အက်သလက်တီကိုနှင့်ချန်ပီယံလိဂ်ပွဲအတွက် မက်ဒရစ်သို့ တိုက်ရိုက်သွားမှုကြောင့် ဝက်ဖို့ဒ်နှင့်ပွဲကို အလစ်ဆင်နဲ့ဖာဘင်ဟိုလွဲမည်

လီဗာပူးရဲ့ဘရာဇီးလက်ရွေးစင်များဖြစ်ကြတဲ့အလစ်ဆင်နှင့်ဖာဘင်ဟိုတို့ဟာနိုင်ငံတကာပွဲစဉ်များအပြီးတွင်အင်္ဂလန်သို့မပြန်လာဘဲစပိန်သို့တိုက်ရိုက်သွားမှုနဲ့အတူ ဝက်ဖို့ဒ်နဲ့ပွဲတွင်ပါဝင်လာကြမှာမဟုတ်ပါဘူး။

အဆိုပါကစားသမားတို့ဟာဘရာဇီးအသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲတွင်ပါဝင်ကစားခဲ့ကြသူများဖြစ်ပါတယ်။၎င်းတို့ဟာအင်္ဂလန်သို့မပြန်ဘဲစပိန်သို့ထွက်ခွာသွားခဲ့ကြပါတယ်။လီဗာပူးဟာလာမယ့်အပတ်မှာအက်သလက်တီကိုနှင့်ချန်ပီယံလိဂ်အုပ်စုပွဲကစားရန်ရှိပါတယ်။

ကလော့ပ်က “သူတို့စပိန်ကိုသွားကြလိမ့်မယ်။သူတို့နောက်ဆုံကစားခဲ့တဲ့ပွဲကအနီရောင်အဆင့်သတ်မှတ်ထားတဲ့ကိုလံဘီဘာနဲ့ကစားခဲ့တာမို့လို့ပါ။လာမယ့်အပတ်ကြာသပတေးနေ့ညသန်းခေါင်ဆိုရင်သူတို့၁၀ရက်ပြည့်ပါမယ်။စည်းမျဉ်းစည်းကမ်းကရှိနေပါတယ်။သူတို့အင်္ဂလန်သို့လာနိုင်ပေမယ့်မိသားစုနဲ့ဝေးဝေးမှာနေရပါမယ်။အလီမှာကလေးသုံးယောက်ရှိပါတယ်”လို့ပြောကြားသွားပါတယ်။

အလစ်ဆင်နဲ့ဖာဘင်ဟိုတို့ဟာဗြိတိန်ကကိုဗစ်အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားတဲ့ ကိုလံဘီယာနှင့်ပွဲမှာဘရာဇီးအတွက်ဝင်ကစားခဲ့ကြသူများဖြစ်ပါတယ်။ဒါကြောင့်၎င်းတို့အနေဖြင့်ဗြိတိန်သို့ပြန်လာပါကကွာရန်တင်း၁၀ရက်ဝင်ရပါမယ်။

၎င်းတို့ဟာဗြိတိန်ရဲ့ကိုဗစ်အနီရောင်အဆင့်သတ်မှတ်ခြင်းမခံထားရတဲ့စပိန်သို့သွားရောက်မှုကြောင့်ကွာရန်တင်းဝင်ရန်မလိုပါဘူ။ဒါ့အပြင်၎င်းတို့ဟာလာမယ့်အပတ်ကြားရက်မှာကစားမယ့်အက်သလက်တီကိုနှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင်နိုင်မယ့်အပြင် လာမယ့်အပတ်အကုန်မှာကစားရမယ့်မဟာပြိုင်ဘက်မန်ယူနှင့်ပွဲစဉ်မှာလည်းပါဝင်လာနိုင်ပါမယ်။

လီဗာပူးနည်းပြကလော့ပ်ဟာအလစ်ဆင်မပါဝင်နိုင်မှုနဲ့အတူဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာအိုက်ယာလန်လူငယ်ဂိုးသမားကယ်လီဟာကိုအစားထိုးအသုံးပြုသွားနိုင်ပါတယ်။ဒါ့အပြင်ကလော့ပ်ဟာဖာဘင်ဟိုနေရာမှာဂျိမ်းစ်မီလ်နာ(သို့မဟုတ်)နာဘေးကီတာကိုအသုံးပြုသွားဖို့ရှိပါတယ်။

