အက်စတွန်ဗီလာရဲ့အချိန်ဖြုန်းဗျူဟာကို ဝေဖန်လာတဲ့ လိဒ်နည်းပြဂျက်စီမတ်ရှ်

လိဒ်ယူနိုက်တက်နည်းပြဂျက်စီမတ်ရှ်ဟာ Elland Road တွင်အက်စတွန်ဗီလာနှင့်ဂိုးမရှိသရေကျတဲ့ပွဲအပြီးတွင်ပြိုင်ဘက်အသင်းရဲ့အချိန်ဖြုန်းနည်းဗျူဟာကိုဝေဖန်မှုပြုလုပ်လာပါတယ်။

အိမ်ရှင်လိဒ်ဟာလူးဝစ်ဆီနီစတာရာ နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရမှုကြောင့်တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရပါတယ်။ဒါပေမဲ့လိဒ်ယူနိုက်တက်ဟာစတီဗင်ဂျရတ်ရဲ့ဗီလာနှင့်ပွဲတွင်ရမှတ်တစ်မှတ်ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ဂျက်စီမတ်ရှ်က “ဗီလာကပွဲကိုနှေးအောင်လုပ်တယ်။သူတို့ကဘောလုံးကိုအဝေးသို့ပို့ချင်တာသက်သက်ရယ်ပါ။ Goal Kick ကန်ဖို့လည်းတစ်မိနစ်လောက်အချိန်ယူတယ်။ဒါနဲ့ပတ်သက်ပြီးလိဂ်က တာဝန်ရှိသူတစ်ဦးဦးကိုအသိပေးသွားမယ်။ဒိုင်ကော်မတီကိုလည်းပြောပြီးပြီ။ဒါကနည်းဗျူဟာတစ်ခုဆိုတာရှင်းရှင်းလေးပါ။ကျွန်တော့်ပရိသတ်တွေက ကစားသမားတွေအင်တိုက်အားတိုက်ကစားတာမြင်ချင်ကြတယ်။ဒါပေမဲ့ဗီလာကတော့ဇာတ်ညွှန်းကိုလှန်ဖို့ကြိုးစားနေတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အက်စတွန်ဗီလာနည်းပြဂျရတ်ကတော့ “သူတို့ ဆယ်ဦးတည်းနဲ့ကစားရတဲ့အချိန်မျိုးမှာအချိန်ဖြုန်းနေတာကိုသူတို့မပျော်ဘူးတဲ့လား။နှစ်မျိုးလုံးပြောလို့ရတယ်။ကျွန်တော်ဂျက်စီကိုစိတ်မဝင်စားပါဘူး။ကျွန်တော်တို့ဘက်ကတော့လုပ်စရာရှိတာလုပ်မယ်။အက်စတွန်ဗီလာကိုပဲစိတ်ဝင်စားတယ်”လို့တုံ့ပြန်သွားပါတယ်။

ZawGyi

အက္စတြန္ဗီလာရဲ႕အခ်ိန္ျဖဳန္းဗ်ဴဟာကို ေဝဖန္လာတဲ့ လိဒ္နည္းျပဂ်က္စီမတ္ရွ္

လိဒ္ယူႏိုက္တက္နည္းျပဂ်က္စီမတ္ရွ္ဟာ Elland Road တြင္အက္စတြန္ဗီလာႏွင့္ဂိုးမရွိသေရက်တဲ့ပြဲအၿပီးတြင္ၿပိဳင္ဘက္အသင္းရဲ႕အခ်ိန္ျဖဳန္းနည္းဗ်ဴဟာကိုေဝဖန္မႈျပဳလုပ္လာပါတယ္။

အိမ္ရွင္လိဒ္ဟာလူးဝစ္ဆီနီစတာရာ ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရမႈေၾကာင့္တစ္ေယာက္အေလွ်ာ့ျဖင့္ကစားခဲ့ရပါတယ္။ဒါေပမဲ့လိဒ္ယူႏိုက္တက္ဟာစတီဗင္ဂ်ရတ္ရဲ႕ဗီလာႏွင့္ပြဲတြင္ရမွတ္တစ္မွတ္ရယူႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ဂ်က္စီမတ္ရွ္က “ဗီလာကပြဲကိုေႏွးေအာင္လုပ္တယ္။သူတို႔ကေဘာလုံးကိုအေဝးသို႔ပို႔ခ်င္တာသက္သက္ရယ္ပါ။ Goal Kick ကန္ဖို႔လည္းတစ္မိနစ္ေလာက္အခ်ိန္ယူတယ္။ဒါနဲ႔ပတ္သက္ၿပီးလိဂ္က တာဝန္ရွိသူတစ္ဦးဦးကိုအသိေပးသြားမယ္။ဒိုင္ေကာ္မတီကိုလည္းေျပာၿပီးၿပီ။ဒါကနည္းဗ်ဴဟာတစ္ခုဆိုတာရွင္းရွင္းေလးပါ။ကြၽန္ေတာ့္ပရိသတ္ေတြက ကစားသမားေတြအင္တိုက္အားတိုက္ကစားတာျမင္ခ်င္ၾကတယ္။ဒါေပမဲ့ဗီလာကေတာ့ဇာတ္ၫႊန္းကိုလွန္ဖို႔ႀကိဳးစားေနတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အက္စတြန္ဗီလာနည္းျပဂ်ရတ္ကေတာ့ “သူတို႔ ဆယ္ဦးတည္းနဲ႔ကစားရတဲ့အခ်ိန္မ်ိဳးမွာအခ်ိန္ျဖဳန္းေနတာကိုသူတို႔မေပ်ာ္ဘူးတဲ့လား။ႏွစ္မ်ိဳးလုံးေျပာလို႔ရတယ္။ကြၽန္ေတာ္ဂ်က္စီကိုစိတ္မဝင္စားပါဘူး။ကြၽန္ေတာ္တို႔ဘက္ကေတာ့လုပ္စရာရွိတာလုပ္မယ္။အက္စတြန္ဗီလာကိုပဲစိတ္ဝင္စားတယ္”လို႔တုံ႔ျပန္သြားပါတယ္။