ဟာလန်းအား အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်ပေးနိုင်ပါက အပိုဆုကြေး ပေါင် ၈ သန်းရရှိလာမယ့် ရန်နစ်ခ်

ရေးဖ်ရန်နစ်ခ်ဟာဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်ပေးနိုင်ပါကအပိုဆုကြေးပေါင်၈သန်းရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီကတည်းကယူနိုက်တက်ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်ပြီးယူနိုက်တက်ကိုငြင်းပယ်ကာဒေါ့မွန်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်။

ဟာလန်းဟာဒေါ့မွန်သို့ရောက်လာပြီးနောက်ပွဲ၇၀ကစားထားရာမှာ၇၁ဂိုးအထိသွင်းယူထားနိုင်ပြီးသူ့ကိုရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊မန်စီးတီး၊ဘိုင်ယန်မြူးနစ်နှင့်ယူနိုက်တက်တို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ယာယီနည်းပြဖြစ်လာတဲ့ရန်နစ်ခ်ဟာဆဲလ်ဘတ်နှင့်လိုက်ဇစ်တို့ရဲ့ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Bild ရဲ့ဖော်ပြချက်အရယူနိုက်တက်ရဲ့ရန်နစ်ခ်အားခန့်အပ်ရတဲ့အဓိကအကြောင်းရင်းများတွင်ဟာလန်းရဲ့အေးဂျင့်များဖြစ်တဲ့ဖခင်ဖြစ်သူအယ်ဖင်းဟာလန်း၊အေးဂျင့်မီနိုရိုင်အိုလာတို့နဲ့ခိုင်မာတဲ့ရင်းနှီးမှုရှိခြင်းကြောင့်လည်းသိရပါတယ်။

ရန်နစ်ခ် လိုက်ဇစ်တွင်တာဝန်ယူတုန်းကဟာလန်းမှာဆဲလ်ဘတ်တွင်ကစားနေပါတယ်။သူဟာအယ်ဖင်း၊မီနိုရိုင်အိုလာတို့နှင့်အကြိမ်ကြိမ်ဆွေးနွေးကာဟာလန်းကိုလိုက်ဇစ်သို့ခေါ်ဆောင်ကြိုးပမ်းခဲ့ပါတယ်။

သူ့ရဲ့အစွမ်းကုန်ကြိုးပမ်းမှုကမအောင်မြင်ခဲ့ပေမယ့်ဟာလန်းနှင့်အပေါင်းပါတို့ရဲ့အထင်ကြီးလေးစားမှုရရှိခဲ့ပါတယ်။

ရန်နစ်ခ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဟာလန်းကို အိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်နိုင်ပါကအပိုဆုကြေးပေါင်၈သန်းရရှိလာမယ်လို့သိရပါတယ်။ဟာလန်းရဲ့ဒေါ့မွန်နှင့်စာချုပ်တွင်၂၀၂၂ခုနှစ်တွင်နွေရာသီတွင်ပြောင်းရွှေ့ကြေးပေါင်၆၄သန်းဖြင့်ထွက်ခွာနိုင်မယ့်အချက်ပါဝင်ပါတယ်။

ရန်နစ်ခ်ဟာယူနိုက်တက်ယာယီနည်းပြရာထူးအတွက်တစ်နှစ်လုပ်ခပေါင်၈သန်းအထိရရှိလာပါမယ်။သူဟာယခင်ကလပ်လိုကိုမိုးတစ်တွင်အားကစားနှင့်ဖွံ့ဖြိုးရေးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်စဉ်ကပေါင်၃.၈သန်းသာရရှိခဲ့ရာယူနိုက်တက်တွင်လုပ်ခနှစ်ဆကျော်အထိရရှိလာပါမယ်။

ZawGyi

ဟာလန္းအား အိုးထရက္ဖို႔ဒ္သို႔ ေခၚေဆာင္ေပးႏိုင္ပါက အပိုဆုေၾကး ေပါင္ ၈ သန္းရရွိလာမယ့္ ရန္နစ္ခ္

