ဟိုတယ်ဓာတ်လှေကားတွင် အချင်းများပြီးနောက် မိုဒရစ်နှင့်မန်ဇူကစ်အကြား သုံးနှစ်တိုင်တိုင်စကားမပြောဖြစ်ခဲ့ကြ

လူကာမိုဒရစ်ကဟိုတယ်တစ်ခုရဲ့ဓာတ်လှေကားတွင်ခရိုအေးရှားကစားဖော်မာရီယိုမန်ဇူကစ်နဲ့အချင်းများပြီးနောက်သုံးနှစ်တိုင်တိုင်စကားပြောအဆက်အသွယ်မလုပ်ခဲ့ကြောင်းဖွင့်ဟလာပါတယ်။

ခရိုအေးရှားအသင်းအတွက်၁၁နှစ်တိုင်တိုင်ကစားစဉ်အတွင်း၈၉ပွဲကစားခဲ့တဲ့မာရီယိုမန်ဇူကစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကဘောလုံးကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအင်စတာဂရမ်အကောင့်တွင်ဘောကန်ဖိနပ်ဟောင်းတစ်ရံကိုတင်ကာကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်းကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ကစားသမားဘဝမှမာရီယိုမန်ဇူကစ်အနားယူကြောင်းကြေညာပြီးနောက်သူ့အတွက်ဂုဏ်ပြုစကားများပြောခဲ့ကြသူများထဲတွင်အသက်၃၅နှစ်ရှိခရိုအေးရှားအသင်းခေါင်းဆောင်လူကာမိုဒရစ်လည်းပါဝင်ပါတယ်။

ဒါ့အပြင်လူကာမိုဒရစ်ဟာသူ့ရဲ့My Game အမည်ရ အတ္ထုပ္ပတ္တိစာအုပ်အတွင်းတွင်မာရီယိုမန်ဇူကစ်နှင့်ဆက်ဆံရေးအေးခဲခဲ့တဲ့ကာလတစ်ခုကိုလည်းဖွင့်ဟခဲ့ပါတယ်။

ယင်းစာအုပ်အတွင်းမှာလူကာမိုဒရစ်က “မာရီယိုကစပါယ်ရှယ်တစ်ဦးပါ။တစ်ခါတစ်လေသူကစိတ်တိုနေသလိုပါ။သူ့အကြောင်းသိပ်မသိတဲ့သူတွေကတော့သူ့ကိုအမြဲတမ်းမျက်နှာရှစ်ခေါက်ချိုးနဲ့နေတတ်တဲ့သူလို့ထင်ကြပါတယ်။ကျွန်တော်သိတဲ့မာရီယိုကနူးညံ့တဲ့နှလုံးသားပိုင်ရှင်လူကောင်းတစ်ဦးပါ။သူနဲ့စသိတဲ့နေ့ကတည်းကသူ့ကိုခင်မင်လာခဲ့တာပါ။ဒါတောင်သူ့အကြောင်းသိဖို့အချိန်အများကြီးပေးခဲ့ရတာပါ။လက်ရွေးစင်အသင်းမှာကျွန်တော်တို့အတူတူအကြာကြီးအတူနေခဲ့ကြဖူးပါတယ်။တစ်ခုတုန်းကအိုက်စလန်ခရီးထွက်ခဲ့ရပါတယ်။ဘရာဇီးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ကြိုးစားနေတုန်းကပါ။အဲဒီတုန်းကကျွန်တော်ဟာဟိုတယ်ဓာတ်လှေကားရှေ့မှာမန်ဇူကစ်ဆီပြေးသွားတယ်။’လုပ်ထား၊မာရီယို၊ငါတို့ဒီနေ့ပိုကြိုးစားကြမယ်’လို့ပြောခဲ့တယ်။လေ့ကျင့်ရေးအစီအစဉ်(သို့မဟုတ်)ပွဲမတိုင်ခင်မှာကစားသမားအများစုလုပ်သလိုတစ်ယောက်နဲ့တစ်ယောက်စိတ်အားတက်အောင်လုပ်လိုက်တာမျိုးပါ။ဒါပေမယ့်သူ့တုံ့ပြန်မှုကြောင့်အံ့ဩသင့်ခဲ့ရပါတယ်။ ‘မင်းကိုမင်းလည်းကြည့်ဦး၊ငါ့ဖာသာငါနေပါရစေ’လို့ပြန်ပြောတယ်။ဒါကကျွန်တော့်အတွက်အံ့ဩသင့်စရာအမှတ်တရတစ်ခုပါ။မာရီယိုနဲ့အမြဲတမ်းကောင်းမွန်တဲ့ဆက်ဆံမှုရှိခဲ့တာပါ။အဲဒီအထိအမြဲတမ်းအဆက်အသွယ်ရှိခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့တိတ်ဆိတ်သွားတယ်။ဆက်ဆံရေးအေးစက်သွားခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

