ဟာသာဘာလင်သို့ ဂျူဗင်တပ်ကွင်းလယ်လူဆာမီခီဒီယာ ပြောင်းရွှေ့

ဂျူဗင်တပ်ကွင်းလယ်ကစားသမားဆာမီခီဒီယာဟာဘွန်ဒက်စ်လီဂါကလပ်ဟာသာဘာလင်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်။အသက်၃၄နှစ်ရှိခီဒီယာဟာဂျူဗင်တပ်တွင်ငါးရာသီခွဲကစားစဉ်အတွင်းစကူဒက်တိုဖလားငါးကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ယခုရာသီတွင်ခီဒီယာဟာနည်းပြပီယာလိုရဲ့လက်အောက်မှာပွဲကစားခွင့်မရရှိခဲ့ပါဘူး။ယခုအခါမှာတော့သူဟာ၁၁နှစ်ကြာဝေးကွာလာခဲ့တဲ့ဘွန်ဒက်စ်လီဂါသို့ပြန်လည်ခြေချလာခဲ့ပြီဖြစ်ပါတယ်။

ခီဒီယာဟာ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလတုန်းကနှလုံးခုန်မှန်တဲ့ပြဿနာကြုံခဲ့ရပြီးဆေးကုသမှုခံယူခဲ့ရဖူးပါတယ်။ဒါပေမယ့်သူဟာပြန်လည်ကျန်းမာလာပြီးလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။

ဟာသာဘာလင်ဟာခီဒီယာရဲ့စာချုပ်အချက်အလက်များကိုကြေညာသွားခဲ့ခြင်းမရှိပါဘူး။ခီဒီယာဟာဂျာမနီနှင့်အတူ၂၀၁၄ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင်ရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi




