အက်ဇ်ပီလီကူတာကို အနိုင်ကျင့်ခဲ့မှုအတွက် ပွဲပယ်ခံရပေမယ့် အီဘရာဟီမိုဗစ်နောင်တမရ

ဇလာတန်အီဘရာဟီမိုဗစ်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ဆီဇာအက်ဇ်ပီလီကူတာအားနောက်မှပုခုံးဖြင့်အားကုန်သုံးတိုက်ခဲ့မှုနှင့်ပတ်သက်ပြီးပထမဆုံးအကြိမ်အဖြစ်ပြောကြားလာပါတယ်။ဆွီဒင်တိုက်စစ်မှူးကယင်းသို့လုပ်ရပ်မျိုးကိုနောင်တွင်လည်းလိုအပ်လာပါကပြုလုပ်သွားဦးမှာဖြစ်ကြောင်းပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကဆွီဒင်နှင့်အီဘရာဟီမိုဗစ်တို့ဟာကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲဖြစ်တဲ့စပိန်နှင့်ပွဲတွင်ရှုံးနိမ့်မှုနဲ့အတူကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်ခွင့်ဆုံးရှုံးခဲ့ပြီးပလေးအော့ဖ်မှတဆင့်ကြိုးစားရပါတော့မယ်။

အဆိုပါပွဲစဉ်တွင်အသက်၄၀နှစ်ရှိအေစီမီလန်တိုက်စစ်မှူးဟာစပိန်နောက်ခံလူအက်ဇ်ပီလီကူတာကိုပုခုံးဖြင့်အားကုန်သုံးတိုက်လဲခဲ့ပြီး ယင်းလုပ်ရပ်အတွက်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။သူဟာယင်းအဝါကတ်ကြောင့်တစ်ပွဲပယ်ခံခဲ့ရပြီးကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ပထမဆုံးပွဲကိုလွဲပါမယ်။

အီဘရာဟီမိုဗစ်ဟာယင်းသို့တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပေမယ့်သူ့လုပ်ရပ်အတွက်နောင်တရခြင်းမရှိဘဲလိုအပ်လာပါကနောက်လည်းထပ်လုပ်ဦးမှာဖြစ်ကြောင်းဆိုလာပါတယ်။

အီဘရာဟီမိုဗစ်က “ကျွန်တော်ဟာပြစ်ဒဏ်တစ်ခုကျူးလွန်ခဲ့တယ်။လိုအပ်လို့လုပ်ခဲ့တာပါ။သူလည်းကျွန်တော့်ကစားသမားကိုလုပ်ခဲ့လို့လုပ်ခဲ့တာပါ။ဒီလိုပြောဖို့အတွက်မရှက်ပါဘူး။ကျွန်တော့်ကစားသမားကိုအကြီးကြီးလုပ်ခဲ့တာပါ။မိုက်မဲတဲ့လုပ်ရပ်တစ်ခုပါ။ဒါပေမယ့်သူ့ကိုနားလည်လာအောင်လုပ်သွားပါဦးမယ်။’ဘောလုံးမရှိတဲ့အချိန်မှာကြောင်ကြောင်တောင်တောင် ငါ့ကိုလာလုပ်ရင်မင်းကိုဘာလုပ်ပြမယ်ဆိုတာပြပါမယ်’ဆိုတဲ့သဘောနဲ့လုပ်ခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

အထက်ပါအဖြစ်အပျက်ပြီးနောက်ချဲလ်ဆီးနောက်ခံလူကသူ့ကိုတစ်စုံတစ်ရာလာပြောသေးလားလို့မေးမြန်းလာမှုကိုအီဘရာဟီမိုဗစ်က “သူဘာပြောနိုင်မှာမို့လို့လဲ။ကျုပ်ကိုလာမပြောသင့်ဘူး။ဘာတစ်ခုမှမလုပ်ခဲ့တဲ့အပြစ်မရှိတဲ့ကျုပ်ကစားသမားကိုဘဲသွားပြောရမှာ။ကျုပ်လုပ်ခဲ့တာကောင်းတော့မကောင်းဘူးပေါ့။ဒါပေမယ့်လိုအပ်လာရင်လုပ်ဦးမှာဘဲ။ဒါကကျုပ်စတိုင်ပဲ။ဒီလိုပြောဖို့လဲရှက်မနေဘူး။မိုက်မဲတာတစ်ခုကိုလုပ်ခဲ့တယ်။ဒါပေမယ့်ထပ်လုပ်ဦးမယ်။တစ်ရာခိုင်နှုန်းပဲ”လို့ပြောကြားသွားပါတယ်။

