အက်စတွန်ဗီလာတိုက်စစ်မှူးဒန်နီအင်းစ်ကို ၂၀၂၅ ခုနှစ်အထိစာချုပ်ဖြင့် ဝက်စ်ဟမ်းခေါ်ယူ

ဝက်စ်ဟမ်းဟာအက်စတွန်ဗီလာတိုက်စစ်မှူးဒန်နီအင်းစ်ကိုပြောင်းရွှေ့ကြေးပေါင်၁၅သန်းဖြင့်ခေါ်ယူလိုက်ပါတယ်။

ဝက်စ်ဟမ်းဟာအသက်၃၀နှစ်ရှိတိုက်စစ်မှူးအတွက်ပေါင်၁၂သန်းပေးရမှာဖြစ်ပြီးပရီးမီးယားလိဂ်မှတန်းမဆင်းရပါကနောက်ထပ်ပေါင်၃သန်းထပ်မံပေးရမှာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာဒန်နီအင်းစ်ကိုခေါ်ယူပြီးနောက်စာရွက်စာတမ်းများအချိန်မီတင်လိုက်နိုင်မှုနဲ့အတူ ယနေ့ညအဲဗာတန်နှင့်ရင်ဆိုင်ရမဲ့ပွဲမှာစတင်အသုံးပြုနိုင်ပါမယ်။

ဒန်နီအင်းစ်ဟာ၂၀၂၁ခုနှစ်၊ဩဂုတ်လတုန်းကဗီလာသို့ပေါင်၂၅သန်းဖြင့်ပြောင်းပြီးနောက်၁၈လအကြာတွင်ဝက်စ်ဟမ်းသို့ထပ်ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ဟာအီတလီတိုက်စစ်မှူးစကာမာကာမှာဒူးဒဏ်ရာကြောင့်အနားယူနေရမှုနဲ့အတူတိုက်စစ်အတွက်အန်တိုနီယိုတစ်ဦးတည်းကိုသာအားကိုးနေရမှုကြောင့်ဒန်နီအင်းစ်ကိုခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၈နေရာမှာရပ်တည်နေပြီးပရီးမီယားလိဂ်တွင်၁၅ဂိုးတည်းသာသွင်းထားနိုင်ကာနောက်ဆုံး၇ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။

ဒန်နီအင်းစ်ဟာယခုရာသီတွင်ဗီလာအတွက်၂၁ပွဲကစားထားရာမှာ၇ဂိုးသွင်းထားပြီးယင်းမှ၆ဂိုးကပရီးမီးယားလိဂ်တွင်သွင်းထားတာပါ။ဒါပေမဲ့သူဟာကမ္ဘာ့ဖလားနောက်ပိုင်းတွင်ပရီးမီးယားလိဂ်မှာပဲထွက်ခွင့်မရလာတော့ပါဘူး။

ZawGyi

အက္စတြန္ဗီလာတိုက္စစ္မႉးဒန္နီအင္းစ္ကို ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္ျဖင့္ ဝက္စ္ဟမ္းေခၚယူ

ဝက္စ္ဟမ္းဟာအက္စတြန္ဗီလာတိုက္စစ္မႉးဒန္နီအင္းစ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၁၅သန္းျဖင့္ေခၚယူလိုက္ပါတယ္။

ဝက္စ္ဟမ္းဟာအသက္၃၀ႏွစ္ရွိတိုက္စစ္မႉးအတြက္ေပါင္၁၂သန္းေပးရမွာျဖစ္ၿပီးပရီးမီးယားလိဂ္မွတန္းမဆင္းရပါကေနာက္ထပ္ေပါင္၃သန္းထပ္မံေပးရမွာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းဟာဒန္နီအင္းစ္ကိုေခၚယူၿပီးေနာက္စာ႐ြက္စာတမ္းမ်ားအခ်ိန္မီတင္လိုက္ႏိုင္မႈနဲ႔အတူ ယေန႔ညအဲဗာတန္ႏွင့္ရင္ဆိုင္ရမဲ့ပြဲမွာစတင္အသုံးျပဳႏိုင္ပါမယ္။

ဒန္နီအင္းစ္ဟာ၂၀၂၁ခုႏွစ္၊ဩဂုတ္လတုန္းကဗီလာသို႔ေပါင္၂၅သန္းျဖင့္ေျပာင္းၿပီးေနာက္၁၈လအၾကာတြင္ဝက္စ္ဟမ္းသို႔ထပ္ေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ဟာအီတလီတိုက္စစ္မႉးစကာမာကာမွာဒူးဒဏ္ရာေၾကာင့္အနားယူေနရမႈနဲ႔အတူတိုက္စစ္အတြက္အန္တိုနီယိုတစ္ဦးတည္းကိုသာအားကိုးေနရမႈေၾကာင့္ဒန္နီအင္းစ္ကိုေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၈ေနရာမွာရပ္တည္ေနၿပီးပရီးမီယားလိဂ္တြင္၁၅ဂိုးတည္းသာသြင္းထားႏိုင္ကာေနာက္ဆုံး၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားပါတယ္။

ဒန္နီအင္းစ္ဟာယခုရာသီတြင္ဗီလာအတြက္၂၁ပြဲကစားထားရာမွာ၇ဂိုးသြင္းထားၿပီးယင္းမွ၆ဂိုးကပရီးမီးယားလိဂ္တြင္သြင္းထားတာပါ။ဒါေပမဲ့သူဟာကမာၻ႔ဖလားေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္မွာပဲထြက္ခြင့္မရလာေတာ့ပါဘူး။