
အက်စတွန်ဗီလာဟာစတီဗင်ဂျရတ်ကိုထုတ်ပယ်လိုက်ပြီးနောက်အူနိုင်းအမ်မရီကိုနည်းပြသစ်အဖြစ်ခန့်အပ်လာပါတယ်။
အမ်မရီဟာပြီးခဲ့တဲ့အပတ်တုန်းကဖူလ်ဟမ်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရတဲ့စတီဗင်ဂျရတ်နေရာတွင်အစားထိုးတာဝန်ယူရပါမယ်။
အသက်၅၀နှစ်ရှိစပိန်လူမျိုးနည်းပြဟာဗီလာနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရပေမဲ့လည်း အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းရမည်ဖြစ်၍ နိုဝင်ဘာလ၁ရက်နေ့တွင်မှတရားဝင်စတင်တာဝန်ထမ်းဆောင်နိုင်ပါမယ်။
အူနိုင်းအမ်မရီဟာထိပ်တန်းကလပ်များကိုကိုင်တွယ်ဖူးတဲ့အတွေ့အကြုံရင့်နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။
သူဟာဗလင်စီယာ၊ဆီဗီလာ၊ပီအက်စ်ဂျီ၊အာဆင်နယ်တို့ကိုင်တွယ်ခဲ့ဖူးပါတယ်။
သူဟာဆီဗီလာနှင့်အတူ ယူရိုပါလိဂ်ဖလား၃ကြိမ်ဆွတ်ခူးခဲ့ဖူးသလို ၂၀၂၁ခုနှစ်တုန်းကလည်းဗီလာရီးရဲလ်ကို ဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။
သူဟာပီအက်စ်ဂျီကိုကိုင်တွယ်တုန်းကလည်းပြည်တွင်းအမှတ်ပေးဖလားနှင့်ရှုံးထွက်ဖလားတို့ဆွတ်ခူးခဲ့ပါတယ်။
ဗီလာဟာအူနိုင်းအမ်မရီကိုခန့်အပ်နိုင်ရေးအတွက် ဗီလာရီးရဲလ်ကိုနစ်နာကြေးပေါင်၅.၂၅သန်းပေးခဲ့ရပါတယ်။
အူနိုင်းအမ်မရီဟာဗီလာနှင့်တစ်နှစ်လုပ်ခပေါင်၆သန်းတန်၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
သူဟာလာမယ့်စနေနေ့တွင်စိန့်ဂျိမ်းစ်ပါ့ခ်သို့သွားရောက်ရင်ဆိုင်ရမယ့်နယူးကာဆယ်နှင့်ပွဲတွင် ဗီလာကိုဦးဆောင်နိုင်ဦးမှာမဟုတ်သေးဘဲ နိုဝင်ဘာလ၆ ရက်နေ့ ယူနိုက်တက်နှင့်ရင်ဆိုင်ရမယ့်အိမ်ကွင်းပွဲတွင်မှကြီးကြပ်နိုင်ပါမယ်။
ZawGyi
အက္စတြန္ဗီလာနည္းျပသစ္အျဖစ္ အူႏိုင္းအမ္မရီခန႔္အပ္ျခင္းခံရ
အက္စတြန္ဗီလာဟာစတီဗင္ဂ်ရတ္ကိုထုတ္ပယ္လိုက္ၿပီးေနာက္အူႏိုင္းအမ္မရီကိုနည္းျပသစ္အျဖစ္ခန႔္အပ္လာပါတယ္။
အမ္မရီဟာၿပီးခဲ့တဲ့အပတ္တုန္းကဖူလ္ဟမ္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲ့ရတဲ့စတီဗင္ဂ်ရတ္ေနရာတြင္အစားထိုးတာဝန္ယူရပါမယ္။
အသက္၅၀ႏွစ္ရွိစပိန္လူမ်ိဳးနည္းျပဟာဗီလာနည္းျပအျဖစ္ ခန႔္အပ္ျခင္းခံလာရေပမဲ့လည္း အလုပ္လုပ္ခြင့္ပါမစ္ေစာင့္ဆိုင္းရမည္ျဖစ္၍ ႏိုဝင္ဘာလ၁ရက္ေန႔တြင္မွတရားဝင္စတင္တာဝန္ထမ္းေဆာင္ႏိုင္ပါမယ္။
အူႏိုင္းအမ္မရီဟာထိပ္တန္းကလပ္မ်ားကိုကိုင္တြယ္ဖူးတဲ့အေတြ႕အႀကဳံရင့္နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။
သူဟာဗလင္စီယာ၊ဆီဗီလာ၊ပီအက္စ္ဂ်ီ၊အာဆင္နယ္တို႔ကိုင္တြယ္ခဲ့ဖူးပါတယ္။
သူဟာဆီဗီလာႏွင့္အတူ ယူ႐ိုပါလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးခဲ့ဖူးသလို ၂၀၂၁ခုႏွစ္တုန္းကလည္းဗီလာရီးရဲလ္ကို ဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ေပးခဲ့ဖူးပါတယ္။
သူဟာပီအက္စ္ဂ်ီကိုကိုင္တြယ္တုန္းကလည္းျပည္တြင္းအမွတ္ေပးဖလားႏွင့္ရႈံးထြက္ဖလားတို႔ဆြတ္ခူးခဲ့ပါတယ္။
ဗီလာဟာအူႏိုင္းအမ္မရီကိုခန႔္အပ္ႏိုင္ေရးအတြက္ ဗီလာရီးရဲလ္ကိုနစ္နာေၾကးေပါင္၅.၂၅သန္းေပးခဲ့ရပါတယ္။
အူႏိုင္းအမ္မရီဟာဗီလာႏွင့္တစ္ႏွစ္လုပ္ခေပါင္၆သန္းတန္၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။
သူဟာလာမယ့္စေနေန႔တြင္စိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔သြားေရာက္ရင္ဆိုင္ရမယ့္နယူးကာဆယ္ႏွင့္ပြဲတြင္ ဗီလာကိုဦးေဆာင္ႏိုင္ဦးမွာမဟုတ္ေသးဘဲ ႏိုဝင္ဘာလ၆ ရက္ေန႔ ယူႏိုက္တက္ႏွင့္ရင္ဆိုင္ရမယ့္အိမ္ကြင္းပြဲတြင္မွႀကီးၾကပ္ႏိုင္ပါမယ္။