အကယ်ဒမီစတားတစ်ဦးကို ပရီးမီးယားလိဂ်ပြိုင်ဘက်သို့ လက်လွှတ်ရတော့မယ့် ကြိုးကြာနီ

လီဗာပူးဟာသူတို့ရဲ့အကယ်ဒမီစတားတစ်ဦးဖြစ်တဲ့အီသန်အန်နစ်အားချဲလ်ဆီး(သို့မဟုတ်)မန်ယူသို့လက်လွှတ်ရလုနီးပါးအခြေအနေသို့ရောက်နေပါတယ်။

အသက်၁၆နှစ်ရှိအီဿန်အန်နစ်ဟာလီဗာပူးလူငယ်အသင်းအဆင့်ဆင့်တွင်ပညာသင်ကြီးပြင်းလာသူဖြစ်ပြီးသူ့ကိုခေါ်ယူဖို့မန်ယူနှင့်ချဲလ်ဆီးတို့ကအပြိုင်ကြိုးပမ်းနေပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလီဗာပူးယူ-၁၈အသင်းတွင်ထိပ်တန်းခြေစွမ်းဖြင့်ကစားပြနိုင်ခဲ့ပြီးနောက်သူဟာလီဗာပူးရဲ့တန်ဖိုးမြင့်အကယ်ဒမီစာချုပ်ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်လည်းသူဟာလီဗာပူးရဲ့ကမ်းလှမ်းချက်ကိုပယ်ချလိုက်မှုနဲ့အတူပရီးမီးယားလိဂ်ထိပ်သီးများရဲ့မျက်စိကျခြင်းခံလာခဲ့ရပါတယ်။

Liverpool Echo ကလီဗာပူးဟာလူငယ်ပါရမီရှင်ကစားသမားကိုလက်လွှတ်ရရန်သေချာသလောက်ရှိနေပြီဖြစ်ပြီးသူဟာချဲလ်ဆီး(သို့မဟုတ်)မန်ယူသို့ရောက်ရန်သေချာနေပါတယ်။

အသက်၁၆နှစ်ရှိလူငယ်ဟာပြီးခဲ့တဲ့ရာသီတုန်းကလီဗာပူးယူ-၁၈အတွက်၈ပွဲကစားခဲ့ရာမှာ၅ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

သူဟာမကြာသေးမီတုန်းကချဲလ်ဆီးရဲ့ကော့ဟမ်လေ့ကျင့်ရေးကွင်းသို့သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်လည်းလီဗာပူးနှင့်ချဲလ်ဆီးတို့ဟာအီသန်အန်နစ်ရဲ့အပြောင်းအရွှေ့ကြေးနဲ့ပတ်သက်ပြီးသဘောတူညီမှုမရသေးပါဘူး။

ဒါပေမယ့်အီဿန်အန်နရစ်ရဲ့ပြောင်းရွှေ့ကြေးပမာဏကိုသမာဓိခုံရုံးကဆုံးဖြတ်မှုခံယူလာနိုင်ပါသေးတယ်။

တစ်ဖက်တွင်လီဗာပူးဟာယခုနွေရာသီမှာသူတို့ရဲ့အကယ်ဒမီစတားများစွာတို့ကိုစာချုပ်ဆိုမှုပြုလုပ်ထားနိုင်ပြီးဖြစ်ပါတယ်။

ZawGyi

အကယ္ဒမီစတားတစ္ဦးကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္သို႔ လက္လႊတ္ရေတာ့မယ့္ ႀကိဳးၾကာနီ

လီဗာပူးဟာသူတို႔ရဲ႕အကယ္ဒမီစတားတစ္ဦးျဖစ္တဲ့အီသန္အန္နစ္အားခ်ဲလ္ဆီး(သို႔မဟုတ္)မန္ယူသို႔လက္လႊတ္ရလုနီးပါးအေျခအေနသို႔ေရာက္ေနပါတယ္။

အသက္၁၆ႏွစ္ရွိအီႆန္အန္နစ္ဟာလီဗာပူးလူငယ္အသင္းအဆင့္ဆင့္တြင္ပညာသင္ႀကီးျပင္းလာသူျဖစ္ၿပီးသူ႔ကိုေခၚယူဖို႔မန္ယူႏွင့္ခ်ဲလ္ဆီးတို႔ကအၿပိဳင္ႀကိဳးပမ္းေနပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလီဗာပူးယူ-၁၈အသင္းတြင္ထိပ္တန္းေျခစြမ္းျဖင့္ကစားျပႏိုင္ခဲ့ၿပီးေနာက္သူဟာလီဗာပူးရဲ႕တန္ဖိုးျမင့္အကယ္ဒမီစာခ်ဳပ္ကမ္းလွမ္းျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္လည္းသူဟာလီဗာပူးရဲ႕ကမ္းလွမ္းခ်က္ကိုပယ္ခ်လိုက္မႈနဲ႔အတူပရီးမီးယားလိဂ္ထိပ္သီးမ်ားရဲ႕မ်က္စိက်ျခင္းခံလာခဲ့ရပါတယ္။

Liverpool Echo ကလီဗာပူးဟာလူငယ္ပါရမီရွင္ကစားသမားကိုလက္လႊတ္ရရန္ေသခ်ာသေလာက္ရွိေနၿပီျဖစ္ၿပီးသူဟာခ်ဲလ္ဆီး(သို႔မဟုတ္)မန္ယူသို႔ေရာက္ရန္ေသခ်ာေနပါတယ္။

အသက္၁၆ႏွစ္ရွိလူငယ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကလီဗာပူးယူ-၁၈အတြက္၈ပြဲကစားခဲ့ရာမွာ၅ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။

သူဟာမၾကာေသးမီတုန္းကခ်ဲလ္ဆီးရဲ႕ေကာ့ဟမ္ေလ့က်င့္ေရးကြင္းသို႔သြားေရာက္ခဲ့ၿပီးျဖစ္ပါတယ္။ဒါေပမယ့္လည္းလီဗာပူးႏွင့္ခ်ဲလ္ဆီးတို႔ဟာအီသန္အန္နစ္ရဲ႕အေျပာင္းအေ႐ႊ႕ေၾကးနဲ႔ပတ္သက္ၿပီးသေဘာတူညီမႈမရေသးပါဘူး။

ဒါေပမယ့္အီႆန္အန္နရစ္ရဲ႕ေျပာင္းေ႐ႊ႕ေၾကးပမာဏကိုသမာဓိခုံ႐ုံးကဆုံးျဖတ္မႈခံယူလာႏိုင္ပါေသးတယ္။

တစ္ဖက္တြင္လီဗာပူးဟာယခုေႏြရာသီမွာသူတို႔ရဲ႕အကယ္ဒမီစတားမ်ားစြာတို႔ကိုစာခ်ဳပ္ဆိုမႈျပဳလုပ္ထားႏိုင္ၿပီးျဖစ္ပါတယ္။