ေရးဖ္ရန္နစ္ခ္ဟာေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းကိုအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ေပးႏိုင္ပါကအပိုဆုေၾကးေပါင္၈သန္းရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီကတည္းကယူႏိုက္တက္ရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရသူျဖစ္ၿပီးယူႏိုက္တက္ကိုျငင္းပယ္ကာေဒါ့မြန္ကိုေ႐ြးခ်ယ္ခဲ့သူျဖစ္ပါတယ္။

ဟာလန္းဟာေဒါ့မြန္သို႔ေရာက္လာၿပီးေနာက္ပြဲ၇၀ကစားထားရာမွာ၇၁ဂိုးအထိသြင္းယူထားႏိုင္ၿပီးသူ႔ကိုရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊မန္စီးတီး၊ဘိုင္ယန္ျမဴးနစ္ႏွင့္ယူႏိုက္တက္တို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ယူႏိုက္တက္ယာယီနည္းျပျဖစ္လာတဲ့ရန္နစ္ခ္ဟာဆဲလ္ဘတ္ႏွင့္လိုက္ဇစ္တို႔ရဲ႕ေဘာလုံးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

Bild ရဲ႕ေဖာ္ျပခ်က္အရယူႏိုက္တက္ရဲ႕ရန္နစ္ခ္အားခန႔္အပ္ရတဲ့အဓိကအေၾကာင္းရင္းမ်ားတြင္ဟာလန္းရဲ႕ေအးဂ်င့္မ်ားျဖစ္တဲ့ဖခင္ျဖစ္သူအယ္ဖင္းဟာလန္း၊ေအးဂ်င့္မီႏို႐ိုင္အိုလာတို႔နဲ႔ခိုင္မာတဲ့ရင္းႏွီးမႈရွိျခင္းေၾကာင့္လည္းသိရပါတယ္။

ရန္နစ္ခ္ လိုက္ဇစ္တြင္တာဝန္ယူတုန္းကဟာလန္းမွာဆဲလ္ဘတ္တြင္ကစားေနပါတယ္။သူဟာအယ္ဖင္း၊မီႏို႐ိုင္အိုလာတို႔ႏွင့္အႀကိမ္ႀကိမ္ေဆြးေႏြးကာဟာလန္းကိုလိုက္ဇစ္သို႔ေခၚေဆာင္ႀကိဳးပမ္းခဲ့ပါတယ္။

သူ႔ရဲ႕အစြမ္းကုန္ႀကိဳးပမ္းမႈကမေအာင္ျမင္ခဲ့ေပမယ့္ဟာလန္းႏွင့္အေပါင္းပါတို႔ရဲ႕အထင္ႀကီးေလးစားမႈရရွိခဲ့ပါတယ္။

ရန္နစ္ခ္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဟာလန္းကို အိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ႏိုင္ပါကအပိုဆုေၾကးေပါင္၈သန္းရရွိလာမယ္လို႔သိရပါတယ္။ဟာလန္းရဲ႕ေဒါ့မြန္ႏွင့္စာခ်ဳပ္တြင္၂၀၂၂ခုႏွစ္တြင္ေႏြရာသီတြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၆၄သန္းျဖင့္ထြက္ခြာႏိုင္မယ့္အခ်က္ပါဝင္ပါတယ္။

ရန္နစ္ခ္ဟာယူႏိုက္တက္ယာယီနည္းျပရာထူးအတြက္တစ္ႏွစ္လုပ္ခေပါင္၈သန္းအထိရရွိလာပါမယ္။သူဟာယခင္ကလပ္လိုကိုမိုးတစ္တြင္အားကစားႏွင့္ဖြံ႕ၿဖိဳးေရးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္စဥ္ကေပါင္၃.၈သန္းသာရရွိခဲ့ရာယူႏိုက္တက္တြင္လုပ္ခႏွစ္ဆေက်ာ္အထိရရွိလာပါမယ္။