အက်ဖ်အေရဲ့လောင်းကစားစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ဘရန့်ဖို့ဒ်တိုက်စစ်မှူးတိုနေး စွဲချက်တင်ခြင်းခံရ

ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဗန်တိုနေးဟာလောင်းကစားစည်းမျဉ်းစည်းကမ်းတို့ကိုချိုးဖောက်မှုကြောင့်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံလာရပါတယ်။

အိုင်ဗန်တိုနေးဟာ၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၂၅ရက်အတွင်းမှ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ၂၃ရက်နေ့အတွင်းတွင်လောင်းကစားစည်းမျဉ်း၂၃၂ကြိမ်ချိုးဖောက်ခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိအိုင်ဗန်တိုနေးဟာယခုရာသီတွင်ဘရန့်ဖို့ဒ်အတွက်ပရီးမီးယားလိဂ်ဂိုး၁၀ဂိုးသွင်းယူထားပေမဲ့လည်းအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အိုင်ဗန်တိုနေးဟာနိုဝင်ဘာလ၂၄ရက်နေ့နောက်ဆုံးထားကာအက်ဖ်အေကိုချေပရမှာဖြစ်ပြီးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရပါမယ်။

အင်္ဂလန်နောက်ခံလူကီရန်ထရစ်ပီယာဟာသူ့ရဲ့စပါးစ်မှအက်သလက်တီကိုသို့အပြောင်းအရွှေ့လောင်းကစားမှုတွင်ပါဝင်မှုအတွက် ၁၀ပတ်ကြာပွဲကစားခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။

၂၀၁၇ခုနှစ်တုန်းကလည်းဂျိုယေးဘာတန်ဟာ၁၀နှစ်တာကာလအတွင်းတွင်ဘောလုံးနှင့်သက်ဆိုင်တဲ့လောင်းကစားမှု၁၂၆၀ပြုလုပ်မှုကြောင့်ငါးလကြာပွဲပယ်ခံခဲ့ရဖူးပါတယ်။

အိုင်ဗန်တိုနေးဟာစကန်သော်ပီ၊ဝီဂန်၊ပီတာဘရော့ချ်၊ဘရန့်ဖို့ဒ်တို့တွင်ကစားနေစဉ်အတွင်းလောင်းကစားမှုကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတွင်ဘရန့်ဖို့ဒ်သို့ပေါင်၅သန်းဖြင့်ရောက်လာပြီးနောက်၁၀၅ပွဲကစားထားရာမှာ၅၈ဂိုးသွင်းယူထားပါတယ်။

ZawGyi

အက္ဖ္ေအရဲ႕ေလာင္းကစားစည္းမ်ဥ္းကို ခ်ိဳးေဖာက္မႈေၾကာင့္ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉးတိုေနး စြဲခ်က္တင္ျခင္းခံရ

ဘရန႔္ဖို႔ဒ္တိုက္စစ္မႉးအိုင္ဗန္တိုေနးဟာေလာင္းကစားစည္းမ်ဥ္းစည္းကမ္းတို႔ကိုခ်ိဳးေဖာက္မႈေၾကာင့္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံလာရပါတယ္။

အိုင္ဗန္တိုေနးဟာ၂၀၁၇ခုႏွစ္ေဖေဖာ္ဝါရီလ၂၅ရက္အတြင္းမွ၂၀၂၁ခုႏွစ္၊ဇန္နဝါရီလ၂၃ရက္ေန႔အတြင္းတြင္ေလာင္းကစားစည္းမ်ဥ္း၂၃၂ႀကိမ္ခ်ိဳးေဖာက္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိအိုင္ဗန္တိုေနးဟာယခုရာသီတြင္ဘရန႔္ဖို႔ဒ္အတြက္ပရီးမီးယားလိဂ္ဂိုး၁၀ဂိုးသြင္းယူထားေပမဲ့လည္းအဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

အိုင္ဗန္တိုေနးဟာႏိုဝင္ဘာလ၂၄ရက္ေန႔ေနာက္ဆုံးထားကာအက္ဖ္ေအကိုေခ်ပရမွာျဖစ္ၿပီးပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလာရပါမယ္။

အဂၤလန္ေနာက္ခံလူကီရန္ထရစ္ပီယာဟာသူ႔ရဲ႕စပါးစ္မွအက္သလက္တီကိုသို႔အေျပာင္းအေ႐ႊ႕ေလာင္းကစားမႈတြင္ပါဝင္မႈအတြက္ ၁၀ပတ္ၾကာပြဲကစားခြင့္ပိတ္ပင္ျခင္းခံခဲ့ရဖူးပါတယ္။

၂၀၁၇ခုႏွစ္တုန္းကလည္းဂ်ိဳေယးဘာတန္ဟာ၁၀ႏွစ္တာကာလအတြင္းတြင္ေဘာလုံးႏွင့္သက္ဆိုင္တဲ့ေလာင္းကစားမႈ၁၂၆၀ျပဳလုပ္မႈေၾကာင့္ငါးလၾကာပြဲပယ္ခံခဲ့ရဖူးပါတယ္။

အိုင္ဗန္တိုေနးဟာစကန္ေသာ္ပီ၊ဝီဂန္၊ပီတာဘေရာ့ခ်္၊ဘရန႔္ဖို႔ဒ္တို႔တြင္ကစားေနစဥ္အတြင္းေလာင္းကစားမႈက်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတြင္ဘရန႔္ဖို႔ဒ္သို႔ေပါင္၅သန္းျဖင့္ေရာက္လာၿပီးေနာက္၁၀၅ပြဲကစားထားရာမွာ၅၈ဂိုးသြင္းယူထားပါတယ္။