အက်ဖ်အေဖလားကွာတားတွင် ယူနိုက်တက်နှင့်စပါးစ်ကို ကျော်ဖြတ်လာတဲ့မစ်ဒယ်ဘရော့ကို ရင်ဆိုင်ရမယ့် ချဲလ်ဆီး

လီဗာပူး၊ချဲလ်ဆီးနှင့်မန်စီးတီးတို့ဟာအက်ဖ်အေဖလားကွာတားဖိုင်နယ်တွင်ထိပ်တိုက်တွေ့ဆုံခဲ့ကြခြင်းမရှိပါဘူး။

ချဲလ်ဆီးဟာစပါးစ်နှင့်မန်ချက်စတာယူနိုက်တက်တို့ကိုကျော်ဖြတ်လာတဲ့မစ်ဒယ်ဘရော့ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ဆောက်သမ်တန်မှာလည်းမန်စီးတီးကိုဧည့်ခံကစားရမှာဖြစ်ပြီးလီဗာပူးမှာလည်းနော်တင်ဟမ်ဖောရက်စ်၊ဟက်ဒါဖီးလ်တောင်းပွဲစဉ်မှအနိုင်ရတဲ့အသင်းနှင့်ရင်ဆိုင်ရပါမယ်။

နော်တင်ဟမ်ဖောရက်စ်နှင့်ဟက်ဒါဖီးလ်တောင်းတို့ဟာလာမယ့်တနင်္လာနေ့မှာထိပ်တိုက်တွေ့ပါမယ်။နော်တင်ဟမ်ဖောရက်စ်ဟာယမန်နှစ်နှစ်ချန်ပီယံများဖြစ်ကြတဲ့လက်စတာနှင့်အာဆင်နယ်တို့ကိုကျော်ဖြတ်လာတဲ့အသင်း ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်မှာလည်းအဲဗာတန်နှင့်ရင်ဆိုင်ရပါမယ်။ဖရန့်လမ်းပတ်ရဲ့အဲဗာတန်ဟာမနေ့ညတုန်းကဘိုးဟမ်းဝုဒ်ကို ရွန်ဒွန်ရဲ့သွင်းဂိုး၂ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ယူကာကွာတားသို့တက်လာခဲ့တာပါ။

အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်များကိုမတ်လ၁၈ရက်နှင့်မတ်လ၂၁ရက်အတွင်းကစားပါမယ်။

ZawGyi






