အက်ဖ်အေဖလားဗိုလ်လုပွဲကို ပရိသတ်အနည်းဆုံးငါးထောင်အထိဝင်ကြည့်ခွင့်ရရှိဖွယ်ရှိ

ဗြိတိန်အစိုးရရဲ့ပရိသတ်ကန့်သတ်ချက်ပြန်လည်ဖွင့်ဟလာမယ့်နှစ်ရက်အလိုတွင်ကစားရမယ်ဆိုပေမယ့်အက်ဖ်အေဖလားဗိုလ်လုပွဲကိုအနည်းဆုံးပရိသတ်၄၀၀၀အထိဝင်ရောက်ကြည့်နိုင်ဖွယ်ရှိနေကြောင်းသိရပါတယ်။

တနင်္ဂလာနေ့တုန်းကဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ဟာလော့ဒေါင်းဖြေလျှော့မှုပြုလုပ်မယ့်အစီအစဉ်ကိုကြေညာခဲ့ပြီးမေလ၁၇ရက်နေ့မှစတင်ကာအားကစားကွင်းများသို့ပရိသတ်၁၀၀၀၀ဝင်ရောက်ကြည့်ခွင့်ရရှိပါမယ်။

ဝင်ဘာလေကွင်းကစားမယ့်အက်ဖ်အေဖလားဗိုလ်လုပွဲကိုမေလ၁၅ရက်နေ့မှာကစားရမှာဖြစ်တာနဲ့အညီပ ရိသတ်ဝင် ရောက်ကြည့်ခွင့်ရရှိမှာမဟုတ်ပါဘူး။

ဒါပေမယ့်အက်ဖ်အေမှတာဝန်ရှိသူများဟာအာဏာပိုင်များနှင့်ဆွေးနွေးမှုများပြုလုပ်ကာအနည်းဆုံးပရိသတ်၄၀၀၀ ဝင်ရောက်ကြည့်နိုင်ရေးအတွက်လုပ်ဆောင်နေကြောင်းသိရပါတယ်။အထူးသဖြင့်အက်ဖ်အေဟာအက်ဖ်အေဗိုလ်လုပွဲကိုပရိသတ်၂၀၀၀မှပရိသတ်၄၀၀၀အတွင်းဝင်ရောက်ကြည့်နိုင်ရန်မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

ZawGyi




