ဟော်လန်အတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်သမားကို ရော်နယ်ဒိုနေရာတွင် အစားထိုးရန် ငွေပုံအောခေါ်ယူရန် ယူနိုက်တက်ပရိသတ်များတောင်းဆို

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာမနေ့ညကဆီနီဂေါနှင့်ပွဲတွင်ဟော်လန်အတွက်အနိုင်ဂိုးသွင်းခဲ့တဲ့တိုက်စစ်သမားကိုခရစ္စတီယာနိုရော်နယ်ဒိုနေရာတွင်အစားထိုးရန်ငွေပုံအောပေးခေါ်ယူရန်တောင်းဆိုလာကြပါတယ်။

အသက်၂၃နှစ်ရှိဟော်လန်တိုက်စစ်မှူးကိုဒီဂက်ပိုဟာမနေ့ညတုန်းကဟော်လန်ကဆီနီဂေါကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဟော်လန်အတွက်ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂက်ပိုဟာပွဲချိန်၈၄မိနစ်တွင်ဖရန်ကီဒီဂျောင်ရဲ့ဖြတ်တင်ဘောမှတဆင့်ဟော်လန်အတွက်ဦးဆောင်ဂိုးကိုခေါင်းတိုက်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ယင်းနောက်နာကျင်အချိန်ပိုတွင်ဆီနီဂေါဂိုးသမားမန်ဒီရဲ့အမှားမှတဆင့်ဒါဗီကလပ်စ်ဆင်ကဒုတိယအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ယင်းပွဲအပြီးတွင်ယူနိုက်တက်ပရိသတ်များဟာနွေရာသီကတည်းကခေါ်ယူရန်ကြိုးပမ်းခဲ့တဲ့ပီအက်စ်ဗွီတိုက်စစ်သမားဂက်ပိုအားခရစ္စတီယာနိုရော်နယ်ဒိုနေရာတွင်အစားထိုးရေး ငွေပုံပေးခေါ်ယူအားဖြည့်ရန်ကလပ်ကိုတောင်းဆိုလာကြပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးက “ယူနိုက်တက်အနေနဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာရော်နယ်ဒိုနေရာမှာကိုဒီဂက်ပိုနဲ့အစားထိုးသင့်တယ်”လို့ဆိုသွားပါတယ်။

ဂက်ပိုဟာယခုရာသီတွင်ပီအက်စ်ဗွီနှင့်အတူခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်တွင်၁၄ဂိုးသွင်းပြီး၁၄ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

ယူနိုက်တက်ဟာမကြာသေးမီတုန်းကပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ Talk TV အင်တာဗျူးတွင်ကလပ်နှင့်နည်းပြအဲရစ်တန်ဟက်ကိုဝေဖန်ခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်ဖျက်သိမ်းရန်လုပ်ဆောင်နေရာဇန်နဝါရီတွင်တိုက်စစ်သမားတစ်ဦးခေါ်ယူရန်လိုအပ်နေပါတယ်။

ZawGyi

ေဟာ္လန္အတြက္ အႏိုင္ဂိုးသြင္းခဲ့တဲ့ တိုက္စစ္သမားကို ေရာ္နယ္ဒိုေနရာတြင္ အစားထိုးရန္ ေငြပုံေအာေခၚယူရန္ ယူႏိုက္တက္ပရိသတ္မ်ားေတာင္းဆို

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာမေန႔ညကဆီနီေဂါႏွင့္ပြဲတြင္ေဟာ္လန္အတြက္အႏိုင္ဂိုးသြင္းခဲ့တဲ့တိုက္စစ္သမားကိုခရစၥတီယာႏိုေရာ္နယ္ဒိုေနရာတြင္အစားထိုးရန္ေငြပုံေအာေပးေခၚယူရန္ေတာင္းဆိုလာၾကပါတယ္။

အသက္၂၃ႏွစ္ရွိေဟာ္လန္တိုက္စစ္မႉးကိုဒီဂက္ပိုဟာမေန႔ညတုန္းကေဟာ္လန္ကဆီနီေဂါကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ေဟာ္လန္အတြက္ဦးေဆာင္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဂက္ပိုဟာပြဲခ်ိန္၈၄မိနစ္တြင္ဖရန္ကီဒီေဂ်ာင္ရဲ႕ျဖတ္တင္ေဘာမွတဆင့္ေဟာ္လန္အတြက္ဦးေဆာင္ဂိုးကိုေခါင္းတိုက္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ယင္းေနာက္နာက်င္အခ်ိန္ပိုတြင္ဆီနီေဂါဂိုးသမားမန္ဒီရဲ႕အမွားမွတဆင့္ဒါဗီကလပ္စ္ဆင္ကဒုတိယအႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ယင္းပြဲအၿပီးတြင္ယူႏိုက္တက္ပရိသတ္မ်ားဟာေႏြရာသီကတည္းကေခၚယူရန္ႀကိဳးပမ္းခဲ့တဲ့ပီအက္စ္ဗြီတိုက္စစ္သမားဂက္ပိုအားခရစၥတီယာႏိုေရာ္နယ္ဒိုေနရာတြင္အစားထိုးေရး ေငြပုံေပးေခၚယူအားျဖည့္ရန္ကလပ္ကိုေတာင္းဆိုလာၾကပါတယ္။

ယူႏိုက္တက္ပရိသတ္တစ္ဦးက “ယူႏိုက္တက္အေနနဲ႔ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေရာ္နယ္ဒိုေနရာမွာကိုဒီဂက္ပိုနဲ႔အစားထိုးသင့္တယ္”လို႔ဆိုသြားပါတယ္။

ဂက္ပိုဟာယခုရာသီတြင္ပီအက္စ္ဗြီႏွင့္အတူေျခစြမ္းျပကစားေနသူျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္တြင္၁၄ဂိုးသြင္းၿပီး၁၄ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။

ယူႏိုက္တက္ဟာမၾကာေသးမီတုန္းကပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့ Talk TV အင္တာဗ်ဴးတြင္ကလပ္ႏွင့္နည္းျပအဲရစ္တန္ဟက္ကိုေဝဖန္ခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္ဖ်က္သိမ္းရန္လုပ္ေဆာင္ေနရာဇန္နဝါရီတြင္တိုက္စစ္သမားတစ္ဦးေခၚယူရန္လိုအပ္ေနပါတယ္။