အက်ဇ်ပီလီကူတာကို ကြမ်းတမ်းစွာပုခုံးဖြင့်တိုက်လှဲခဲ့တဲ့ အီဘရာဟီမိုဗစ် ဆွီဒင်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်လွဲမည်

ဇလာတန်အီဘရာဟီမိုဗစ်ဟာတနင်္ဂနွေနေ့တုန်းကစပိန်အားရှုံးနိမ့်တဲ့ပွဲစဉ်တွင်ဆီဇာအက်ဇ်ပီလီကူတာကိုကြမ်းတမ်းစွာပုခုံးဖြင့်တိုက်လှဲခဲ့မှုအတွက် ဆွီဒင်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ပထမအကျော့ပွဲစဉ်ကိုလွဲချော်ပါမယ်။

လူးဝစ်အန်းနရစ်ရဲ့စပိန်အသင်းဟာမိုရာတာရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကဖြင့်ဆွီဒင်ကိုအနိုင်ရရှိကာကာတာကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သွားခဲ့ပါတယ်။ဆွီဒင်ဟာပလေးအော့ဖ်တွင်အခြားဥရောပအသင်းကောင်းတစ်သင်းနှင့်တွေ့ဆုံယှဉ်ပြိုင်ရပါမယ်။

အဆိုပါပွဲစဉ်တွင်ဂိုးမရှိသရေကျနေတဲ့ပွဲချိန်၇၃မိနစ်တွင်အသက်၄၀နှစ်ရှိအီဘရာဟီမိုဗစ်ဟာထောင့်ကန်ဘောကန်စဉ်ချဲလ်ဆီးဝါရင့်နောက်ခံလူအားနောက်မှပုခုံးဖြင့်ပြင်းထန်စွာတိုက်ချခဲ့ပါတယ်။အက်ဇ်ပီလီကူတာဟာအီဘရာဟီမိုဗစ်ရဲ့တွန်းတိုက်မှုကြောင့်လဲကျသွားခဲ့ပါတယ်။

ရုပ်သံကအီဘရာဟီမိုဗစ်ကိုအဝါကတ်ပြသကြောင်းပြသခဲ့ခြင်းမရှိပါဘူး။ဒါပေမယ့်ယူအီးအက်ဖ်အေဝက်ဘ်ဆိုက်တွင်အီဘရာဟီမိုဗစ်မှာအဝါကတ်ပြသခံရကြောင်းဖော်ပြထားပါတယ်။

အီဘရာဟီမိုဗစ်ဟာယခင်ကအဝါကတ်တစ်ကတ်ပြသခံထားရပြီးဖြစ်ရာဒုတိယမြောက်အဝါကတ်ကြောင့်ဆွီဒင်ရဲ့ပလေးအော့ဖ်ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။

zawgyi

အက္ဇ္ပီလီကူတာကို ၾကမ္းတမ္းစြာပုခုံးျဖင့္တိုက္လွဲခဲ့တဲ့ အီဘရာဟီမိုဗစ္ ဆြီဒင္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္လြဲမည္

ဇလာတန္အီဘရာဟီမိုဗစ္ဟာတနဂၤေႏြေန႔တုန္းကစပိန္အားရႈံးနိမ့္တဲ့ပြဲစဥ္တြင္ဆီဇာအက္ဇ္ပီလီကူတာကိုၾကမ္းတမ္းစြာပုခုံးျဖင့္တိုက္လွဲခဲ့မႈအတြက္ ဆြီဒင္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္ပထမအေက်ာ့ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

လူးဝစ္အန္းနရစ္ရဲ႕စပိန္အသင္းဟာမိုရာတာရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးကျဖင့္ဆြီဒင္ကိုအႏိုင္ရရွိကာကာတာကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္သြားခဲ့ပါတယ္။ဆြီဒင္ဟာပေလးေအာ့ဖ္တြင္အျခားဥေရာပအသင္းေကာင္းတစ္သင္းႏွင့္ေတြ႕ဆုံယွဥ္ၿပိဳင္ရပါမယ္။

အဆိုပါပြဲစဥ္တြင္ဂိုးမရွိသေရက်ေနတဲ့ပြဲခ်ိန္၇၃မိနစ္တြင္အသက္၄၀ႏွစ္ရွိအီဘရာဟီမိုဗစ္ဟာေထာင့္ကန္ေဘာကန္စဥ္ခ်ဲလ္ဆီးဝါရင့္ေနာက္ခံလူအားေနာက္မွပုခုံးျဖင့္ျပင္းထန္စြာတိုက္ခ်ခဲ့ပါတယ္။အက္ဇ္ပီလီကူတာဟာအီဘရာဟီမိုဗစ္ရဲ႕တြန္းတိုက္မႈေၾကာင့္လဲက်သြားခဲ့ပါတယ္။

႐ုပ္သံကအီဘရာဟီမိုဗစ္ကိုအဝါကတ္ျပသေၾကာင္းျပသခဲ့ျခင္းမရွိပါဘူး။ဒါေပမယ့္ယူအီးအက္ဖ္ေအဝက္ဘ္ဆိုက္တြင္အီဘရာဟီမိုဗစ္မွာအဝါကတ္ျပသခံရေၾကာင္းေဖာ္ျပထားပါတယ္။

အီဘရာဟီမိုဗစ္ဟာယခင္ကအဝါကတ္တစ္ကတ္ျပသခံထားရၿပီးျဖစ္ရာဒုတိယေျမာက္အဝါကတ္ေၾကာင့္ဆြီဒင္ရဲ႕ပေလးေအာ့ဖ္ပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။