ဟာလန်းအား ရောင်းချရန် ငွေကြေးဖိအား မရှိကြောင်း ဒေါ့မွန်စီအီးအိုပြောကြား

ဒေါ့မွန်စီအီးအိုဟန်ဂျိုးအာချင်ဝတ်ဇ်ကီက၎င်းတို့တွင်အာလင်းဟာလန်းအားလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ရောင်းချရန်ငွေကြေးဖိအားတစ်စုံတစ်ရာမရှိကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၁နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်ကြတဲ့ မန်စီးတီး၊မန်ယူ၊လီဗာပူးအပါအဝင်ဥရောပထိပ်သီးကလပ်အမြောက်အမြားတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပါတယ်။

ဟာလန်းဟာယခုရာသီမှာဒေါ့မွန်အသင်းအတွက်၈ပွဲကစားထားရာမှာ၁၁ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

ဂျာမန်မီဒီယာများရဲ့ဖော်ပြချက်အရဒေါ့မွန်ဟာရင်းနှီးမြှပ်နှံသူများကိုငွေကြေးပေးအပ်ရန်ငွေလိုအပ်နေမှုကြောင့်အသင်းကိုစတော့အိတ်ချိန်းတွင်ဝင်ရောက်ထားပါတယ်။

ဒါပေမယ့်ဝတ်ဇ်ကီက “နွေရာသီမှာသူ့ကိုရောင်းရမလားဆိုတာကိုတောင်ကျွန်တော်တို့မဆုံးဖြတ်ရသေးပါဘူး။ကျွန်တော်တို့စဉ်းစားနေတုန်းပါ။စကော့အိတ်ချိန်းမှာစာရင်းတင်ထားလို့ဟာလန်းကိုရောင်းရတော့မယ်လို့တစ်ချို့တွေပြောနေကြတာကြားပါတယ်။စကော့အိတ်ချိန်းမှာအရောင်းစာရင်းမှာတင်လိုက်တယ်ဆိုတာစီမံခန့်ခွဲရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကြောင့်ပါ”လို့ပြောကြားသွားခဲ့ပါတယ်။

အာလင်းဟာလန်းဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာပြောင်းရွှေ့ကြေးပေါင်၆၄သန်းမှပေါင်၈၆သန်းအတွင်းကြေးဖြင့်ထွက်ခွာနိုင်အချက်ကိုစာချုပ်အတွင်းမှာချုပ်ဆိုထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကထွက်ပေါ်ခဲ့တဲ့သတင်းများအရသူ့ကိုပေါင်၇၇သန်းဖြင့်ခေါ်ယူနိုင်မယ်လို့သိရပါတယ်။

ZawGyi

ဟာလန္းအား ေရာင္းခ်ရန္ ေငြေၾကးဖိအား မရွိေၾကာင္း ေဒါ့မြန္စီအီးအိုေျပာၾကား

ေဒါ့မြန္စီအီးအိုဟန္ဂ်ိဳးအာခ်င္ဝတ္ဇ္ကီက၎တို႔တြင္အာလင္းဟာလန္းအားလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေရာင္းခ်ရန္ေငြေၾကးဖိအားတစ္စုံတစ္ရာမရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၂၁ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာပရီးမီးယားလိဂ္ထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ မန္စီးတီး၊မန္ယူ၊လီဗာပူးအပါအဝင္ဥေရာပထိပ္သီးကလပ္အေျမာက္အျမားတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရသူျဖစ္ပါတယ္။

ဟာလန္းဟာယခုရာသီမွာေဒါ့မြန္အသင္းအတြက္၈ပြဲကစားထားရာမွာ၁၁ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

ဂ်ာမန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရေဒါ့မြန္ဟာရင္းႏွီးျမႇပ္ႏွံသူမ်ားကိုေငြေၾကးေပးအပ္ရန္ေငြလိုအပ္ေနမႈေၾကာင့္အသင္းကိုစေတာ့အိတ္ခ်ိန္းတြင္ဝင္ေရာက္ထားပါတယ္။

ဒါေပမယ့္ဝတ္ဇ္ကီက “ေႏြရာသီမွာသူ႔ကိုေရာင္းရမလားဆိုတာကိုေတာင္ကြၽန္ေတာ္တို႔မဆုံးျဖတ္ရေသးပါဘူး။ကြၽန္ေတာ္တို႔စဥ္းစားေနတုန္းပါ။စေကာ့အိတ္ခ်ိန္းမွာစာရင္းတင္ထားလို႔ဟာလန္းကိုေရာင္းရေတာ့မယ္လို႔တစ္ခ်ိဳ႕ေတြေျပာေနၾကတာၾကားပါတယ္။စေကာ့အိတ္ခ်ိန္းမွာအေရာင္းစာရင္းမွာတင္လိုက္တယ္ဆိုတာစီမံခန႔္ခြဲေရးအဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ပါ”လို႔ေျပာၾကားသြားခဲ့ပါတယ္။

အာလင္းဟာလန္းဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေျပာင္းေ႐ႊ႕ေၾကးေပါင္၆၄သန္းမွေပါင္၈၆သန္းအတြင္းေၾကးျဖင့္ထြက္ခြာႏိုင္အခ်က္ကိုစာခ်ဳပ္အတြင္းမွာခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။ၿပီးခဲ့တဲ့အပတ္တုန္းကထြက္ေပၚခဲ့တဲ့သတင္းမ်ားအရသူ႔ကိုေပါင္၇၇သန္းျဖင့္ေခၚယူႏိုင္မယ္လို႔သိရပါတယ္။