အက်ဇ်ပီလီကူတာကို ရက်ရက်စက်စက်လုပ်ခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ်

ဇလာတန်အီဘရာဟီမိုဗစ်ဟာတစ်ကိုယ်တော်အစွမ်းနဲ့ လှပတဲ့အခိုက်အတန့်များဖန်တီးရာမှာနာမည်ကြီးသလို မိုက်တိမိုက်ကန်းလုပ်ရပ်များအတွက်လည်းနာမည်ဆိုးနဲ့ကျော်ကြားသူဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညတုန်းကစပိန်ကိုရှုံးနိမ့်တဲ့ဆွီဒင်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာဇလာတန်အီဘရာဟီမိုဗစ်ဟာပြိုင်ဘက်ကစားသမားတစ်ဦးကိုစိတ်မကောင်းစရာကောင်းလောက်အောင်ရက်ရက်စစ်စက်ပြုမူခဲ့ပါတယ်။

အသက်၄၀နှစ်ရှိအီဘရာဟီမိုဗစ်ဟာစိတ်မထိန်းနိုင်ဖြစ်ပြီးစပိန်နောက်ခံလူဆီဇာအက်ဇ်ပီလီကူတာကိုပုခုံးဖြင့်အားကုန်တိုက်ကာကွင်းထဲမှာလဲကျသွားအောင်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးမရှိသရေကျနေချိန် ထောင့်ကန်ဘောကန်ချိန်တွင်ချဲလ်ဆီးအသင်းခေါင်းဆောင်ကိုအီဘရာဟီမိုဗစ်ကပုခုံးနှင့်အားကုန်တိုက်လဲခဲ့တာဖြစ်ပါတယ်။

အက်ဇ်ပီလီကူတာဟာအီဘရာဟီမိုဗစ်ရဲ့အားကုန်အတိုက်ခံရမှုကြောင့် ကွင်းထဲမှာလဲကျသွားခဲ့ပြီးနောက်ကျောနာကျင်နေခဲ့တာတွေ့ရပါတယ်။

အီဘရာဟီမိုဗစ်ဟာယင်းလုပ်ရပ်အတွက်အရေးယူခြင်းမခံခဲ့ရပါဘူး။ဒါပေမယ့်ကံကြမ္မာကအီဘရာဟီမိုဗစ်ကိုဆက်လက်မျက်နှာသာမပေးပါဘူး။မကြာမီအချိန်မှာဘဲမိုရာတာကစပိန်အတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

စပိန်ဟာဆွီဒင်နိုင်ပွဲကြောင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။ဆွီဒင်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးပလေးအော့ဖ်ကနေကြိုးစားရပါမယ်။

ZawGyi

အက္ဇ္ပီလီကူတာကို ရက္ရက္စက္စက္လုပ္ခဲ့တဲ့ ဇလာတန္အီဘရာဟီမိုဗစ္

ဇလာတန္အီဘရာဟီမိုဗစ္ဟာတစ္ကိုယ္ေတာ္အစြမ္းနဲ႔ လွပတဲ့အခိုက္အတန႔္မ်ားဖန္တီးရာမွာနာမည္ႀကီးသလို မိုက္တိမိုက္ကန္းလုပ္ရပ္မ်ားအတြက္လည္းနာမည္ဆိုးနဲ႔ေက်ာ္ၾကားသူျဖစ္ပါတယ္။

တနဂၤေႏြေန႔ညတုန္းကစပိန္ကိုရႈံးနိမ့္တဲ့ဆြီဒင္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမွာဇလာတန္အီဘရာဟီမိုဗစ္ဟာၿပိဳင္ဘက္ကစားသမားတစ္ဦးကိုစိတ္မေကာင္းစရာေကာင္းေလာက္ေအာင္ရက္ရက္စစ္စက္ျပဳမူခဲ့ပါတယ္။

အသက္၄၀ႏွစ္ရွိအီဘရာဟီမိုဗစ္ဟာစိတ္မထိန္းႏိုင္ျဖစ္ၿပီးစပိန္ေနာက္ခံလူဆီဇာအက္ဇ္ပီလီကူတာကိုပုခုံးျဖင့္အားကုန္တိုက္ကာကြင္းထဲမွာလဲက်သြားေအာင္ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဂိုးမရွိသေရက်ေနခ်ိန္ ေထာင့္ကန္ေဘာကန္ခ်ိန္တြင္ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ကိုအီဘရာဟီမိုဗစ္ကပုခုံးႏွင့္အားကုန္တိုက္လဲခဲ့တာျဖစ္ပါတယ္။

အက္ဇ္ပီလီကူတာဟာအီဘရာဟီမိုဗစ္ရဲ႕အားကုန္အတိုက္ခံရမႈေၾကာင့္ ကြင္းထဲမွာလဲက်သြားခဲ့ၿပီးေနာက္ေက်ာနာက်င္ေနခဲ့တာေတြ႕ရပါတယ္။

အီဘရာဟီမိုဗစ္ဟာယင္းလုပ္ရပ္အတြက္အေရးယူျခင္းမခံခဲ့ရပါဘူး။ဒါေပမယ့္ကံၾကမၼာကအီဘရာဟီမိုဗစ္ကိုဆက္လက္မ်က္ႏွာသာမေပးပါဘူး။မၾကာမီအခ်ိန္မွာဘဲမိုရာတာကစပိန္အတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။

စပိန္ဟာဆြီဒင္ႏိုင္ပြဲေၾကာင့္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္သြားခဲ့ပါတယ္။ဆြီဒင္ဟာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးပေလးေအာ့ဖ္ကေနႀကိဳးစားရပါမယ္။