ဟာလန်း ခေါ်ယူဖို့ မန်စီးတီး(သို့)မန်ယူ ဘယ်လောက်ကုန်ကျမယ်ဆိုတာ ဘောလုံးအေးဂျင့်ဖွင့်ဟလာ

မန်ချက်စတာယူနိုက်တက်(သို့မဟုတ်)မန်စီးတီးအနေဖြင့် ဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကိုခေါ်ယူလိုပါကငွေကြေးအမြောက်အမြားအသုံးပြုရကိန်းဆိုက်နေပါတယ်။

ဘောလုံးအေးဂျင့်တစ်ဦးဖြစ်တဲ့ဗိုလ်ကာစထရုကယူနိုက်တက်နှင့်စီးတီးအနေဖြင့်အပြောင်းအရွှေ့ဖြစ်လာရန်ကုန်ကျလာမယ့်စုစုပေါင်းစရိတ်ကိုဖွင့်ဟပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။

ဟာလန်းရဲ့လက်ရှိဥရောပဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်ပြီးဥရောပထိပ်သီးကလပ်များရဲ့ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိနော်ဝေတိုက်စစ်မှူးကိုမန်ယူနှင့်မန်စီးတီးအပြင်ချဲလ်ဆီး၊ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်နှင့်ဂျူဗင်တပ်တို့ကလည်းပစ်မှတ်ထားနေပါတယ်။

ဟာလန်းရဲ့စာချုပ်အတွင်းတွင်၂၀၂၂ခုနှစ်နွေရာသီတွင်ပေါင်၆၈သန်းဖြင့်ခေါ်ယူနိုင်မယ့်အချက်ပါဝင်နေရာနွေရာသီတွင်ဥရောပထိပ်သီးကလပ်တစ်ခုသို့ပြောင်းရန်သေချာသလောက်ရှိနေပါတယ်။

တိုနီခရူးစ်နှင့်တီမိုဝါနာတို့ရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့စထရုက “ဟာလန်းရဲ့စာချုပ်မှာထွက်ခွာနိုင်တဲ့အချက်ပါဝင်ပါတယ်။ငါးနှစ်စာချုပ်နဲ့အေးဂျင့်အတွက်ကော်မရှင်ခပါအပါအဝင်ဆိုရင်စုစုပေါင်းယူရိုသန်း၂၅၀ကနေ သန်း၃၀၀အထိကုန်ကျပါလိမ့်မယ်။ဆယ်ရာခိုင်နှုန်းပိုများ၊ပိုနည်းဆိုတာကတော့သူ့ဆုံးဖြတ်ချက်အပေါ်မှာဘဲမူတည်ပါတယ်။သူကဆုဖလားတွေရယူလိုနေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဟာလန္း ေခၚယူဖို႔ မန္စီးတီး(သို႔)မန္ယူ ဘယ္ေလာက္ကုန္က်မယ္ဆိုတာ ေဘာလုံးေအးဂ်င့္ဖြင့္ဟလာ

မန္ခ်က္စတာယူႏိုက္တက္(သို႔မဟုတ္)မန္စီးတီးအေနျဖင့္ ေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းကိုေခၚယူလိုပါကေငြေၾကးအေျမာက္အျမားအသုံးျပဳရကိန္းဆိုက္ေနပါတယ္။

ေဘာလုံးေအးဂ်င့္တစ္ဦးျဖစ္တဲ့ဗိုလ္ကာစထ႐ုကယူႏိုက္တက္ႏွင့္စီးတီးအေနျဖင့္အေျပာင္းအေ႐ႊ႕ျဖစ္လာရန္ကုန္က်လာမယ့္စုစုေပါင္းစရိတ္ကိုဖြင့္ဟေျပာၾကားလာခဲ့တာလည္းျဖစ္ပါတယ္။

ဟာလန္းရဲ႕လက္ရွိဥေရာပေဘာလုံးေလာကရဲ႕အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးျဖစ္ၿပီးဥေရာပထိပ္သီးကလပ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံေနရသူလည္းျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးကိုမန္ယူႏွင့္မန္စီးတီးအျပင္ခ်ဲလ္ဆီး၊ရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္ႏွင့္ဂ်ဴဗင္တပ္တို႔ကလည္းပစ္မွတ္ထားေနပါတယ္။

ဟာလန္းရဲ႕စာခ်ဳပ္အတြင္းတြင္၂၀၂၂ခုႏွစ္ေႏြရာသီတြင္ေပါင္၆၈သန္းျဖင့္ေခၚယူႏိုင္မယ့္အခ်က္ပါဝင္ေနရာေႏြရာသီတြင္ဥေရာပထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းရန္ေသခ်ာသေလာက္ရွိေနပါတယ္။

တိုနီခ႐ူးစ္ႏွင့္တီမိုဝါနာတို႔ရဲ႕ေအးဂ်င့္အျဖစ္ေဆာင္႐ြက္ေနတဲ့စထ႐ုက “ဟာလန္းရဲ႕စာခ်ဳပ္မွာထြက္ခြာႏိုင္တဲ့အခ်က္ပါဝင္ပါတယ္။ငါးႏွစ္စာခ်ဳပ္နဲ႔ေအးဂ်င့္အတြက္ေကာ္မရွင္ခပါအပါအဝင္ဆိုရင္စုစုေပါင္းယူ႐ိုသန္း၂၅၀ကေန သန္း၃၀၀အထိကုန္က်ပါလိမ့္မယ္။ဆယ္ရာခိုင္ႏႈန္းပိုမ်ား၊ပိုနည္းဆိုတာကေတာ့သူ႔ဆုံးျဖတ္ခ်က္အေပၚမွာဘဲမူတည္ပါတယ္။သူကဆုဖလားေတြရယူလိုေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။