ZawGyi

အက္ဇ္ပီလီကူတာကို အႏိုင္က်င့္ခဲ့မႈအတြက္ ပြဲပယ္ခံရေပမယ့္ အီဘရာဟီမိုဗစ္ေနာင္တမရ

ဇလာတန္အီဘရာဟီမိုဗစ္ဟာကမာၻ႔ဖလားေျခစစ္ပြဲတြင္ဆီဇာအက္ဇ္ပီလီကူတာအားေနာက္မွပုခုံးျဖင့္အားကုန္သုံးတိုက္ခဲ့မႈႏွင့္ပတ္သက္ၿပီးပထမဆုံးအႀကိမ္အျဖစ္ေျပာၾကားလာပါတယ္။ဆြီဒင္တိုက္စစ္မႉးကယင္းသို႔လုပ္ရပ္မ်ိဳးကိုေနာင္တြင္လည္းလိုအပ္လာပါကျပဳလုပ္သြားဦးမွာျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကဆြီဒင္ႏွင့္အီဘရာဟီမိုဗစ္တို႔ဟာကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲျဖစ္တဲ့စပိန္ႏွင့္ပြဲတြင္ရႈံးနိမ့္မႈနဲ႔အတူကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ခြင့္ဆုံးရႈံးခဲ့ၿပီးပေလးေအာ့ဖ္မွတဆင့္ႀကိဳးစားရပါေတာ့မယ္။

အဆိုပါပြဲစဥ္တြင္အသက္၄၀ႏွစ္ရွိေအစီမီလန္တိုက္စစ္မႉးဟာစပိန္ေနာက္ခံလူအက္ဇ္ပီလီကူတာကိုပုခုံးျဖင့္အားကုန္သုံးတိုက္လဲခဲ့ၿပီး ယင္းလုပ္ရပ္အတြက္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။သူဟာယင္းအဝါကတ္ေၾကာင့္တစ္ပြဲပယ္ခံခဲ့ရၿပီးကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္ပထမဆုံးပြဲကိုလြဲပါမယ္။

အီဘရာဟီမိုဗစ္ဟာယင္းသို႔တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရေပမယ့္သူ႔လုပ္ရပ္အတြက္ေနာင္တရျခင္းမရွိဘဲလိုအပ္လာပါကေနာက္လည္းထပ္လုပ္ဦးမွာျဖစ္ေၾကာင္းဆိုလာပါတယ္။

အီဘရာဟီမိုဗစ္က “ကြၽန္ေတာ္ဟာျပစ္ဒဏ္တစ္ခုက်ဴးလြန္ခဲ့တယ္။လိုအပ္လို႔လုပ္ခဲ့တာပါ။သူလည္းကြၽန္ေတာ့္ကစားသမားကိုလုပ္ခဲ့လို႔လုပ္ခဲ့တာပါ။ဒီလိုေျပာဖို႔အတြက္မရွက္ပါဘူး။ကြၽန္ေတာ့္ကစားသမားကိုအႀကီးႀကီးလုပ္ခဲ့တာပါ။မိုက္မဲတဲ့လုပ္ရပ္တစ္ခုပါ။ဒါေပမယ့္သူ႔ကိုနားလည္လာေအာင္လုပ္သြားပါဦးမယ္။’ေဘာလုံးမရွိတဲ့အခ်ိန္မွာေၾကာင္ေၾကာင္ေတာင္ေတာင္ ငါ့ကိုလာလုပ္ရင္မင္းကိုဘာလုပ္ျပမယ္ဆိုတာျပပါမယ္’ဆိုတဲ့သေဘာနဲ႔လုပ္ခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။

အထက္ပါအျဖစ္အပ်က္ၿပီးေနာက္ခ်ဲလ္ဆီးေနာက္ခံလူကသူ႔ကိုတစ္စုံတစ္ရာလာေျပာေသးလားလို႔ေမးျမန္းလာမႈကိုအီဘရာဟီမိုဗစ္က “သူဘာေျပာႏိုင္မွာမို႔လို႔လဲ။က်ဳပ္ကိုလာမေျပာသင့္ဘူး။ဘာတစ္ခုမွမလုပ္ခဲ့တဲ့အျပစ္မရွိတဲ့က်ဳပ္ကစားသမားကိုဘဲသြားေျပာရမွာ။က်ဳပ္လုပ္ခဲ့တာေကာင္းေတာ့မေကာင္းဘူးေပါ့။ဒါေပမယ့္လိုအပ္လာရင္လုပ္ဦးမွာဘဲ။ဒါကက်ဳပ္စတိုင္ပဲ။ဒီလိုေျပာဖို႔လဲရွက္မေနဘူး။မိုက္မဲတာတစ္ခုကိုလုပ္ခဲ့တယ္။ဒါေပမယ့္ထပ္လုပ္ဦးမယ္။တစ္ရာခိုင္ႏႈန္းပဲ”လို႔ေျပာၾကားသြားပါတယ္။