အက်သလက်တီကိုတိုက်စစ်မှူးကန်ဟာကို ယူရို သန်း ၅၀ ဖြင့် အပြီးသတ်ခေါ်ယူမဲ့အချက်ဖြင့် အငှားဖြင့် ခေါ်ယူလိုက်တဲ့ ဝုဗ်

ဝုဗ်ဟာဘရာဇီးတိုက်စစ်မှူးမားသီးယပ်စ်ကန်ဟာကိုယူရိုသန်း၅၀(ပေါင်၄၄သန်း)ဖြင့်အပြီးသတ်ခေါ်ယူမဲ့အချက်ဖြင့်အငှားဖြင့်ခေါ်ယူလိုက်ပါတယ်။

အသက်၂၃နှစ်ရှိဘရာဇီးတိုက်စစ်မှူးဟာဇန်နဝါရီလ၁ရက်နေ့မှစတင်ကာလိုပီတီဂူရဲ့ဝုဗ်အသင်းအတွက်စတင်ကစားသွားပါမယ်။ဆီယွန်၊အက်သလက်တီကိုနှင့်ဟာသာဘာလင်တိုက်စစ်မှူးဟောင်းဟာပြီးခဲ့တဲ့ရာသီတုန်းကအက်သလက်တီကိုအတွက်၇ဂိုးသွင်းနိုင်ခဲ့ပေမဲ့ယခုရာသီမှာပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်နေရပါတယ်။

သူဟာဘရာဇီးအသင်းနှင့်အတူတိုကျိုအိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူးပြီး ဘရာဇီးအသင်းအတွက်၈ပွဲကစားထားနိုင်ပေမဲ့ ကာတာကမ္ဘာ့ဖလားအတွက်ဘရာဇီးအသင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

သူဟာဘရာဇီးယူ-၂၃အသင်းအတွက်၂၃ပွဲကစားထားရာတွင်၂၁ဂိုးအထိသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

သူဟာဝုဗ်အတွက်ပထမဆုံးပွဲအဖြစ်ဇန်နဝါရီလ၄ရက်နေ့ဗီလာနှင့်ပွဲ(သို့မဟုတ်)ဇန်နဝါရီလ၇ရက်နေ့လီဗာပူးနှင့်အက်ဖ်အေဖလားပွဲတွင်စတင်ကစားလာပါမယ်။

ဝုဗ်ဟာကန်ဟာကိုနွေရာသီအထိအငှားဖြင့်ခေါ်ယူလိုက်ခြင်းဖြစ်ပေမဲ့လည်း စာချုပ်အချက်အတိုင်းစွမ်းဆောင်နိုင်လာလျှင်၂၀၂၇ခုနှစ်အထိအပြီးသတ်စာချုပ်ဖြင့်ခေါ်ယူသွားပါမယ်။

ZawGyi

အက္သလက္တီကိုတိုက္စစ္မႉးကန္ဟာကို ယူ႐ို သန္း ၅၀ ျဖင့္ အၿပီးသတ္ေခၚယူမဲ့အခ်က္ျဖင့္ အငွားျဖင့္ ေခၚယူလိုက္တဲ့ ဝုဗ္

ဝုဗ္ဟာဘရာဇီးတိုက္စစ္မႉးမားသီးယပ္စ္ကန္ဟာကိုယူ႐ိုသန္း၅၀(ေပါင္၄၄သန္း)ျဖင့္အၿပီးသတ္ေခၚယူမဲ့အခ်က္ျဖင့္အငွားျဖင့္ေခၚယူလိုက္ပါတယ္။

အသက္၂၃ႏွစ္ရွိဘရာဇီးတိုက္စစ္မႉးဟာဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာလိုပီတီဂူရဲ႕ဝုဗ္အသင္းအတြက္စတင္ကစားသြားပါမယ္။ဆီယြန္၊အက္သလက္တီကိုႏွင့္ဟာသာဘာလင္တိုက္စစ္မႉးေဟာင္းဟာၿပီးခဲ့တဲ့ရာသီတုန္းကအက္သလက္တီကိုအတြက္၇ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ယခုရာသီမွာပြဲထြက္ကစားခြင့္ရရွိရန္႐ုန္းကန္ေနရပါတယ္။

သူဟာဘရာဇီးအသင္းႏွင့္အတူတိုက်ိဳအိုလံပစ္ေ႐ႊတံဆိပ္ဆုဆြတ္ခူးၿပီး ဘရာဇီးအသင္းအတြက္၈ပြဲကစားထားႏိုင္ေပမဲ့ ကာတာကမာၻ႔ဖလားအတြက္ဘရာဇီးအသင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

သူဟာဘရာဇီးယူ-၂၃အသင္းအတြက္၂၃ပြဲကစားထားရာတြင္၂၁ဂိုးအထိသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။

သူဟာဝုဗ္အတြက္ပထမဆုံးပြဲအျဖစ္ဇန္နဝါရီလ၄ရက္ေန႔ဗီလာႏွင့္ပြဲ(သို႔မဟုတ္)ဇန္နဝါရီလ၇ရက္ေန႔လီဗာပူးႏွင့္အက္ဖ္ေအဖလားပြဲတြင္စတင္ကစားလာပါမယ္။

ဝုဗ္ဟာကန္ဟာကိုေႏြရာသီအထိအငွားျဖင့္ေခၚယူလိုက္ျခင္းျဖစ္ေပမဲ့လည္း စာခ်ဳပ္အခ်က္အတိုင္းစြမ္းေဆာင္ႏိုင္လာလွ်င္၂၀၂၇ခုႏွစ္အထိအၿပီးသတ္စာခ်ဳပ္ျဖင့္ေခၚယူသြားပါမယ္။