ယင်းနောက်လေးနှစ်အကြာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်နေချိန်မှာတော့လူကာမိုဒရစ်ဟာမန်ဇူကစ်နဲ့ပြန်လည်ရင်းနှီးမှုရယူဖို့ကြိုးစားခဲ့ပါတယ်။

တကယ်တော့အားလုံးကနားလည်မှုလွဲမှားပြီးဖြစ်ခဲ့တာပါ။

ဆက်လက်ပြီးမိုဒရစ်က “အခုကျွန်တော့်မှာဘာမဆိုပြန်လုပ်နိုင်တဲ့အစွမ်းရှိရင်အဲဒီကိစ္စကိုလက်ရွေးစင်အသင်းဆွေးနွေးပွဲမှာဖြေရှင်းလိုက်ခဲ့ချင်တယ်။ဒါပေမယ့်ကျွန်တော့်ဘက်ကလည်းရန်လိုနေခဲ့တယ်။မတူညီတဲ့လူနှစ်ဦးကွဲပြားသွားချိန်မှာစွမ်းအင်ကပြတ်တောက်သွားပါတယ်။သူမှားခဲ့တယ်။ပြီးတော့သူ့ဘက်ကစပြီးတော့မဆက်သွယ်ချင်ခဲ့ဘူး။ကျွန်တော်လည်းသင့်တော်တဲ့အချိန်ကိုစောင့်နေခဲ့တယ်။ပြီးမှစပြီးတော့စကားပြောတယ်။သူနဲ့အနီးစပ်ဆုံးသူငယ်ချင်းတွေအဖြစ်အကြာကြီးမနေခဲ့ရမှုအတွက်စိတ်မကောင်းကြောင်းပြောချင်တယ်။ကျွန်တော်တို့သုံးနှစ်လောက်ဆက်သွယ်မှုအေးစက်သွားခဲ့ရတဲ့အကြောင်းရင်းကိုသိချင်ခဲ့တယ်။နောက်တော့ပွင့်ပွင့်လင်းလင်းပြောကြတယ်။အဲဒီတော့မှပြဿနာကဘာမှမဟုတ်ဘူးဆိုတာသိခဲ့ရတယ်။သူက ‘မင်းကိုစိတ်မဆိုးပါဘူး။ငါကမင်းကငါ့ကိုစိတ်ဆိုးနေတယ်လို့ထင်တာ’လို့သူကပြောတယ်။ကျွန်တော်လည်းဒီအတိုင်းပဲလို့။နောက်တော့သူနဲ့ကျွန်တော့်အကြားပြန်လည်အဆင်ပြေသွားတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဟိုတယ္ဓာတ္ေလွကားတြင္ အခ်င္းမ်ားၿပီးေနာက္ မိုဒရစ္ႏွင့္မန္ဇူကစ္အၾကား သုံးႏွစ္တိုင္တိုင္စကားမေျပာျဖစ္ခဲ့ၾက

