အကယ်ဒမီကစားသမားများကို အခွင့်အရေးပေးသွားမည်ဟု ချဲလ်ဆီးနည်းပြတူချယ်ကတိပြု

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကကလပ်ရဲ့အကယ်ဒမီမှလူငယ်ပါရမီရှင်ကစားသမားများအားစီနီယာအသင်းကြီးတွင်အခွင့်အရေးပေးသွားမည်ဖြစ်ကြောင်းကတိပြုလိုက်ပါတယ်။

ချဲလ်ဆီးဟာယခုရာသီတွင်လူငယ်အကယ်ဒမီထွက်ကစားသမားထရီဗိုချာလိုဘာအားစီနီယာအသင်းသို့ခေါ်ယူထားပါတယ်။ချာလိုဘာဟာခရစ္စတယ်ပဲလေ့စ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယခုအခါဂျာမနီလူမျိုးနည်းပြက၂၀၂၁-၂၂ရာသီအတွင်းတွင်အခြားလူငယ်အကယ်ဒမီထွက်ပါရမီရှင်များကိုလည်းအခွင့်အရေးပေးရန်တံခါးဖွင့်ထားကြောင်းပြောကြားလာပါတယ်။

တူချယ်က “အမြဲတမ်း၊အမြဲတမ်း၊အမြဲတမ်းတံခါးဖွင့်ထားပါတယ်။လူငယ်တွေကိုအခွင့်အရေးပေးရတာကြိုက်ပါတယ်။ပရိသတ်တွေလည်းကြိုက်ပါတယ်။နိုင်ငံခြားကနာမည်ကြီးကစားသမားတွေ၊နာမည်ကျော်ကစားသမားတွေ၊ကစားသမားကောင်းတွေကိုအကယ်ဒမီလူငယ်တွေနဲ့ပေါင်းစပ်နိုင်တယ်လို့ယုံကြည်ပါတယ်။ကလပ်ကလည်းဒီအတွက်ပဲလုပ်နေတာပါ။ချန်ပီယံလိဂ်ဖလားကိုကျွန်တော်တို့ကိုင်မြှောက်နေတဲ့ဓာတ်ပုံကိုကြည့်လိုက်ပါ။အဲဒီဓာတ်ပုံမှာအကယ်ဒမီကလူငယ်တွေကိုလည်းတွေ့ကြမှာပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဒေါ့မွန်နှင့်ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်ကအသင်းတွင်နေရာရရှိရန်ထိပ်တန်းကစားသမားများအကြားအပြင်းအထန်ယှဉ်ပြိုင်နေရာနေရာရရှိရေးမှာလွယ်ကူမည်မဟုတ်ကြောင်းလည်းပြောကြားသွားပါတယ်။

ZawGyi

အကယ္ဒမီကစားသမားမ်ားကို အခြင့္အေရးေပးသြားမည္ဟု ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကတိျပဳ

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကကလပ္ရဲ႕အကယ္ဒမီမွလူငယ္ပါရမီရွင္ကစားသမားမ်ားအားစီနီယာအသင္းႀကီးတြင္အခြင့္အေရးေပးသြားမည္ျဖစ္ေၾကာင္းကတိျပဳလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာယခုရာသီတြင္လူငယ္အကယ္ဒမီထြက္ကစားသမားထရီဗိုခ်ာလိုဘာအားစီနီယာအသင္းသို႔ေခၚယူထားပါတယ္။ခ်ာလိုဘာဟာခရစၥတယ္ပဲေလ့စ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္တြင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ယခုအခါဂ်ာမနီလူမ်ိဳးနည္းျပက၂၀၂၁-၂၂ရာသီအတြင္းတြင္အျခားလူငယ္အကယ္ဒမီထြက္ပါရမီရွင္မ်ားကိုလည္းအခြင့္အေရးေပးရန္တံခါးဖြင့္ထားေၾကာင္းေျပာၾကားလာပါတယ္။

တူခ်ယ္က “အၿမဲတမ္း၊အၿမဲတမ္း၊အၿမဲတမ္းတံခါးဖြင့္ထားပါတယ္။လူငယ္ေတြကိုအခြင့္အေရးေပးရတာႀကိဳက္ပါတယ္။ပရိသတ္ေတြလည္းႀကိဳက္ပါတယ္။ႏိုင္ငံျခားကနာမည္ႀကီးကစားသမားေတြ၊နာမည္ေက်ာ္ကစားသမားေတြ၊ကစားသမားေကာင္းေတြကိုအကယ္ဒမီလူငယ္ေတြနဲ႔ေပါင္းစပ္ႏိုင္တယ္လို႔ယုံၾကည္ပါတယ္။ကလပ္ကလည္းဒီအတြက္ပဲလုပ္ေနတာပါ။ခ်န္ပီယံလိဂ္ဖလားကိုကြၽန္ေတာ္တို႔ကိုင္ေျမႇာက္ေနတဲ့ဓာတ္ပုံကိုၾကည့္လိုက္ပါ။အဲဒီဓာတ္ပုံမွာအကယ္ဒမီကလူငယ္ေတြကိုလည္းေတြ႕ၾကမွာပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ေဒါ့မြန္ႏွင့္ပီအက္စ္ဂ်ီနည္းျပေဟာင္းတူခ်ယ္ကအသင္းတြင္ေနရာရရွိရန္ထိပ္တန္းကစားသမားမ်ားအၾကားအျပင္းအထန္ယွဥ္ၿပိဳင္ေနရာေနရာရရွိေရးမွာလြယ္ကူမည္မဟုတ္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။