ဟာလန်းအား ရောင်းချရမယ့် စာချုပ်ပါအချက်ပမာဏကို မြှင့်တင်လိုက်တဲ့ ဒေါ့မွန်

အာလင်းဟာလန်းရဲ့ရောင်းချရမယ့်စာချုပ်ပါအချက်ပမာဏဟာလာမယ့်ရာသီမှာမြင့်တက်လာခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ဟာလန်းကိုဥရောပထိပ်သီးများဖြစ်ကြတဲ့ချဲလ်ဆီး၊မန်ယူ၊ဘိုင်ယန်မြူးနစ်၊လီဗာပူး၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်တို့ကစိတ်ဝင်စားနေကြပါတယ်။

ချဲလ်ဆီးဟာယခုနွေရာသီအပြောင်းအရွှေ့တွင်ဟာလန်းကိုခေါ်ယူရန်အသည်းအသန်ကြိုးပမ်းခဲ့ပြီး နောက်ဆုံးတွင်တိုက်စစ်မှူးဟောင်းလူကာကူကိုပေါင်၉၇.၅သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။

ဒေါ့မွန်ကဟာလန်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အထိတောင်းဆိုမှုနဲ့အတူချဲလ်ဆီးဟာလူကာကူကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။

ယခုနွေတွင်ဒေါ့မွန်ဘက်ကဟာလန်းအတွက်ပေါင်သန်း၁၅၀အထိတောင်းဆိုနေပေမယ့်လည်းလာမယ့်နှစ်မှာတော့ပမာဏလျှော့နည်းစွာရရှိလာပါမယ်။

အစောပိုင်းတုန်းကဟာလန်းရဲ့စာချုပ်အတွင်းတွင်၂၀၂၂ခုနှစ်တွင်သူ့ကိုယူရိုသန်း၇၀ဖြင့်ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမယ့်ဒေါ့မွန်နှင့်ဟာလန်းရဲ့ဖခင်၊အေးဂျင့်ဂျော့မန်ဒက်စ်တို့ဟာ၂၀၂၂ခုနှစ်မှ၂၀၂၄ခုနှစ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါကပေးရမယ့်ပြောင်းရွှေ့ကြေးပမာဏကိုမြှင့်တင်လိုက်ပြီဖြစ်ပါတယ်။

ဟာလန်းရဲ့စာချုပ်ပါအချက်ကိုပြင်ဆင်လိုက်မှုအရသူ့ကိုခေါ်ယူလိုတဲ့ကလပ်ဟာအနည်းဆုံးယူရို၇၅သန်းပေးရမှာဖြစ်ပြီးကစားသမားရဲ့အောင်မြင်မှု၊ကလပ်ရဲ့အောင်မြင်မှုအပေါ်မှုတည်ကာယူရိုသန်း၉၀အထိမြင့်မားလာတော့မှာဖြစ်ပါတယ်။ဒါ့အပြင်ပြင်ဆင်ချုပ်ဆိုလိုက်တဲ့အချက်ကလည်း၂၀၂၂ခုနှစ်နွေရာသီမှ၂၀၂၄ခုနှစ်နွေရာသီအထိအကျုံးဝင်လာပါမယ်။

ဒေါ့မွန်ဟာယင်းသို့စာချုပ်ကိုပြင်ဆင်ချုပ်ဆိုလိုက်မှုနဲ့အတူဟာလန်းအားရောင်းချမှုမှအမြတ်များစွာရရှိလာတော့မှာဖြစ်ပါတယ်။ဒေါ့မွန်ဟာနော်ဝေတိုက်စစ်မှူးကိုဆဲလ်ဘတ်မှခေါ်ယူတုန်းကယူရိုသန်း၂၀သာအသုံးပြုခဲ့ရတာဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိတိုက်စစ်မှူးဟာဒေါ့မွန်အတွက်စုစုပေါင်း၆၁ပွဲကစားထားရာမှာ၆၂ဂိုးအထိသွင်းယူထားနိုင်ပါတယ်။သူဟာယခုရာသီတွင်လည်းအကောင်းဆုံးပုံစံဆက်လက်ရရှိနေပြီး၃ပွဲကစားရာမှာ၅ဂိုးသွင်းကာ၃ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