လူကာမိုဒရစ္ကဟိုတယ္တစ္ခုရဲ႕ဓာတ္ေလွကားတြင္ခ႐ိုေအးရွားကစားေဖာ္မာရီယိုမန္ဇူကစ္နဲ႔အခ်င္းမ်ားၿပီးေနာက္သုံးႏွစ္တိုင္တိုင္စကားေျပာအဆက္အသြယ္မလုပ္ခဲ့ေၾကာင္းဖြင့္ဟလာပါတယ္။

ခ႐ိုေအးရွားအသင္းအတြက္၁၁ႏွစ္တိုင္တိုင္ကစားစဥ္အတြင္း၈၉ပြဲကစားခဲ့တဲ့မာရီယိုမန္ဇူကစ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကေဘာလုံးကစားသမားဘဝမွအနားယူရန္ဆုံးျဖတ္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအင္စတာဂရမ္အေကာင့္တြင္ေဘာကန္ဖိနပ္ေဟာင္းတစ္ရံကိုတင္ကာကစားသမားဘဝမွအနားယူၿပီျဖစ္ေၾကာင္းေၾကညာခဲ့တာလည္းျဖစ္ပါတယ္။

ကစားသမားဘဝမွမာရီယိုမန္ဇူကစ္အနားယူေၾကာင္းေၾကညာၿပီးေနာက္သူ႔အတြက္ဂုဏ္ျပဳစကားမ်ားေျပာခဲ့ၾကသူမ်ားထဲတြင္အသက္၃၅ႏွစ္ရွိခ႐ိုေအးရွားအသင္းေခါင္းေဆာင္လူကာမိုဒရစ္လည္းပါဝင္ပါတယ္။

ဒါ့အျပင္လူကာမိုဒရစ္ဟာသူ႔ရဲ႕My Game အမည္ရ အတၳဳပၸတၱိစာအုပ္အတြင္းတြင္မာရီယိုမန္ဇူကစ္ႏွင့္ဆက္ဆံေရးေအးခဲခဲ့တဲ့ကာလတစ္ခုကိုလည္းဖြင့္ဟခဲ့ပါတယ္။

ယင္းစာအုပ္အတြင္းမွာလူကာမိုဒရစ္က “မာရီယိုကစပါယ္ရွယ္တစ္ဦးပါ။တစ္ခါတစ္ေလသူကစိတ္တိုေနသလိုပါ။သူ႔အေၾကာင္းသိပ္မသိတဲ့သူေတြကေတာ့သူ႔ကိုအၿမဲတမ္းမ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႔ေနတတ္တဲ့သူလို႔ထင္ၾကပါတယ္။ကြၽန္ေတာ္သိတဲ့မာရီယိုကႏူးညံ့တဲ့ႏွလုံးသားပိုင္ရွင္လူေကာင္းတစ္ဦးပါ။သူနဲ႔စသိတဲ့ေန႔ကတည္းကသူ႔ကိုခင္မင္လာခဲ့တာပါ။ဒါေတာင္သူ႔အေၾကာင္းသိဖို႔အခ်ိန္အမ်ားႀကီးေပးခဲ့ရတာပါ။လက္ေ႐ြးစင္အသင္းမွာကြၽန္ေတာ္တို႔အတူတူအၾကာႀကီးအတူေနခဲ့ၾကဖူးပါတယ္။တစ္ခုတုန္းကအိုက္စလန္ခရီးထြက္ခဲ့ရပါတယ္။ဘရာဇီးကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔ႀကိဳးစားေနတုန္းကပါ။အဲဒီတုန္းကကြၽန္ေတာ္ဟာဟိုတယ္ဓာတ္ေလွကားေရွ႕မွာမန္ဇူကစ္ဆီေျပးသြားတယ္။’လုပ္ထား၊မာရီယို၊ငါတို႔ဒီေန႔ပိုႀကိဳးစားၾကမယ္’လို႔ေျပာခဲ့တယ္။ေလ့က်င့္ေရးအစီအစဥ္(သို႔မဟုတ္)ပြဲမတိုင္ခင္မွာကစားသမားအမ်ားစုလုပ္သလိုတစ္ေယာက္နဲ႔တစ္ေယာက္စိတ္အားတက္ေအာင္လုပ္လိုက္တာမ်ိဳးပါ။ဒါေပမယ့္သူ႔တုံ႔ျပန္မႈေၾကာင့္အံ့ဩသင့္ခဲ့ရပါတယ္။ ‘မင္းကိုမင္းလည္းၾကည့္ဦး၊ငါ့ဖာသာငါေနပါရေစ’လို႔ျပန္ေျပာတယ္။ဒါကကြၽန္ေတာ့္အတြက္အံ့ဩသင့္စရာအမွတ္တရတစ္ခုပါ။မာရီယိုနဲ႔အၿမဲတမ္းေကာင္းမြန္တဲ့ဆက္ဆံမႈရွိခဲ့တာပါ။အဲဒီအထိအၿမဲတမ္းအဆက္အသြယ္ရွိခဲ့တယ္။အဲဒီေနာက္ပိုင္းမွာေတာ့တိတ္ဆိတ္သြားတယ္။ဆက္ဆံေရးေအးစက္သြားခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယင္းေနာက္ေလးႏွစ္အၾကာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ျပင္ဆင္ေနခ်ိန္မွာေတာ့လူကာမိုဒရစ္ဟာမန္ဇူကစ္နဲ႔ျပန္လည္ရင္းႏွီးမႈရယူဖို႔ႀကိဳးစားခဲ့ပါတယ္။

