အက်ဖ်အေဖလားဆုကြေးငွေကို တစ်ဝက်လျှော့ချလိုက်ပြီး တတိယအဆင့်တွင် အနိုင်ရတဲ့အသင်းမှာ ပေါင် ၆၁၀၀၀ သာရမည်

ယခုရာသီ အက်ဖ်အေဖလားချန်ပီယံအသင်းမှာပြီးခဲ့တဲ့ရာသီချန်ပီယံအာဆင်နယ်ရရှိတဲ့ဆုကြေးငွေရဲ့တစ်ဝက်မျှ သာရရှိမှာဖြစ်ပြီးပေါင်၃.၄သန်းသာရရှိမှာဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့မေလတုန်းကအက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ရာမှာဆုကြေးငွေစုစုပေါင်း၆.၈သန်းအထိ ရရှိခဲ့ပါတယ်။

ဒါပေမယ့်ယခုရာသီမှာကိုဗစ်ကြောင့်ဝင်ငွေထိခိုက်မှုနဲ့အတူနိုင်ပွဲရရှိမှုများအတွက်ဆုကြေး‌ငွေကိုတစ်ဝက်လျှော့ချလိုက်ပြီး ချန်ပီယံအသင်းမှာစုစုပေါင်းဆုကြေးငွေမှာပေါင်၃.၄သန်းသာရရှိပါမယ်။

အက်ဖ်အေဟာယခုနှစ်မှာအက်ဖ်အေဖလားပြိုင်ပွဲကိုတစ်ပွဲတည်းအဆုံးအဖြတ်အဖြစ်ကစားရခြင်း၊ပရိသတ်မဝင် ရောက်ရခြင်းစတာတွေကြောင့်ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြိုင်ပွဲအားဆုကြေးငွေလျှော့ချလာရတာလည်းဖြစ်ပါတယ်။

ယခုအပတ်တွင်ကစားရမယ့်အက်ဖ်အေဖလားတတိယအဆင့်တွင်အနိုင်ရရှိတဲ့အသင်းမှာပေါင်၆၁၅၀၀သာရရှိပါမယ်။ယမန်နှစ်တုန်းကတတိယအဆင့်တွင်အနိုင်ရရှိတဲ့အသင်းမှာဆုကြေးငွေပေါင်၁၃၅၀၀၀အထိရရှိခဲ့တာပါ။တတိယအဆင့်သို့တက်ရောက်တဲ့အသင်းမှာကိုဗစ်ကြောင့်သော်လည်းကောင်း၊ရှုံးနိမ့်မှုကြောင့်လည်းကောင်းပြိုင်ပွဲမှထွက်ရပါကပေါင်၂၀၀၀၀သာရရှိပါမယ်။

ဒါပေမယ့်စတုတ္ထအဆင့်မှာအနိုင်ရရှိပါကပေါင်၉၀၀၀၀၊ပဥ္စမအဆင့်မှာအနိုင်ရရှိပါကပေါင်၁၈၀၀၀၀ရရှိမှာဖြစ်ပြီးကွာတားဖိုင်နယ်တွင်အနိုင်ရရှိပါကပေါင်၃၆၀၀၀၀၊ဆီမီးဖိုင်နယ်တွင်အနိုင်ရရှိပါကပေါင်၉၀၀၀၀၊ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ပါကပေါင်၄၅၀၀၀၀၊ဒုတိယရရှိပါကပေါင်၉၀၀၀၀၀နှင့်ချန်ပီယံဖြစ်ပါကဆုကြေးငွေပေါင်၁.၈သန်းရရှိပါမယ်။

ဒါကြောင့်အက်ဖ်အေဖလားချန်ပီယံအသင်းမှာပေါင်၃.၄သန်းသာရရှိပါမယ်။အက်ဖ်အေဟာဆုကြေးငွေကိုတစ်ဝက် အထိလျှော့ချလာခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

အက္ဖ္ေအဖလားဆုေၾကးေငြကို တစ္ဝက္ေလွ်ာ့ခ်လိုက္ၿပီး တတိယအဆင့္တြင္ အႏိုင္ရတဲ့အသင္းမွာ ေပါင္ ၆၁၀၀၀ သာရမည္