ဟာလန္းအား ေရာင္းခ်ရမယ့္ စာခ်ဳပ္ပါအခ်က္ပမာဏကို ျမႇင့္တင္လိုက္တဲ့ ေဒါ့မြန္

အာလင္းဟာလန္းရဲ႕ေရာင္းခ်ရမယ့္စာခ်ဳပ္ပါအခ်က္ပမာဏဟာလာမယ့္ရာသီမွာျမင့္တက္လာခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရတဲ့ဟာလန္းကိုဥေရာပထိပ္သီးမ်ားျဖစ္ၾကတဲ့ခ်ဲလ္ဆီး၊မန္ယူ၊ဘိုင္ယန္ျမဴးနစ္၊လီဗာပူး၊ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္တို႔ကစိတ္ဝင္စားေနၾကပါတယ္။

ခ်ဲလ္ဆီးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ဟာလန္းကိုေခၚယူရန္အသည္းအသန္ႀကိဳးပမ္းခဲ့ၿပီး ေနာက္ဆုံးတြင္တိုက္စစ္မႉးေဟာင္းလူကာကူကိုေပါင္၉၇.၅သန္းျဖင့္ေခၚယူခဲ့ပါတယ္။

ေဒါ့မြန္ကဟာလန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀အထိေတာင္းဆိုမႈနဲ႔အတူခ်ဲလ္ဆီးဟာလူကာကူကိုေခၚယူလိုက္တာျဖစ္ပါတယ္။

ယခုေႏြတြင္ေဒါ့မြန္ဘက္ကဟာလန္းအတြက္ေပါင္သန္း၁၅၀အထိေတာင္းဆိုေနေပမယ့္လည္းလာမယ့္ႏွစ္မွာေတာ့ပမာဏေလွ်ာ့နည္းစြာရရွိလာပါမယ္။

အေစာပိုင္းတုန္းကဟာလန္းရဲ႕စာခ်ဳပ္အတြင္းတြင္၂၀၂၂ခုႏွစ္တြင္သူ႔ကိုယူ႐ိုသန္း၇၀ျဖင့္ေခၚယူႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဒါေပမယ့္ေဒါ့မြန္ႏွင့္ဟာလန္းရဲ႕ဖခင္၊ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္တို႔ဟာ၂၀၂၂ခုႏွစ္မွ၂၀၂၄ခုႏွစ္အတြင္းတြင္သူ႔ကိုေခၚယူလိုပါကေပးရမယ့္ေျပာင္းေ႐ႊ႕ေၾကးပမာဏကိုျမႇင့္တင္လိုက္ၿပီျဖစ္ပါတယ္။

ဟာလန္းရဲ႕စာခ်ဳပ္ပါအခ်က္ကိုျပင္ဆင္လိုက္မႈအရသူ႔ကိုေခၚယူလိုတဲ့ကလပ္ဟာအနည္းဆုံးယူ႐ို၇၅သန္းေပးရမွာျဖစ္ၿပီးကစားသမားရဲ႕ေအာင္ျမင္မႈ၊ကလပ္ရဲ႕ေအာင္ျမင္မႈအေပၚမႈတည္ကာယူ႐ိုသန္း၉၀အထိျမင့္မားလာေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္ျပင္ဆင္ခ်ဳပ္ဆိုလိုက္တဲ့အခ်က္ကလည္း၂၀၂၂ခုႏွစ္ေႏြရာသီမွ၂၀၂၄ခုႏွစ္ေႏြရာသီအထိအက်ဳံးဝင္လာပါမယ္။

ေဒါ့မြန္ဟာယင္းသို႔စာခ်ဳပ္ကိုျပင္ဆင္ခ်ဳပ္ဆိုလိုက္မႈနဲ႔အတူဟာလန္းအားေရာင္းခ်မႈမွအျမတ္မ်ားစြာရရွိလာေတာ့မွာျဖစ္ပါတယ္။ေဒါ့မြန္ဟာေနာ္ေဝတိုက္စစ္မႉးကိုဆဲလ္ဘတ္မွေခၚယူတုန္းကယူ႐ိုသန္း၂၀သာအသုံးျပဳခဲ့ရတာျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိတိုက္စစ္မႉးဟာေဒါ့မြန္အတြက္စုစုေပါင္း၆၁ပြဲကစားထားရာမွာ၆၂ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။သူဟာယခုရာသီတြင္လည္းအေကာင္းဆုံးပုံစံဆက္လက္ရရွိေနၿပီး၃ပြဲကစားရာမွာ၅ဂိုးသြင္းကာ၃ႀကိမ္ဖန္တီးထားပါတယ္။