တကယ္ေတာ့အားလုံးကနားလည္မႈလြဲမွားၿပီးျဖစ္ခဲ့တာပါ။

ဆက္လက္ၿပီးမိုဒရစ္က “အခုကြၽန္ေတာ့္မွာဘာမဆိုျပန္လုပ္ႏိုင္တဲ့အစြမ္းရွိရင္အဲဒီကိစၥကိုလက္ေ႐ြးစင္အသင္းေဆြးေႏြးပြဲမွာေျဖရွင္းလိုက္ခဲ့ခ်င္တယ္။ဒါေပမယ့္ကြၽန္ေတာ့္ဘက္ကလည္းရန္လိုေနခဲ့တယ္။မတူညီတဲ့လူႏွစ္ဦးကြဲျပားသြားခ်ိန္မွာစြမ္းအင္ကျပတ္ေတာက္သြားပါတယ္။သူမွားခဲ့တယ္။ၿပီးေတာ့သူ႔ဘက္ကစၿပီးေတာ့မဆက္သြယ္ခ်င္ခဲ့ဘူး။ကြၽန္ေတာ္လည္းသင့္ေတာ္တဲ့အခ်ိန္ကိုေစာင့္ေနခဲ့တယ္။ၿပီးမွစၿပီးေတာ့စကားေျပာတယ္။သူနဲ႔အနီးစပ္ဆုံးသူငယ္ခ်င္းေတြအျဖစ္အၾကာႀကီးမေနခဲ့ရမႈအတြက္စိတ္မေကာင္းေၾကာင္းေျပာခ်င္တယ္။ကြၽန္ေတာ္တို႔သုံးႏွစ္ေလာက္ဆက္သြယ္မႈေအးစက္သြားခဲ့ရတဲ့အေၾကာင္းရင္းကိုသိခ်င္ခဲ့တယ္။ေနာက္ေတာ့ပြင့္ပြင့္လင္းလင္းေျပာၾကတယ္။အဲဒီေတာ့မွျပႆနာကဘာမွမဟုတ္ဘူးဆိုတာသိခဲ့ရတယ္။သူက ‘မင္းကိုစိတ္မဆိုးပါဘူး။ငါကမင္းကငါ့ကိုစိတ္ဆိုးေနတယ္လို႔ထင္တာ’လို႔သူကေျပာတယ္။ကြၽန္ေတာ္လည္းဒီအတိုင္းပဲလို႔။ေနာက္ေတာ့သူနဲ႔ကြၽန္ေတာ့္အၾကားျပန္လည္အဆင္ေျပသြားတယ္”လို႔ေျပာၾကားသြားပါတယ္။