
အင်ဒရေပီယာလိုရဲ့သားနီကိုလိုကတူရင်တွင်ဟိုဒီဝတ်အုပ်စုတစ်စုရဲ့ကျောက်ခဲဖြင့်ပစ်ပေါက်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်းဆိုလာပါတယ်။
အသက်၁၉နှစ်ရှိအီတလီဂန္ထဝင်ဘောလုံးကစားသမားရဲ့သားဟာကားအတွင်းရှိနေစဉ်အုပ်စုတစ်စုရဲ့တံတွေးဖြင့်ထွေးခြင်း၊ကန်ခြင်းတို့လည်းခံခဲ့ရပါတယ်။
နီကိုလိုဟာသူ့အားတိုက်ခိုက်တဲ့ဗီဒီယိုဖိုင်ကိုအင်စတာဂရမ်တွင်တင်ထားပါတယ်။
ယင်းဗီဒီယိုဖိုင်တွင်မျက်နှာကိုမမြင်အောင်ဟိုဒီဝတ်ဆင်ထားတဲ့အုပ်စုတစ်ခုကကားကိုကျောက်ခဲဖြင့်ပစ်ပေါက်ခြင်း၊တံတွေးထွေးခြင်း၊ကန်ကျောက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းတွေ့ရပါတယ်။
ယင်းဗီဒီယိုဖိုင်တွင်၎င်းက “တူရင်မြို့လယ်ခေါင်မှာကောင်လေးလေးယောက်ကကားကိုကျောက်တွေနဲ့ပစ်၊တံတွေးထွေး၊ကန်ကျတာပုံမှန်ပဲလား”လို့ဆိုထားပါတယ်။
ဒါ့အပြင် Torino Today သို့လည်း၎င်းက “ကားထဲမှာသူငယ်ချင်းတစ်ဦးနဲ့အတူရှိနေတယ်။ဒီကောင်တွေအုပ်စုကကားထဲအတွင်းဝင်ဖို့လုပ်ကြတယ်။နောက်တော့ကားကိုကန်ကြတယ်။ကျောက်ခဲတွေနဲ့ပစ်တယ်။ကံကောင်းချင်တော့ကျွန်တော်တို့ကားပြင်သို့မထွက်လိုက်မိကြဘူး”လို့ပြောကြားသွားပါတယ်။
နီကိုလိုမှာတူရင်တွင်နေထိုင်နေသူဖြစ်ပြီးဖခင်ဖြစ်သူပီယာလိုမှာတူရကီကလပ် Fatih Karagumruk ကိုကိုင်တွယ်နေပါတယ်။
ZawGyi
ဟိုဒီဝတ္အုပ္စုတစ္စုရဲ႕တိုက္ခိုက္ျခင္းခံခဲ့ရတဲ့ ပီယာလိုရဲ႕သား
အင္ဒေရပီယာလိုရဲ႕သားနီကိုလိုကတူရင္တြင္ဟိုဒီဝတ္အုပ္စုတစ္စုရဲ႕ေက်ာက္ခဲျဖင့္ပစ္ေပါက္တိုက္ခိုက္ျခင္းခံခဲ့ရေၾကာင္းဆိုလာပါတယ္။
အသက္၁၉ႏွစ္ရွိအီတလီဂႏၴဝင္ေဘာလုံးကစားသမားရဲ႕သားဟာကားအတြင္းရွိေနစဥ္အုပ္စုတစ္စုရဲ႕တံေတြးျဖင့္ေထြးျခင္း၊ကန္ျခင္းတို႔လည္းခံခဲ့ရပါတယ္။
နီကိုလိုဟာသူ႔အားတိုက္ခိုက္တဲ့ဗီဒီယိုဖိုင္ကိုအင္စတာဂရမ္တြင္တင္ထားပါတယ္။
ယင္းဗီဒီယိုဖိုင္တြင္မ်က္ႏွာကိုမျမင္ေအာင္ဟိုဒီဝတ္ဆင္ထားတဲ့အုပ္စုတစ္ခုကကားကိုေက်ာက္ခဲျဖင့္ပစ္ေပါက္ျခင္း၊တံေတြးေထြးျခင္း၊ကန္ေက်ာက္ျခင္းတို႔ျပဳလုပ္ခဲ့ေၾကာင္းေတြ႕ရပါတယ္။
ယင္းဗီဒီယိုဖိုင္တြင္၎က “တူရင္ၿမိဳ႕လယ္ေခါင္မွာေကာင္ေလးေလးေယာက္ကကားကိုေက်ာက္ေတြနဲ႔ပစ္၊တံေတြးေထြး၊ကန္က်တာပုံမွန္ပဲလား”လို႔ဆိုထားပါတယ္။
ဒါ့အျပင္ Torino Today သို႔လည္း၎က “ကားထဲမွာသူငယ္ခ်င္းတစ္ဦးနဲ႔အတူရွိေနတယ္။ဒီေကာင္ေတြအုပ္စုကကားထဲအတြင္းဝင္ဖို႔လုပ္ၾကတယ္။ေနာက္ေတာ့ကားကိုကန္ၾကတယ္။ေက်ာက္ခဲေတြနဲ႔ပစ္တယ္။ကံေကာင္းခ်င္ေတာ့ကြၽန္ေတာ္တို႔ကားျပင္သို႔မထြက္လိုက္မိၾကဘူး”လို႔ေျပာၾကားသြားပါတယ္။
နီကိုလိုမွာတူရင္တြင္ေနထိုင္ေနသူျဖစ္ၿပီးဖခင္ျဖစ္သူပီယာလိုမွာတူရကီကလပ္ Fatih Karagumruk ကိုကိုင္တြယ္ေနပါတယ္။