
နီကိုရှောဇ်ဟာနောက်ခံလူတစ်ဦးဖြစ်တာကြောင့်ဘောလုံးကွင်းထဲမှာဂိုးသွင်းကောင်းချင်မှကောင်းပါလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့ကွင်းပြင်ပဂိုးသွင်းစွမ်းရည်ကိုတော့ဘယ်သူမှလိုက်မီမှာမဟုတ်ပါဘူး။
ဒေါ့မွန်စတားဟာဟောလီးဝုဒ်စတားဘရက်ပစ်ရဲ့ချစ်သူဟောင်းနီကိုလီပိုကျူရယ်စကီးနှင့်ချစ်ကြိုက်လျက်ရှိပါတယ်။
နီကိုလီပိုကျူရယ်စကီးဟာဘရက်ပစ်နှင့်လမ်းခွဲလိုက်ပြီးတဲ့နောက် နီကိုရှောဇ်နှင့်လက်တွဲလာတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့နီကိုလီပိုကျူရယ်စကီးနှင့်နီကိုရှောဇ်တို့ဘယ်အချိန်မှာဘယ်လိုတွေ့ဆုံပြီးချစ်ကြိုက်လာကြသလဲဆိုတာကိုတော့မသိရသေးပါဘူး။
ဒါပေမဲ့၎င်းတို့နှစ်ဦးဟာပြီးခဲ့တဲ့မတ်လကတည်းကလူသိရှင်ကြားတရားဝင်လက်တွဲလာခဲ့ကြတာဖြစ်ပါတယ်။
၎င်းတို့ဟာနွေရာသီတုန်းကဂရိသို့အားလပ်ရက်အပန်းဖြေခရီးသွားခဲ့ကြတာတွေ့ရပါတယ်။
ဖက်ရှင်မော်ဒယ်ဟာအင်စတာဂရမ်တွင် Follower နှစ်သိန်းခွဲပိုင်ဆိုင်ထားသူဖြစ်ပြီးယင်းတွင်တင်ထားတဲ့သူပုံအများစုကလည်း ပုရိသအကြိုက်ဓာတ်ပုံများဖြစ်နေတာတွေ့ရပါတယ်။
အသက်၂၉နှစ်ရှိပိုလန်မော်ဒယ်ဟာ၂၀၂၀ခုနှစ်တုန်းကဟောလီးဝုဒ်စတားပရက်ပစ်နဲ့ချစ်ကြိုက်ပြီးနောက် လူအများရဲ့အာရုံစိုက်ခြင်းခံလာရတာဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာ ၂၀၁၉ခုနှစ်တုန်းကOnce Upon A Time in Hollywood အထူးပွဲတွင်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။
ZawGyi
ဟောလီးဝုဒ်စတားဘရက်ပစ်ရဲ့ချစ်သူဟောင်းကို ဂိုးသွင်းနေတဲ့ ဒေါ့မွန်စတား