအား မန်စီးတီးသို့ ခေါ်ယူနိုင်ရေးအတွက် မန်စီးတီးဂန္ထဝင်ရှောင်ဂုတ်တားအစွမ်းကုန်ကူညီမည်

မန်စီးတီးဂန္ထဝင်ကစားသမားရှောင်ဂုတ်တားကအာလင်းဟာလန်းအားအီတီဟတ်သို့ရောက်လာအောင်အစွမ်းကုန်ကူညီသွားမည်ဖြစ်ကြောင်းကြုံးဝါးပြောကြားလိုက်ပါတယ်။

မန်စီးတီးပရိသတ်များက Goat လို့ချစ်စနိုးခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ရှောင်ဂုတ်တားဟာအာလင်းဟာလန်းရဲ့ဖခင်ဖြစ်သူအယ်ဖင်ဟာလန်းနှင့်အတူတွဲကစားခဲ့သူဖြစ်ပါတယ်။

ရှောင်ဂုတ်တားက “တကယ်လို့သူတို့ဟာအယ်ဖင်နဲ့စကားပြောဖို့ကျွန်တော့်ကိုလိုအပ်တယ်ဆိုရင်ကျွန်တော့်ဘက်ကလုပ်ပေးနိုင်တာအားလုံးလုပ်ပေးသွားပါမယ်။သူကငယ်ရွယ်တယ်၊ဥရောပဂိုးသွင်းမှတ်တမ်းကလည်းအရမ်းကောင်းတော့လူတိုင်းလိုချင်တဲ့သူဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာသူအလွယ်တကူဘဲအံ့ဝင်ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

အသက်၂၁နှစ်ရှိဟာလန်းဟာလာမယ့်နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပြောင်းရွှေ့ကြေးပေါင်၆၅သန်းမျှဖြင့်ဒေါ့မွန်မှထွက်ခွာနိုင်တဲ့အချက်ကို စာချုပ်အတွင်းထည့်သွင်းချုပ်ဆိုထားသူဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာနွေရာသီတုန်းကစပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုခေါ်ယူရေးမအောင်မြင်ခဲ့ပြီးနောက် အာလင်းဟာလန်းအားခေါ်ယူရေးနံပါတစ်ပစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။ဒါ့အပြင်သူဟာနွေရာသီတုန်းကရော်နယ်ဒိုကိုလည်းမန်ယူသို့လက်လွှတ်ခဲ့ရပါတယ်။

ဟာလန်းဟာပြီးခဲ့တဲ့ရာသီတုန်းကလပ်နှင့်နိုင်ငံအတွက်၅၁ပွဲကစားရာမှာ၄၈ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး၂၀၂၁-၂၂ရာသီတွင်လည်း၈ပွဲကစားထားရာမှာ၁၁ဂိုးသွင်းထားပါတယ်။

ဒါ့အပြင်ရှောင်ဂုတ်တားကလာမယ့်နွေရာသီတွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကိုင်လီယန်ဘက်ပေးမှာလည်းမန်စီးတီးအတွက်သင့်တော်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာမယ်လို့လည်းပြောကြားသွားခဲ့ပါတယ်။

ZawGyi

ဟာလန္းအား မန္စီးတီးသို႔ ေခၚယူႏိုင္ေရးအတြက္ မန္စီးတီးဂႏၴဝင္ေရွာင္ဂုတ္တားအစြမ္းကုန္ကူညီမည္

မန္စီးတီးဂႏၴဝင္ကစားသမားေရွာင္ဂုတ္တားကအာလင္းဟာလန္းအားအီတီဟတ္သို႔ေရာက္လာေအာင္အစြမ္းကုန္ကူညီသြားမည္ျဖစ္ေၾကာင္းႀကဳံးဝါးေျပာၾကားလိုက္ပါတယ္။

မန္စီးတီးပရိသတ္မ်ားက Goat လို႔ခ်စ္စႏိုးေခၚေဝၚျခင္းခံခဲ့ရတဲ့ေရွာင္ဂုတ္တားဟာအာလင္းဟာလန္းရဲ႕ဖခင္ျဖစ္သူအယ္ဖင္ဟာလန္းႏွင့္အတူတြဲကစားခဲ့သူျဖစ္ပါတယ္။

ေရွာင္ဂုတ္တားက “တကယ္လို႔သူတို႔ဟာအယ္ဖင္နဲ႔စကားေျပာဖို႔ကြၽန္ေတာ့္ကိုလိုအပ္တယ္ဆိုရင္ကြၽန္ေတာ့္ဘက္ကလုပ္ေပးႏိုင္တာအားလုံးလုပ္ေပးသြားပါမယ္။သူကငယ္႐ြယ္တယ္၊ဥေရာပဂိုးသြင္းမွတ္တမ္းကလည္းအရမ္းေကာင္းေတာ့လူတိုင္းလိုခ်င္တဲ့သူျဖစ္ပါတယ္။ပရီးမီးယားလိဂ္မွာသူအလြယ္တကူဘဲအံ့ဝင္ပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၁ႏွစ္ရွိဟာလန္းဟာလာမယ့္ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၆၅သန္းမွ်ျဖင့္ေဒါ့မြန္မွထြက္ခြာႏိုင္တဲ့အခ်က္ကို စာခ်ဳပ္အတြင္းထည့္သြင္းခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာေႏြရာသီတုန္းကစပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကိုေခၚယူေရးမေအာင္ျမင္ခဲ့ၿပီးေနာက္ အာလင္းဟာလန္းအားေခၚယူေရးနံပါတစ္ပစ္မွတ္အျဖစ္သတ္မွတ္ထားပါတယ္။ဒါ့အျပင္သူဟာေႏြရာသီတုန္းကေရာ္နယ္ဒိုကိုလည္းမန္ယူသို႔လက္လႊတ္ခဲ့ရပါတယ္။

ဟာလန္းဟာၿပီးခဲ့တဲ့ရာသီတုန္းကလပ္ႏွင့္ႏိုင္ငံအတြက္၅၁ပြဲကစားရာမွာ၄၈ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး၂၀၂၁-၂၂ရာသီတြင္လည္း၈ပြဲကစားထားရာမွာ၁၁ဂိုးသြင္းထားပါတယ္။

ဒါ့အျပင္ေရွာင္ဂုတ္တားကလာမယ့္ေႏြရာသီတြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ကိုင္လီယန္ဘက္ေပးမွာလည္းမန္စီးတီးအတြက္သင့္ေတာ္တဲ့ေခၚယူမႈတစ္ခုျဖစ္လာမယ္လို႔လည္းေျပာၾကားသြားခဲ့ပါတယ္။