
ဒါနီလိုဆီကန်ဟာမနေ့ညတုန်းကဆဲလ်တစ်နှင့်ရှက်တာဒိုးနက်စ်တို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာချန်ပီယံလိဂ်သမိုင်းတစ်လျှောက်အကြီးမားဆုံးအပိုင်အခွင့်အရေးဖြုန်းတီးမှုပြုလုပ်ခဲ့ပါတယ်။
ယူကရိန်းဟာမနေ့ညတုန်းကဆဲလ်တစ်ပါ့ခ်တွင်ကစားခဲ့တဲ့ပွဲစဉ်တွင်သရေကျမှုနှင့်အတူ ချန်ပီယံလိဂ်အုပ်စုတတိယနေရာမှာရပ်တည်နေပြီးအုပ်စုနောက်ဆုံးပွဲအထိ ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရေးတိုက်ပွဲဝင်ခွင့်ရှိလာပါတယ်။
ဆဲလ်တစ်ဟာဂျော်ဂျီယို့စ်ဂီယာကူမာကီရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့ယူကရိန်းနေမာ မိုင်ခေလိုမူဒရစ်ကတကိုယ်တော်အစွမ်းဖြင့်လှပတဲ့ဂိုးသွင်းယူပြီးရှက်တာအတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။
ယင်းနောက်အာဆင်နယ်ရဲ့ပစ်မှတ်ထားခြင်းခံနေရတဲ့အသက်၂၁နှစ်ရှိမူဒရစ်ဟာဆဲလ်တစ်ညာခြမ်းမှထိုးဖောက်ပြီးဂိုးပေါက်ရှေ့ရှိ ဆီကန်ထံသို့အနိမ့်ဘောဖြတ်တင်ပေးလိုက်ပါတယ်။
ဆီကန်အနေဖြင့်အကာအကွယ်မဲ့နေတဲ့ဂိုးပေါက်ကိုအသာအယာပိတ်သွင်းပြီးရှက်တာအတွက်အနိုင်ဂိုးသွင်းနိုင်မဲ့အခွင့်အရေးရခဲ့ပါတယ်။ဒါပေမဲ့အံ့ဩသင့်စရာကောင်းလောက်အောင်သူ့ကန်ချက်လွဲချော်သွားခဲ့ပါတယ်။
ရှက်တာဟာအုပ်စုနောက်ဆုံးပွဲအဖြစ်နိုဝင်ဘာလ၂ရက်နေ့မှာရက်ဘူးလ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအနိုင်ရရှိလျှင် ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ပါမယ်။ရှုံးနိမ့်တဲ့အသင်းကတော့ယူရိုပါလိဂ်သို့ဆင်းကစားရမှာဖြစ်ပြီးဆဲလ်တစ်ကတော့ချန်ပီယံလိဂ်မှထွက်ခွာထားရပြီးဖြစ်ပါတယ်။
ZawGyi
အကာအကွယ်မဲ့ဂိုးပေါက်ကို လွဲချော်ကာ ချန်ပီယံလိဂ်သမိုင်းတွင် အကြီးမားဆုံးလွဲချော်မှုလုပ်ခဲ့တဲ့ ဒါနီလိုဆီကန်