ဟားလ်စီးတီးရဲ့ဂိုးပေါက်ကျယ်နေမှုကြောင့် ဖြတ်ပစ်ခဲ့ရကာ ဘာမင်ဂမ်နှင့်ပွဲကို ရွှေ့ဆိုင်းခဲ့ရ

တနင်္ဂနွေနေ့ညတုန်းကဟားလ်စီးတီးနှင့်ဘာမင်ဂမ်စီးတီးတို့ရဲ့ချန်ပီယံရှစ်ပွဲစဉ်မှာရယ်စာအဖြစ်အပျက်တစ်ခုကြောင့်ပွဲကိုရွှေ့ဆိုင်းခဲ့ရပါတယ်။MKM Stadium မှာကစားတဲ့ယင်းပွဲကိုဂိုးပေါက်မှာအလွန်ကြီးနေမှုကိုရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ယင်းပွဲကိုဒေသစံတော်ချိန် ညနေ ၃နာရီတွင်ကစားရန်စီစဉ်ထားပေမဲ့လည်း ပွဲကြီးကြပ်သူများကဂိုးပေါက်များကိုတိုင်းထွာစစ်ဆေးမှုပြုလုပ်ချိန်တွင်ဂိုးပေါက်အရွယ်အစားမှားယွင်းနေကြောင်းသိလိုက်ရပါတယ်။

Football Daily ရဲ့ဖော်ပြချက်အရဂိုးပေါက်မှာ၂လက်မပိုရှည်နေကြောင်း သိရပါတယ်။ဒါကြောင့်လည်းဂိုးပေါက်ကိုဖြတ်ပြီးလျှော့ချမှုပြုလုပ်ရန်အတွက်အချိန်ယူခဲ့ရပါတယ်။

အွန်လိုင်းတွင်တက်လာတဲ့ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များအရကလပ်တာဝန်ရှိသူများဟာဂိုးရဲ့သစ်သားတိုင်ကိုအရွယ်အစားအမှန်အတိုင်းဖြတ်ချနေကြတာတွေ့ရပါတယ်။

ဒါကြောင့်လည်းဟားလ်စီးတီးနှင့်ဘာမင်ဂမ်တို့ရဲ့ပွဲစဉ်ကိုမိနစ်၂၀ရွှေ့ဆိုင်းခဲ့ရပါတယ်။

တနင်္ဂနွေနေ့ညတုန်းကပွဲစဉ်များတွင်လိဒ်နှင့်အာဆင်နယ်ပွဲစဉ်မှာလည်းပွဲစပြီး၆၉စက္ကန့်အကြာမှာဘဲလျှပ်စစ်မီးပြတ်တောက်မှုကြောင့်ပွဲကိုမိနစ်၄၀ကြာရပ်နားမှုပြုလုပ်ခဲ့ရတဲ့ဟာသအဖြစ်အပျက်ဖြစ်ခဲ့ပါသေးတယ်။

မနေ့ညတုန်းကဟားလ်စီးတီးနှင့်ဘာမင်ဂမ်စီးတီးတို့ရဲ့ချန်ပီယံရှစ်ပွဲစဉ်တွင် ဧည့်သည်အသင်းကထရွိုင်ဒီးနေ၊ဘာကျူနာတို့ရဲ့ဂိုးများဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ဟားလ္စီးတီးရဲ႕ဂိုးေပါက္က်ယ္ေနမႈေၾကာင့္ ျဖတ္ပစ္ခဲ့ရကာ ဘာမင္ဂမ္ႏွင့္ပြဲကို ေ႐ႊ႕ဆိုင္းခဲ့ရ

တနဂၤေႏြေန႔ညတုန္းကဟားလ္စီးတီးႏွင့္ဘာမင္ဂမ္စီးတီးတို႔ရဲ႕ခ်န္ပီယံရွစ္ပြဲစဥ္မွာရယ္စာအျဖစ္အပ်က္တစ္ခုေၾကာင့္ပြဲကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။MKM Stadium မွာကစားတဲ့ယင္းပြဲကိုဂိုးေပါက္မွာအလြန္ႀကီးေနမႈကိုေ႐ႊ႕ဆိုင္းမႈျပဳလုပ္ခဲ့ရတာလည္းျဖစ္ပါတယ္။

ယင္းပြဲကိုေဒသစံေတာ္ခ်ိန္ ညေန ၃နာရီတြင္ကစားရန္စီစဥ္ထားေပမဲ့လည္း ပြဲႀကီးၾကပ္သူမ်ားကဂိုးေပါက္မ်ားကိုတိုင္းထြာစစ္ေဆးမႈျပဳလုပ္ခ်ိန္တြင္ဂိုးေပါက္အ႐ြယ္အစားမွားယြင္းေနေၾကာင္းသိလိုက္ရပါတယ္။

Football Daily ရဲ႕ေဖာ္ျပခ်က္အရဂိုးေပါက္မွာ၂လက္မပိုရွည္ေနေၾကာင္း သိရပါတယ္။ဒါေၾကာင့္လည္းဂိုးေပါက္ကိုျဖတ္ၿပီးေလွ်ာ့ခ်မႈျပဳလုပ္ရန္အတြက္အခ်ိန္ယူခဲ့ရပါတယ္။

အြန္လိုင္းတြင္တက္လာတဲ့ဓာတ္ပုံႏွင့္ဗီဒီယိုဖိုင္မ်ားအရကလပ္တာဝန္ရွိသူမ်ားဟာဂိုးရဲ႕သစ္သားတိုင္ကိုအ႐ြယ္အစားအမွန္အတိုင္းျဖတ္ခ်ေနၾကတာေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းဟားလ္စီးတီးႏွင့္ဘာမင္ဂမ္တို႔ရဲ႕ပြဲစဥ္ကိုမိနစ္၂၀ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

တနဂၤေႏြေန႔ညတုန္းကပြဲစဥ္မ်ားတြင္လိဒ္ႏွင့္အာဆင္နယ္ပြဲစဥ္မွာလည္းပြဲစၿပီး၆၉စကၠန႔္အၾကာမွာဘဲလွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ပြဲကိုမိနစ္၄၀ၾကာရပ္နားမႈျပဳလုပ္ခဲ့ရတဲ့ဟာသအျဖစ္အပ်က္ျဖစ္ခဲ့ပါေသးတယ္။

မေန႔ညတုန္းကဟားလ္စီးတီးႏွင့္ဘာမင္ဂမ္စီးတီးတို႔ရဲ႕ခ်န္ပီယံရွစ္ပြဲစဥ္တြင္ ဧည့္သည္အသင္းကထ႐ြိဳင္ဒီးေန၊ဘာက်ဴနာတို႔ရဲ႕ဂိုးမ်ားျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။