ဟီဂူယင်ထက် လုပ်ခနှစ်ဆတောင်းဆိုမှုကြောင် ဝီလီယန်ရဲ့အင်တာမီယာမီအပြောင်းအရွှေ့ပျက်ပြယ်
အင်တာမီယာမီဟာအာဆင်နယ်အလယ်တန်းတိုက်စစ်သမားဝီလီယန်အားခေါ်ယူရေးလုပ်ဆောင်မှုနောက်ဆုတ်လိုက်ပြီဖြစ်ပါတယ်။
အာဆင်နယ်အလယ်တန်းကစားသမားဟာတစ်ပတ်လုပ်ခပေါင်၁၆၇၀၀၀နှုန်းဖြင့်တစ်နှစ်လုပ်ခပေါင်၈.၇သန်းတောင်းဆိုမှုနဲ့အတူဒေးဗစ်ဘက်ဟမ်းရဲ့အင်တာမီယာမီကခေါ်ယူရေးအတွက်လက်လျှော့လိုက်တာပါ။
ဖီးလ်နဗီးလ်ဦးဆောင်နေတဲ့အင်တာမီယာမီဟာယခုလအတွင်းမှာမက္ကဆီကိုလက်ရွေးစင်ရိုဒယ်ဖိုပီဇာရိုအားအသင်းမှထွက်ခွာစေပါမယ်။ဒါကြောင့်အင်တာမီယာမီအနေဖြင့်လုပ်ခမြင့်ကစားသမားတစ်ဦးခေါ်ယူအားဖြည့်နိုင်ပါမယ်။
လက်ရှိအချိန်မှာအင်တာမီယာမီရဲ့လုပ်ခအများဆုံးကစားသမားအဖြစ်ဂွန်ဇာလိုဟီဂူယင်ကတစ်ပတ်ပေါင်၈၀၅၀၀ရရှိနေပြီးတစ်နှစ်လုပ်ခပေါင်၄.၁၉သန်းသာရရှိနေပါတယ်။ဒါကြောင့်ဝီလီယန်ရဲ့လုပ်ခတောင်းဆိုမှုကဟီဂူယင်ထက်နှစ်ဆအထိမြင့်မားနေပါတယ်။
ဝီလီယမ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီမှာအာဆင်နယ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာသူခဲ့ပြီး၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပါတယ်။ဒါပေမယ့်သူဟာအာဆင်နယ်ပထမရာသီမှာခက်ခဲမှုများနှင့်ရင်ဆိုင်ရပြီးနောက်အသင်းပြောင်းလိုနေပါတယ်။
တစ်ဖက်တွင်အာဆင်နယ်ကလည်းသူ့လုပ်ခဝန်ထုပ်ဝန်ပိုးကိုမထမ်းလိုမှုကြောင့်ထွက်ခွာစေလိုနေပါတယ်။
ZawGyi