ZawGyi

အက္သလက္တီကိုႏွင့္ခ်န္ပီယံလိဂ္ပြဲအတြက္ မက္ဒရစ္သို႔ တိုက္႐ိုက္သြားမႈေၾကာင့္ ဝက္ဖို႔ဒ္ႏွင့္ပြဲကို အလစ္ဆင္နဲ႔ဖာဘင္ဟိုလြဲမည္

လီဗာပူးရဲ႕ဘရာဇီးလက္ေ႐ြးစင္မ်ားျဖစ္ၾကတဲ့အလစ္ဆင္ႏွင့္ဖာဘင္ဟိုတို႔ဟာႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္အဂၤလန္သို႔မျပန္လာဘဲစပိန္သို႔တိုက္႐ိုက္သြားမႈနဲ႔အတူ ဝက္ဖို႔ဒ္နဲ႔ပြဲတြင္ပါဝင္လာၾကမွာမဟုတ္ပါဘူး။

အဆိုပါကစားသမားတို႔ဟာဘရာဇီးအသင္းရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲတြင္ပါဝင္ကစားခဲ့ၾကသူမ်ားျဖစ္ပါတယ္။၎တို႔ဟာအဂၤလန္သို႔မျပန္ဘဲစပိန္သို႔ထြက္ခြာသြားခဲ့ၾကပါတယ္။လီဗာပူးဟာလာမယ့္အပတ္မွာအက္သလက္တီကိုႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲကစားရန္ရွိပါတယ္။

ကေလာ့ပ္က “သူတို႔စပိန္ကိုသြားၾကလိမ့္မယ္။သူတို႔ေနာက္ဆုံကစားခဲ့တဲ့ပြဲကအနီေရာင္အဆင့္သတ္မွတ္ထားတဲ့ကိုလံဘီဘာနဲ႔ကစားခဲ့တာမို႔လို႔ပါ။လာမယ့္အပတ္ၾကာသပေတးေန႔ညသန္းေခါင္ဆိုရင္သူတို႔၁၀ရက္ျပည့္ပါမယ္။စည္းမ်ဥ္းစည္းကမ္းကရွိေနပါတယ္။သူတို႔အဂၤလန္သို႔လာႏိုင္ေပမယ့္မိသားစုနဲ႔ေဝးေဝးမွာေနရပါမယ္။အလီမွာကေလးသုံးေယာက္ရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အလစ္ဆင္နဲ႔ဖာဘင္ဟိုတို႔ဟာၿဗိတိန္ကကိုဗစ္အနီေရာင္အဆင့္အျဖစ္သတ္မွတ္ထားတဲ့ ကိုလံဘီယာႏွင့္ပြဲမွာဘရာဇီးအတြက္ဝင္ကစားခဲ့ၾကသူမ်ားျဖစ္ပါတယ္။ဒါေၾကာင့္၎တို႔အေနျဖင့္ၿဗိတိန္သို႔ျပန္လာပါကကြာရန္တင္း၁၀ရက္ဝင္ရပါမယ္။

၎တို႔ဟာၿဗိတိန္ရဲ႕ကိုဗစ္အနီေရာင္အဆင့္သတ္မွတ္ျခင္းမခံထားရတဲ့စပိန္သို႔သြားေရာက္မႈေၾကာင့္ကြာရန္တင္းဝင္ရန္မလိုပါဘူ။ဒါ့အျပင္၎တို႔ဟာလာမယ့္အပတ္ၾကားရက္မွာကစားမယ့္အက္သလက္တီကိုႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာပါဝင္ႏိုင္မယ့္အျပင္ လာမယ့္အပတ္အကုန္မွာကစားရမယ့္မဟာၿပိဳင္ဘက္မန္ယူႏွင့္ပြဲစဥ္မွာလည္းပါဝင္လာႏိုင္ပါမယ္။

လီဗာပူးနည္းျပကေလာ့ပ္ဟာအလစ္ဆင္မပါဝင္ႏိုင္မႈနဲ႔အတူဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာအိုက္ယာလန္လူငယ္ဂိုးသမားကယ္လီဟာကိုအစားထိုးအသုံးျပဳသြားႏိုင္ပါတယ္။ဒါ့အျပင္ကေလာ့ပ္ဟာဖာဘင္ဟိုေနရာမွာဂ်ိမ္းစ္မီလ္နာ(သို႔မဟုတ္)နာေဘးကီတာကိုအသုံးျပဳသြားဖို႔ရွိပါတယ္။