ဟုမ်းမိတ်အတွက် နည်းပညာကုမ္ပဏီကြီးများကို တရားစွဲရာမှာ အနိုင်ရခဲ့တဲ့ အိုင်ကာဒီရဲ့ဇနီး
ပီအက်စ်ဂျီတိုက်စစ်မှူးမော်ရိုအိုင်ကာဒီရဲ့ဇနီးသည်ဝါဒါဟာဟုမ်းမိတ်ဗီဒီယိုဖိုင်ကောလာလာဟသတင်းအမှားအား ဖြန့်ဝေခွင့်ပြုခဲ့တဲ့ Google နှင့် Yahoo တို့အားတရားစွဲဆိုခဲ့ရာတွင်အနိုင်ရရှိပြီးနစ်နာကြေးရရှိခဲ့ကြောင်းသိရပါ တယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ဇနီးနှင့်အေးဂျင့်ဟာသူမရဲ့ဂုဏ်သိက္ခာအတွက်နည်းပညာကုမ္ပဏီကြီးများအားတရားစွဲဆိုခဲ့ရာတွင်အနိုင်ရရှိခဲ့မှုအားအင်စတာဂရမ်ကနေအတည်ပြုသွားတာလည်းဖြစ်ပါတယ်။
အသက်၃၇နှစ်ရှိမော်ဒယ်ဟာFollower ၇.၃သန်းကျော်ရှိတဲ့သူမရဲ့အင်စတာဂရမ်အကောင့်မှာ True or False Q&A အစီအစဉ်မှာအတည်ပြုသွားတာလည်းဖြစ်ပါတယ်။
ပရိသတ်တစ်ဦးကဗီဒီယိုဖိုင်အတုအားရှယ်ယာခွင့်ပြုမှုအတွက်Google နှင့် Yahoo တို့အားတရားစွဲဆိုခဲ့ရာတွင် အနိုင်ခဲ့မှုမှာမှန်ကန်သလားလို့မေးမြန်းခဲ့ရာတွင်သူမကမှန်တယ်လို့ပြန်ဖြေခဲ့ပါတယ်။ဒါ့အပြင်သူမဟာသူမရဲ့ရှေ့နေမာတင်လူဂီဇာမွန်ပေးပို့ထားတဲ့မက်ဆေ့ချ်ကိုလည်းScreenshot လုပ်ကာပြသခဲ့ပါတယ်။
ယင်းမက်ဆေ့ချ်တွင်သူမဟာသူမအမည်ဖြင့်ဖြန့်ဝေထားတဲ့ဗီဒီယိုဖိုင်ကြောင့်နစ်နာများအတွက်Google နှင့်Yahoo တို့ကနစ်နာကြေးပေးရန်တရားသူကြီးကဆုံးဖြတ်လိုက်ကြောင်းပါဝင်ပါတယ်။
ယင်းဗီဒီယိုဖိုင်မှာလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကတည်းကအင်တာနက်တွင်ပြန်နှံ့လာခဲ့ခြင်းလည်းဖြစ်ပါတယ်။
ZawGyi
ယင်းမက်ဆေ့ခ်ျတွင်သူမဟာသူမအမည်ဖြင့်ဖြန့်ဝေထားတဲ့ဗီဒီယိုဖိုင်ကြောင့်နစ်နာများအတွက်Google နှင့်Yahoo တို့ကနစ်နာကြေးပေးရန်တရားသူကြီးကဆုံးဖြတ်လိုက်ကြောင်းပါဝင်ပါတယ်။