အကောင်းဆုံးပုံစံပျောက်ဆုံးနေကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဝန်ခံလာ

အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်တွင်သူ့ရဲ့အကောင်းဆုံးပုံစံပျောက်ဆုံးနေကြောင်းဝန်ခံလာပါတယ်။ဒါပေမယ့်ဟယ်ရီကိန်းကအခြေအနေအပြောင်းအလဲဖြစ်လာအောင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်းကြုံးဝါးသွားပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့ကျောနံပါတ်၉ကစားသမားဟာမနေ့ညတုန်းကဟန်ဂေရီနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရပြီးပွဲချိန်၇၆မိနစ်မှာအေဘရာဟမ်နှင့်လူစားလဲခြင်းခံခဲ့ရပါတယ်။

နွေရာသီတုန်းကမန်စီးတီးသို့ပြောင်းရွှေ့ကစားရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့တဲ့ဟယ်ရီကိန်းဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲ၆ပွဲကစားထားရာမှာလည်းတစ်ဂိုးမျှမသွင်းယူနိုင်သေးပါဘူး။

ကိန်းကသူ့ခြေစွမ်းမှာအကောင်းဆုံးပုံစံတွင်မရှိကြောင်းဝန်ခံခဲ့သော်လည်းသူ့အရည်အသွေးအပေါ်တွင်အပြည့်အဝယုံကြည်မှုရှိနေဆဲဖြစ်ကြောင်းပြောကြားသွားပါတယ်။

ကိိန်းက “လူတိုင်းမှာသူတို့အမြင်နဲ့သူရှိပါတယ်။သူတို့ရဲ့အမြင်ကိုခေါင်းစဉ်တပ်ကြတယ်။ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်ကကိုယ့်ကိုယ်ကိုအကြီးကျယ်ဆုံးဝေဖန်သူပါ။ခြေစွမ်းပြဖို့ဖိအားပေးပါတယ်။ကိုယ့်ကစားပုံအပေါ်ကျွန်တော်ဘယ်လောက်ယုံကြည်မှုရှိတယ်ဆိုတာလူတိုင်းသိပါတယ်။ထိပ်တန်းအဆင့်အားကစားသမားတစ်ဦးဆီကလူတိုင်းအကောင်းဆုံးမျှော်လင့်နေတာဆိုတော့အမြဲတမ်းအသံကဆူနေတာပါ။ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာကလပ်နဲ့နိုင်ငံအတွက်အကောင်းဆုံးပုံစံမှာမရှိကောင်းမရှိနိုင်ပါဘူး။ဒါ့အပြင်ကိုယ့်အရည်အချင်းအပေါ်မှာယုံကြည်မှုရှိပါတယ်။တစ်ခါတစ်လေဒီလိုပဲဖြစ်တတ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အေကာင္းဆုံးပုံစံေပ်ာက္ဆုံးေနေၾကာင္း အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဝန္ခံလာ

အဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္တြင္သူ႔ရဲ႕အေကာင္းဆုံးပုံစံေပ်ာက္ဆုံးေနေၾကာင္းဝန္ခံလာပါတယ္။ဒါေပမယ့္ဟယ္ရီကိန္းကအေျခအေနအေျပာင္းအလဲျဖစ္လာေအာင္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းလည္းႀကဳံးဝါးသြားပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕ေက်ာနံပါတ္၉ကစားသမားဟာမေန႔ညတုန္းကဟန္ေဂရီႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ခဲ့ရၿပီးပြဲခ်ိန္၇၆မိနစ္မွာေအဘရာဟမ္ႏွင့္လူစားလဲျခင္းခံခဲ့ရပါတယ္။

ေႏြရာသီတုန္းကမန္စီးတီးသို႔ေျပာင္းေ႐ႊ႕ကစားရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့တဲ့ဟယ္ရီကိန္းဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲ၆ပြဲကစားထားရာမွာလည္းတစ္ဂိုးမွ်မသြင္းယူႏိုင္ေသးပါဘူး။

ကိန္းကသူ႔ေျခစြမ္းမွာအေကာင္းဆုံးပုံစံတြင္မရွိေၾကာင္းဝန္ခံခဲ့ေသာ္လည္းသူ႔အရည္အေသြးအေပၚတြင္အျပည့္အဝယုံၾကည္မႈရွိေနဆဲျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ကိိန္းက “လူတိုင္းမွာသူတို႔အျမင္နဲ႔သူရွိပါတယ္။သူတို႔ရဲ႕အျမင္ကိုေခါင္းစဥ္တပ္ၾကတယ္။ဒါေပမယ့္ကြၽန္ေတာ္ကိုယ္တိုင္ကကိုယ့္ကိုယ္ကိုအႀကီးက်ယ္ဆုံးေဝဖန္သူပါ။ေျခစြမ္းျပဖို႔ဖိအားေပးပါတယ္။ကိုယ့္ကစားပုံအေပၚကြၽန္ေတာ္ဘယ္ေလာက္ယုံၾကည္မႈရွိတယ္ဆိုတာလူတိုင္းသိပါတယ္။ထိပ္တန္းအဆင့္အားကစားသမားတစ္ဦးဆီကလူတိုင္းအေကာင္းဆုံးေမွ်ာ္လင့္ေနတာဆိုေတာ့အၿမဲတမ္းအသံကဆူေနတာပါ။ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာကလပ္နဲ႔ႏိုင္ငံအတြက္အေကာင္းဆုံးပုံစံမွာမရွိေကာင္းမရွိႏိုင္ပါဘူး။ဒါ့အျပင္ကိုယ့္အရည္အခ်င္းအေပၚမွာယုံၾကည္မႈရွိပါတယ္။တစ္ခါတစ္ေလဒီလိုပဲျဖစ္တတ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။