ဟာသလေးတစ်ခုကြောင့် အီတလီဆဌမတန်းအသင်းတစ်ခုအတွက် ကစားပေးသွားမယ့် စပိန်လက်ရွေးစင်ဟောင်း

ဘော်ဂျာဗာလဲရိုဟာပြီးခဲ့တဲ့ဇွန်လတုန်းကကစားသမားဘဝမှအနားယူကြောင်းကြေညာခဲ့ပေမယ့်လည်းဖလော့ရင့်မှာဘဲဆက်ရှိနေပါတယ်။ဟုတ်ပါတယ်။ဗာလဲရိုဟာအီတလီဆဌမတန်းကလပ်တစ်ခုနှင့်စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

ကစားသမားဘဝအတွင်းမှာဗီလာရီးရဲလ်၊အင်တာမီလန်၊ဝက်စ်ဘရွန်းစတဲ့ကလပ်များမှာကစားခဲ့တဲ့ဗာလဲရိုဟာဖီအိုရင်တီးနားမှာသူ့ကစားသမားဘဝအဆုံးသတ်သွားပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဒါပေမယ့်ဂျာနယ်လစ်တစ်ဦးကစပိန်လက်ရွေးစင်ကစားသမားဟောင်းကို အီတလီဆဌမတန်းကလပ်စင်ထရိုစတိုရီကိုလီဘောစကီးအတွက်ကစားမယ့်ဆိုရင်ယင်းအသင်းအင်္ကျီနဲ့ဗီဒီယိုတစ်ခုကိုဟာသလုပ်ပြီးဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်။

ယင်းဗီဒီယိုဟာဗာလဲရိုဆီသို့ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့တကယ်ဘဲယင်းကလပ်အတွက်ကစားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ယင်းသတင်းစထွက်တုန်းကအီတလီဆဌမတန်းကလပ်ကဗာလဲရိုကိုခေါ်ယူဖို့စိတ်မဝင်စားကြောင်းဟာသလုပ်ကာကြေညာချက်ထုတ်ခဲ့ပါသေးတယ်။

ဒါပေမယ့်ယခုအခါမှာတော့ဗာလဲရိုဟာယင်းကလပ်အတွက်ကစားပေးသွားတော့မှာဖြစ်ပါတယ်။

ဟာသလေးတစ်ခုကြောင့်ဗာလဲရိုရဲ့အီတလီဆဌမတန်းကလပ်အတွက်ကစားဖို့ဆုံးဖြတ်လိုက်မှုကတကယ်ပဲချစ်စရာကောင်းနေပါတယ်။ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ယင်းအီတလီအပျော်တမ်းကလပ်ကပရိသတ်ပိုင်အသင်းတစ်သင်းဖြစ်နေတာပါ။

အသက်၃၆နှစ်ရှိကွင်းလယ်ကစားသမားဟာရီးရဲလ်မက်ဒရစ်တွင်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီးစပိန်လက်ရွေးစင်အသင်းအတွက်တစ်ပွဲကစားခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ဟာသေလးတစ္ခုေၾကာင့္ အီတလီဆဌမတန္းအသင္းတစ္ခုအတြက္ ကစားေပးသြားမယ့္ စပိန္လက္ေ႐ြးစင္ေဟာင္း

ေဘာ္ဂ်ာဗာလဲ႐ိုဟာၿပီးခဲ့တဲ့ဇြန္လတုန္းကကစားသမားဘဝမွအနားယူေၾကာင္းေၾကညာခဲ့ေပမယ့္လည္းဖေလာ့ရင့္မွာဘဲဆက္ရွိေနပါတယ္။ဟုတ္ပါတယ္။ဗာလဲ႐ိုဟာအီတလီဆဌမတန္းကလပ္တစ္ခုႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာျဖစ္ပါတယ္။

ကစားသမားဘဝအတြင္းမွာဗီလာရီးရဲလ္၊အင္တာမီလန္၊ဝက္စ္ဘ႐ြန္းစတဲ့ကလပ္မ်ားမွာကစားခဲ့တဲ့ဗာလဲ႐ိုဟာဖီအိုရင္တီးနားမွာသူ႔ကစားသမားဘဝအဆုံးသတ္သြားၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ဂ်ာနယ္လစ္တစ္ဦးကစပိန္လက္ေ႐ြးစင္ကစားသမားေဟာင္းကို အီတလီဆဌမတန္းကလပ္စင္ထ႐ိုစတိုရီကိုလီေဘာစကီးအတြက္ကစားမယ့္ဆိုရင္ယင္းအသင္းအက်ႌနဲ႔ဗီဒီယိုတစ္ခုကိုဟာသလုပ္ၿပီးဆိုရွယ္မီဒီယာမွာတင္ခဲ့ပါတယ္။

ယင္းဗီဒီယိုဟာဗာလဲ႐ိုဆီသို႔ေရာက္သြားခဲ့ၿပီးတဲ့ေနာက္မွာေတာ့တကယ္ဘဲယင္းကလပ္အတြက္ကစားဖို႔ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

ယင္းသတင္းစထြက္တုန္းကအီတလီဆဌမတန္းကလပ္ကဗာလဲ႐ိုကိုေခၚယူဖို႔စိတ္မဝင္စားေၾကာင္းဟာသလုပ္ကာေၾကညာခ်က္ထုတ္ခဲ့ပါေသးတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ဗာလဲ႐ိုဟာယင္းကလပ္အတြက္ကစားေပးသြားေတာ့မွာျဖစ္ပါတယ္။

ဟာသေလးတစ္ခုေၾကာင့္ဗာလဲ႐ိုရဲ႕အီတလီဆဌမတန္းကလပ္အတြက္ကစားဖို႔ဆုံးျဖတ္လိုက္မႈကတကယ္ပဲခ်စ္စရာေကာင္းေနပါတယ္။ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ယင္းအီတလီအေပ်ာ္တမ္းကလပ္ကပရိသတ္ပိုင္အသင္းတစ္သင္းျဖစ္ေနတာပါ။

အသက္၃၆ႏွစ္ရွိကြင္းလယ္ကစားသမားဟာရီးရဲလ္မက္ဒရစ္တြင္ကစားသမားဘဝစတင္ခဲ့သူျဖစ္ၿပီးစပိန္လက္ေ႐ြးစင္အသင္းအတြက္တစ္ပြဲကစားခြင့္ရရွိခဲ့သူလည္းျဖစ္ပါတယ္။