အက်ဒ်ဝုဒ်ဝတ်နေရာကို ဆက်ခံမယ့်သူအား မကြာမီ ကြေညာလာတော့မယ့် သရဲနီ

မန်ယူဟာမကြာမီကာလအတွင်းတွင်အက်ဒ်ဝုဒ်ဝတ်နေရာကိုဆက်ခံမယ့်သူအားကြေညာလာမှာဖြစ်ကြောင်းသိရပါတယ်။မန်ယူဟာအက်ဒ်ဝုဒ်ဝတ်နေရာကိုဆက်ခံမယ့်သူအားအစောပိုင်းလာမယ့်လတွင်ကြေညာလာနိုင်ပြီး ယခုနှစ်မကုန်မီကြေညာလာမှာတော့သေချာနေပါတယ်။

Sky Sports ကမန်ယူဟာအက်ဒ်ဝုဒ်ဝတ်နေရာတွင် Group Managing Director ရစ်ချက်အာနိုးကိုအစားထိုးခန့်အပ်သွားမယ်လို့ဖော်ပြသွားပါတယ်။

အက်ဒ်ဝုဒ်ဝတ်ဟာမန်ယူတွင်အကြီးအကဲအဖြစ်ရှစ်နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးသူဦးဆောင်စဉ်အတွင်းတွင်အက်ဖ်အေဖလား၊ယူအီးအက်ဖ်အေယူရိုပါလိဂ်ဖလားအပါအဝင်ဖလားသုံးလုံးဆွတ်ခူးခဲ့ပါတယ်။

ဒါပေမယ့်ကလပ်ဟာ၂၀၁၃ခုနှစ်နောက်ပိုင်းပရီးမီးယားလိဂ်ဖလားတော့မဆွတ်ခူးနိုင်ခဲ့ပါဘူး။၎င်းရဲ့မန်ယူဟာပရီးမီးယားလိဂ်တွင်အမြင့်မားဆုံးအဖြစ်၂၀၁၈နှင့်၂၀၂၁ခုနှစ်တို့တွင်အဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

အက်ဒ်ဝုဒ်ဝတ်ဦးဆောင်စဉ်ကာလအတွင်းမှာမန်ယူဟာပေါလ်ပေါ့ဘာ၊ဟယ်ရီမက်ဂွိုင်းယား၊လူကာကူစတဲ့ထိပ်တန်းကစားသမားများကိုကြေးကြီးပေးခေါ်ယူအားဖြည့်ပေးလာခဲ့ပါတယ်။

အထူးသဖြင့်အက်ဒ်ဝုဒ်ဝတ်ဟာယခုနွေရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုပေါင်၁၃သန်းဝန်းကျင်မျှဖြင့်ခေါ်ယူပေးနိုင်မှုနဲ့အတူချီးကျူးခံထားရပါတယ်။ဒါ့အပြင်၎င်းတို့ဟာအဓိကပစ်မှတ်များဖြစ်တဲ့ဆန်ချိုနှင့်ဗာရိန်းတို့ကိုလည်းခေါ်ယူနိုင်ခဲ့ပါတယ်။

အက်ဒ်ဝုဒ်ဝတ်ဟာပြီးခဲ့တဲ့ဧပြီလတုန်းကဥရောပစူပါလိဂ်စီမံကိန်းတွင်ပါဝင်ပတ်သက်မှုကြောင့်ပရိသတ်များရဲ့ဆန့်ကျင်မှုနဲ့ရင်ဆိုင်ခဲ့ရကာရာထူးမှနုတ်ထွက်ရန်ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

တကယ်တော့မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုဟာမန်ယူကိုဝယ်ယူပြီးကတည်းကပရိသတ်များရဲ့ဆန့်ကျင်မှုနဲ့ရင်ဆိုင်လာခဲ့ရတာပါ။နောက်ပိုင်းမှာဂလေဇာမိသားစုဟာပရိသတ်များနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ရန်ကြိုးပမ်းလာပြီး ကလပ်ရဲ့အရေးပါတဲ့ရှယ်ယာများကိုပါ ရောင်းချရန်စီစဉ်လာပါတယ်။

အက်ဒ်ဝုဒ်ဝတ်နေရာကိုဆက်ခံမယ့်အာနိုးဟာ၂၀၀၇ခုနှစ်ကတည်းကမန်ယူတွင်တာဝန်ထမ်းဆာင်လာခဲ့သူဖြစ်ပြီးမန်ယူအတွက်ပေါင်သန်းပေါင်းများစွာရှာဖွေပေးလာခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