ယခုရာသီ အက္ဖ္ေအဖလားခ်န္ပီယံအသင္းမွာၿပီးခဲ့တဲ့ရာသီခ်န္ပီယံအာဆင္နယ္ရရွိတဲ့ဆုေၾကးေငြရဲ႕တစ္ဝက္မွ် သာရရွိမွာျဖစ္ၿပီးေပါင္၃.၄သန္းသာရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။

အာဆင္နယ္ဟာၿပီးခဲ့တဲ့ေမလတုန္းကအက္ဖ္ေအဖလားခ်န္ပီယံျဖစ္ခဲ့ရာမွာဆုေၾကးေငြစုစုေပါင္း၆.၈သန္းအထိ ရရွိခဲ့ပါတယ္။

ဒါေပမယ့္ယခုရာသီမွာကိုဗစ္ေၾကာင့္ဝင္ေငြထိခိုက္မႈနဲ႔အတူႏိုင္ပြဲရရွိမႈမ်ားအတြက္ဆုေၾကး‌ေငြကိုတစ္ဝက္ေလွ်ာ့ခ်လိုက္ၿပီး ခ်န္ပီယံအသင္းမွာစုစုေပါင္းဆုေၾကးေငြမွာေပါင္၃.၄သန္းသာရရွိပါမယ္။

အက္ဖ္ေအဟာယခုႏွစ္မွာအက္ဖ္ေအဖလားၿပိဳင္ပြဲကိုတစ္ပြဲတည္းအဆုံးအျဖတ္အျဖစ္ကစားရျခင္း၊ပရိသတ္မဝင္ ေရာက္ရျခင္းစတာေတြေၾကာင့္ကမာၻ႔သက္တမ္းအရွည္ဆုံးၿပိဳင္ပြဲအားဆုေၾကးေငြေလွ်ာ့ခ်လာရတာလည္းျဖစ္ပါတယ္။

ယခုအပတ္တြင္ကစားရမယ့္အက္ဖ္ေအဖလားတတိယအဆင့္တြင္အႏိုင္ရရွိတဲ့အသင္းမွာေပါင္၆၁၅၀၀သာရရွိပါမယ္။ယမန္ႏွစ္တုန္းကတတိယအဆင့္တြင္အႏိုင္ရရွိတဲ့အသင္းမွာဆုေၾကးေငြေပါင္၁၃၅၀၀၀အထိရရွိခဲ့တာပါ။တတိယအဆင့္သို႔တက္ေရာက္တဲ့အသင္းမွာကိုဗစ္ေၾကာင့္ေသာ္လည္းေကာင္း၊ရႈံးနိမ့္မႈေၾကာင့္လည္းေကာင္းၿပိဳင္ပြဲမွထြက္ရပါကေပါင္၂၀၀၀၀သာရရွိပါမယ္။

ဒါေပမယ့္စတုတၳအဆင့္မွာအႏိုင္ရရွိပါကေပါင္၉၀၀၀၀၊ပၪၥမအဆင့္မွာအႏိုင္ရရွိပါကေပါင္၁၈၀၀၀၀ရရွိမွာျဖစ္ၿပီးကြာတားဖိုင္နယ္တြင္အႏိုင္ရရွိပါကေပါင္၃၆၀၀၀၀၊ဆီမီးဖိုင္နယ္တြင္အႏိုင္ရရွိပါကေပါင္၉၀၀၀၀၊ဆီမီးဖိုင္နယ္တြင္ ရႈံးနိမ့္ပါကေပါင္၄၅၀၀၀၀၊ဒုတိယရရွိပါကေပါင္၉၀၀၀၀၀ႏွင့္ခ်န္ပီယံျဖစ္ပါကဆုေၾကးေငြေပါင္၁.၈သန္းရရွိပါမယ္။

ဒါေၾကာင့္အက္ဖ္ေအဖလားခ်န္ပီယံအသင္းမွာေပါင္၃.၄သန္းသာရရွိပါမယ္။အက္ဖ္ေအဟာဆုေၾကးေငြကိုတစ္ဝက္ အထိေလွ်ာ့ခ်လာခဲ့တာလည္းျဖစ္ပါတယ္။