အက်သလက်တီကိုနောက်ခံလူထရစ်ပီယာကို ခေါ်ယူရန် သရဲနီလုပ်ဆောင်နေ

ကီရန်ထရစ်ပီယာဟာလာမယ့်နွေရာသီမှာအက်သလက်တီကိုမှထွက်ခွာရန်ပြင်ဆင်နေပြီးအင်္ဂလန်ညာနောက်ခံလူအားမန်ယူကခေါ်ယူရန်အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။

ထရစ်ပီယာဟာစပိန်တွင်အောင်မြင်တဲ့ဘောလုံးရာသီနှစ်ခုပိုင်ဆိုင်ထားတဲ့အပြင်ယခုရာသီကိုလာလီဂါဖလားဆွတ်ခူးပြီးအဆုံးသတ်နိုင်မယ့်အခွင့်အရေးရရှိထားပါတယ်။အက်သလက်တီကိုဟာဒုတိယနေရာမှာရီးရဲလ်မက်ဒရစ်ကိုရမှတ်၂မှတ်ဖြတ်ထားနိုင်ပြီးရာသီသိမ်းပွဲတွင်အနိုင်ရရှိပါကချန်ပီယံဖြစ်ပါမယ်။

ထရစ်ပီယာရဲ့အက်သလက်တီကိုနှင့်စာချုပ်က၂၀၂၂ခုနှစ်နွေရာသီမှာကုန်ဆုံးမှာဖြစ်ပါတယ်။အက်သလက်တီကိုအနေဖြင့်အင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူကိုလာမယ့်နွေတွင်မရောင်းချပါကတစ်နှစ်အကြာတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆုံးရှုံးရနိုင်ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရမန်ယူကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ကလပ်တွေထဲမှာအခြေအနေအကောင်းဆုံးဖြစ်ကြောင်းသိရပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာညာနောက်ခံလူအေရွန်ဝန်ဘစ်ဆာကာအတွက်စိန်ခေါ်မှုရှိလာစေရန်ထရစ်ပီယာကိုခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။မန်ယူဟာပြီးခဲ့တဲ့ဇန်နဝါရီကတည်းကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားလာခဲ့တာပါ။

သူ့ကိုအဲဗာတန်နှင့်ပီအက်စ်ဂျီတို့ကလည်းစိတ်ဝင်စားနေပါတယ်။ဒါပေမယ့်ထရစ်ပီယာကအင်္ဂလန်သို့ပြန်လိုတဲ့အပြင်ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်တဲ့ကလပ်မှာသာကစားလိုနေတာကြောင့်မန်ယူကအခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။

ZawGyi

အက္သလက္တီကိုေနာက္ခံလူထရစ္ပီယာကို ေခၚယူရန္ သရဲနီလုပ္ေဆာင္ေန

ကီရန္ထရစ္ပီယာဟာလာမယ့္ေႏြရာသီမွာအက္သလက္တီကိုမွထြက္ခြာရန္ျပင္ဆင္ေနၿပီးအဂၤလန္ညာေနာက္ခံလူအားမန္ယူကေခၚယူရန္အေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။

ထရစ္ပီယာဟာစပိန္တြင္ေအာင္ျမင္တဲ့ေဘာလုံးရာသီႏွစ္ခုပိုင္ဆိုင္ထားတဲ့အျပင္ယခုရာသီကိုလာလီဂါဖလားဆြတ္ခူးၿပီးအဆုံးသတ္ႏိုင္မယ့္အခြင့္အေရးရရွိထားပါတယ္။အက္သလက္တီကိုဟာဒုတိယေနရာမွာရီးရဲလ္မက္ဒရစ္ကိုရမွတ္၂မွတ္ျဖတ္ထားႏိုင္ၿပီးရာသီသိမ္းပြဲတြင္အႏိုင္ရရွိပါကခ်န္ပီယံျဖစ္ပါမယ္။

ထရစ္ပီယာရဲ႕အက္သလက္တီကိုႏွင့္စာခ်ဳပ္က၂၀၂၂ခုႏွစ္ေႏြရာသီမွာကုန္ဆုံးမွာျဖစ္ပါတယ္။အက္သလက္တီကိုအေနျဖင့္အဂၤလန္လက္ေ႐ြးစင္ညာေနာက္ခံလူကိုလာမယ့္ေႏြတြင္မေရာင္းခ်ပါကတစ္ႏွစ္အၾကာတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးရႏိုင္ပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရမန္ယူကသူ႔ကိုေခၚယူဖို႔စိတ္ဝင္စားေနတဲ့ကလပ္ေတြထဲမွာအေျခအေနအေကာင္းဆုံးျဖစ္ေၾကာင္းသိရပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာညာေနာက္ခံလူေအ႐ြန္ဝန္ဘစ္ဆာကာအတြက္စိန္ေခၚမႈရွိလာေစရန္ထရစ္ပီယာကိုေခၚယူလိုေနတာလည္းျဖစ္ပါတယ္။မန္ယူဟာၿပီးခဲ့တဲ့ဇန္နဝါရီကတည္းကသူ႔ကိုေခၚယူဖို႔စိတ္ဝင္စားလာခဲ့တာပါ။

သူ႔ကိုအဲဗာတန္ႏွင့္ပီအက္စ္ဂ်ီတို႔ကလည္းစိတ္ဝင္စားေနပါတယ္။ဒါေပမယ့္ထရစ္ပီယာကအဂၤလန္သို႔ျပန္လိုတဲ့အျပင္ခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္တဲ့ကလပ္မွာသာကစားလိုေနတာေၾကာင့္မန္ယူကအေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။