အကောင်းဆုံးပုံစံရရှိနေမှုရဲ့လျှို့ဝှက်ချက်ကို မိုဟာမက်ဆာလက်ဖွင့်ချလာ

မိုဟာမက်ဆာလက်ဟာလက်ရှိအချိန်တွင်အကောင်းဆုံးပုံစံပြသနိုင်ခြင်းရဲ့လျှို့ဝှက်ချက်ကိုဖွင့်လာပါတယ်။အီဂျစ်စူပါစတားကကိုယ့်ကိုယ်ကိုကမ္ဘာ့အကောင်းဆုံးသမားအဖြစ်ယုံကြည်နေမှုကြောင့်ယင်းသို့အကောင်းဆုံးပုံစံဖြင့်ခြေစွမ်းပြကစားနိုင်ခြင်းဖြစ်ကြောင်းပြောကြားလာပါတယ်။

လီဗာပူးတိုက်စစ်မှူးဟာယခုရာသီတွင်၁၁ပွဲကစားထားရာမှာ၁၂ဂိုးအထိသွင်းယူထားနိုင်ပြီး Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်နေသူလည်းဖြစ်ပါတယ်။

ယနေ့ညတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ထိပ်တိုက်ရင်ဆိုင်မှုမပြုလုပ်မီ မိုဟာမက်ဆာလက်က “ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ရည်မှန်းချက်ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးလိမ်လို့မရပါဘူး။ဒါကြောင့်လည်းဘဲကျွန်တော့်ကိုအလုပ်ကြိုးစားစေပါတယ်။ကိုယ်နဲ့ပတ်သက်ပြီးအကောင်းဆုံးအမြင်ရှိဖို့လုပ်ပါတယ်။ကျွန်တော့်ခေါင်းထဲမှာကျွန်တော်ကသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားပါ။ကျွန်တော့်ခေါင်းထဲမှာယုံကြည်မှုတွေပြည့်နှက်နေဖို့ကြိုးစားပါတယ်။အခြားလူတွေလက်ခံသည်ဖြစ်စေမခံသည်ဖြစ်စေကိုယ့်ကိုယ်ကိုယုံကြည်နေဖို့ကြိုးစားပါတယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကတော့မိုဟာမက်ဆာလက်မှာလက်ရှိအချိန်တွင်မက်ဆီနှင့်ရော်နယ်ဒိုထက်ပိုကောင်းတဲ့ကစားသမားဖြစ်ကြောင်း ချီးကျူးထားပါတယ်။

ဆာလက်က “ဒီလိုပြောတာကျွန်တော့်အတွက်ဂုဏ်ယူစရာပါ။ဒါပေမယ့်အမြင်တွေကတော့ရှိနေပါမယ်။အခုအချိန်မှာကျွန်တော်ကတော့ကိုယ့်ခြေစွမ်းအပေါ်ကျေနပ်နေပါတယ်။ဒါပေမယ့်အမြင်တစ်ခုကတော့ရှိနေမှာပါ။လူတွေလက်ခံသည်ဖြစ်စေမခံသည်ဖြစ်စေကျွန်တော်ကကမ္ဘာ့အကောင်းဆုံးကစားသမားမဟုတ်ဘူးလို့ပြောလို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

ဆာလက်ဟာအင်္ဂါနေ့တုန်းကအက်သလက်တီကိုအားအနိုင်ရရှိတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်လီဗာပူးသမိုင်းတွင်၉ပွဲဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

အသက်၂၉နှစ်ရှိအီဂျစ်စူပါစတားဟာနောက်ဆုံးအိုးထရက်ဖို့ဒ်သို့သွားရောက်ရင်ဆိုင်ရတဲ့ပွဲနှစ်ပွဲတွင်သုံးဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

ZawGyi

အေကာင္းဆုံးပုံစံရရွိေနမႈရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို မိုဟာမက္ဆာလက္ဖြင့္ခ်လာ

မိုဟာမက္ဆာလက္ဟာလက္ရွိအခ်ိန္တြင္အေကာင္းဆုံးပုံစံျပသႏိုင္ျခင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုဖြင့္လာပါတယ္။အီဂ်စ္စူပါစတားကကိုယ့္ကိုယ္ကိုကမာၻ႔အေကာင္းဆုံးသမားအျဖစ္ယုံၾကည္ေနမႈေၾကာင့္ယင္းသို႔အေကာင္းဆုံးပုံစံျဖင့္ေျခစြမ္းျပကစားႏိုင္ျခင္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

လီဗာပူးတိုက္စစ္မႉးဟာယခုရာသီတြင္၁၁ပြဲကစားထားရာမွာ၁၂ဂိုးအထိသြင္းယူထားႏိုင္ၿပီး Ballon d’Or ဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ေနသူလည္းျဖစ္ပါတယ္။

ယေန႔ညတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ထိပ္တိုက္ရင္ဆိုင္မႈမျပဳလုပ္မီ မိုဟာမက္ဆာလက္က “ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္လာဖို႔ရည္မွန္းခ်က္ရွိပါတယ္။ဒါနဲ႔ပတ္သက္ၿပီးလိမ္လို႔မရပါဘူး။ဒါေၾကာင့္လည္းဘဲကြၽန္ေတာ့္ကိုအလုပ္ႀကိဳးစားေစပါတယ္။ကိုယ္နဲ႔ပတ္သက္ၿပီးအေကာင္းဆုံးအျမင္ရွိဖို႔လုပ္ပါတယ္။ကြၽန္ေတာ့္ေခါင္းထဲမွာကြၽန္ေတာ္ကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားပါ။ကြၽန္ေတာ့္ေခါင္းထဲမွာယုံၾကည္မႈေတြျပည့္ႏွက္ေနဖို႔ႀကိဳးစားပါတယ္။အျခားလူေတြလက္ခံသည္ျဖစ္ေစမခံသည္ျဖစ္ေစကိုယ့္ကိုယ္ကိုယုံၾကည္ေနဖို႔ႀကိဳးစားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့မိုဟာမက္ဆာလက္မွာလက္ရွိအခ်ိန္တြင္မက္ဆီႏွင့္ေရာ္နယ္ဒိုထက္ပိုေကာင္းတဲ့ကစားသမားျဖစ္ေၾကာင္း ခ်ီးက်ဴးထားပါတယ္။

ဆာလက္က “ဒီလိုေျပာတာကြၽန္ေတာ့္အတြက္ဂုဏ္ယူစရာပါ။ဒါေပမယ့္အျမင္ေတြကေတာ့ရွိေနပါမယ္။အခုအခ်ိန္မွာကြၽန္ေတာ္ကေတာ့ကိုယ့္ေျခစြမ္းအေပၚေက်နပ္ေနပါတယ္။ဒါေပမယ့္အျမင္တစ္ခုကေတာ့ရွိေနမွာပါ။လူေတြလက္ခံသည္ျဖစ္ေစမခံသည္ျဖစ္ေစကြၽန္ေတာ္ကကမာၻ႔အေကာင္းဆုံးကစားသမားမဟုတ္ဘူးလို႔ေျပာလို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဆာလက္ဟာအဂၤါေန႔တုန္းကအက္သလက္တီကိုအားအႏိုင္ရရွိတဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္လီဗာပူးသမိုင္းတြင္၉ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိအီဂ်စ္စူပါစတားဟာေနာက္ဆုံးအိုးထရက္ဖို႔ဒ္သို႔သြားေရာက္ရင္ဆိုင္ရတဲ့ပြဲႏွစ္ပြဲတြင္သုံးဂိုးသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။