အက္ဒ္ဝုဒ္ဝတ္ေနရာကို ဆက္ခံမယ့္သူအား မၾကာမီ ေၾကညာလာေတာ့မယ့္ သရဲနီ

မန္ယူဟာမၾကာမီကာလအတြင္းတြင္အက္ဒ္ဝုဒ္ဝတ္ေနရာကိုဆက္ခံမယ့္သူအားေၾကညာလာမွာျဖစ္ေၾကာင္းသိရပါတယ္။မန္ယူဟာအက္ဒ္ဝုဒ္ဝတ္ေနရာကိုဆက္ခံမယ့္သူအားအေစာပိုင္းလာမယ့္လတြင္ေၾကညာလာႏိုင္ၿပီး ယခုႏွစ္မကုန္မီေၾကညာလာမွာေတာ့ေသခ်ာေနပါတယ္။

Sky Sports ကမန္ယူဟာအက္ဒ္ဝုဒ္ဝတ္ေနရာတြင္ Group Managing Director ရစ္ခ်က္အာႏိုးကိုအစားထိုးခန႔္အပ္သြားမယ္လို႔ေဖာ္ျပသြားပါတယ္။

အက္ဒ္ဝုဒ္ဝတ္ဟာမန္ယူတြင္အႀကီးအကဲအျဖစ္ရွစ္ႏွစ္ၾကာတာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ၿပီးသူဦးေဆာင္စဥ္အတြင္းတြင္အက္ဖ္ေအဖလား၊ယူအီးအက္ဖ္ေအယူ႐ိုပါလိဂ္ဖလားအပါအဝင္ဖလားသုံးလုံးဆြတ္ခူးခဲ့ပါတယ္။

ဒါေပမယ့္ကလပ္ဟာ၂၀၁၃ခုႏွစ္ေနာက္ပိုင္းပရီးမီးယားလိဂ္ဖလားေတာ့မဆြတ္ခူးႏိုင္ခဲ့ပါဘူး။၎ရဲ႕မန္ယူဟာပရီးမီးယားလိဂ္တြင္အျမင့္မားဆုံးအျဖစ္၂၀၁၈ႏွင့္၂၀၂၁ခုႏွစ္တို႔တြင္အဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

အက္ဒ္ဝုဒ္ဝတ္ဦးေဆာင္စဥ္ကာလအတြင္းမွာမန္ယူဟာေပါလ္ေပါ့ဘာ၊ဟယ္ရီမက္ဂြိဳင္းယား၊လူကာကူစတဲ့ထိပ္တန္းကစားသမားမ်ားကိုေၾကးႀကီးေပးေခၚယူအားျဖည့္ေပးလာခဲ့ပါတယ္။

အထူးသျဖင့္အက္ဒ္ဝုဒ္ဝတ္ဟာယခုေႏြရာသီတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေပါင္၁၃သန္းဝန္းက်င္မွ်ျဖင့္ေခၚယူေပးႏိုင္မႈနဲ႔အတူခ်ီးက်ဴးခံထားရပါတယ္။ဒါ့အျပင္၎တို႔ဟာအဓိကပစ္မွတ္မ်ားျဖစ္တဲ့ဆန္ခ်ိဳႏွင့္ဗာရိန္းတို႔ကိုလည္းေခၚယူႏိုင္ခဲ့ပါတယ္။

အက္ဒ္ဝုဒ္ဝတ္ဟာၿပီးခဲ့တဲ့ဧၿပီလတုန္းကဥေရာပစူပါလိဂ္စီမံကိန္းတြင္ပါဝင္ပတ္သက္မႈေၾကာင့္ပရိသတ္မ်ားရဲ႕ဆန႔္က်င္မႈနဲ႔ရင္ဆိုင္ခဲ့ရကာရာထူးမွႏုတ္ထြက္ရန္ဆုံးျဖတ္ခဲ့သူျဖစ္ပါတယ္။

တကယ္ေတာ့မန္ယူအသင္းပိုင္ရွင္ဂေလဇာမိသားစုဟာမန္ယူကိုဝယ္ယူၿပီးကတည္းကပရိသတ္မ်ားရဲ႕ဆန႔္က်င္မႈနဲ႔ရင္ဆိုင္လာခဲ့ရတာပါ။ေနာက္ပိုင္းမွာဂေလဇာမိသားစုဟာပရိသတ္မ်ားႏွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ရန္ႀကိဳးပမ္းလာၿပီး ကလပ္ရဲ႕အေရးပါတဲ့ရွယ္ယာမ်ားကိုပါ ေရာင္းခ်ရန္စီစဥ္လာပါတယ္။

အက္ဒ္ဝုဒ္ဝတ္ေနရာကိုဆက္ခံမယ့္အာႏိုးဟာ၂၀၀၇ခုႏွစ္ကတည္းကမန္ယူတြင္တာဝန္ထမ္းဆာင္လာခဲ့သူျဖစ္ၿပီးမန္ယူအတြက္ေပါင္သန္းေပါင္းမ်ားစြာရွာေဖြေပးလာခဲ့သူလည္းျဖစ္ပါတယ္။