အက်သလက်တီကိုနှင့်စပိန်ကွင်းလယ်လူဆောလ်ကို နီဂွက်ဇ်ကို ချဲလ်ဆီးအငှားဖြင့်ခေါ်ယူ

ချဲလ်ဆီးဟာအက်သလက်တီကိုနှင့်စပိန်အလယ်တန်းကစားသမားဆောလ်နီဂွက်ဇ်ကိုအပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်အငှားဖြင့်ခေါ်ယူလိုက်ပါတယ်။

အသက်၂၆နှစ်ရှိကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလာလီဂါပွဲ၃၃ပွဲကစားကာအက်သလက်တီကိုအားလာလီဂါချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကချဲလ်ဆီးဟာဆောလ်နီဂွက်ဇ်အားခေါ်ယူနိုင်ရေးမရေမရာဖြစ်ခဲ့သော်လည်းအပြောင်းအရွှေ့ပိတ်ခါနီးတွင်အပြီးသတ်ခေါ်ယူမယ့်အချက်ပါစာချုပ်ဖြင့်အငှားဖြင့်ခေါ်ယူလိုက်နိုင်ပါတယ်။

ချဲလ်ဆီးဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ဆီဗီလာနောက်ခံလူခွန်ဒီကိုခေါ်ယူရန်ကြိုးပမ်းခဲ့ပေမယ့်ပယ်ချခြင်းခံခဲ့ရပါတယ်။

ဆောလ်နီဂွက်ဇ်က “ချဲလ်ဆီးနဲ့အတူရင်ဆိုင်ရမယ့်စိန်ခေါ်မှုအသစ်အတွက်စိတ်လှုပ်ရှားရပါတယ်။အပြာရောင်ပရိသတ်များခင်ဗျား။အခုဆိုရင်ကျွန်တော်ဟာခင်ဗျားတို့ထဲကတစ်ဦးဖြစ်နေပါပြီ။ဒီအင်္ကျီကိုစတင်ဝတ်ဆင်ဖို့၊စတင်လေ့ကျင့်ခန်းဆင်းဖို့၊ခင်ဗျားအားလုံးကိုမြင်တွေ့ရဖို့မစောင့်နိုင်အောင်ဖြစ်နေပါပြီ။မကြာခင်တွေ့ကြမယ်”လို့ပြောကြားသွားပါတယ်။

မန်ယူရဲ့ကာလရှည်ကြာပစ်မှတ်ထားခြင်းခံခဲ့ရတဲ့ဆောလ်နီဂွက်ဇ်ဟာအက်သလက်တီကိုအတွက်ပွဲပေါင်း၃၄၀ကစားခဲ့ကာ၄၃ဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်ချဲလ်ဆီးဟာဝေးလ်လက်ရွေးစင်ဗဟိုနောက်ခံလူအီသန်အမ်ပါဒူကိုစီးရီးအေတန်းတက်ကလပ်ဗီနီစီယာသို့တစ်ရာသီအငှားချလိုက်ပါတယ်။

 

ZawGyi

အက္သလက္တီကိုႏွင့္စပိန္ကြင္းလယ္လူေဆာလ္ကို နီဂြက္ဇ္ကို ခ်ဲလ္ဆီးအငွားျဖင့္ေခၚယူ

ခ်ဲလ္ဆီးဟာအက္သလက္တီကိုႏွင့္စပိန္အလယ္တန္းကစားသမားေဆာလ္နီဂြက္ဇ္ကိုအၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္အငွားျဖင့္ေခၚယူလိုက္ပါတယ္။

အသက္၂၆ႏွစ္ရွိကြင္းလယ္ကစားသမားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလာလီဂါပြဲ၃၃ပြဲကစားကာအက္သလက္တီကိုအားလာလီဂါခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

အေစာပိုင္းတုန္းကခ်ဲလ္ဆီးဟာေဆာလ္နီဂြက္ဇ္အားေခၚယူႏိုင္ေရးမေရမရာျဖစ္ခဲ့ေသာ္လည္းအေျပာင္းအေ႐ႊ႕ပိတ္ခါနီးတြင္အၿပီးသတ္ေခၚယူမယ့္အခ်က္ပါစာခ်ဳပ္ျဖင့္အငွားျဖင့္ေခၚယူလိုက္ႏိုင္ပါတယ္။

ခ်ဲလ္ဆီးဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ဆီဗီလာေနာက္ခံလူခြန္ဒီကိုေခၚယူရန္ႀကိဳးပမ္းခဲ့ေပမယ့္ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ေဆာလ္နီဂြက္ဇ္က “ခ်ဲလ္ဆီးနဲ႔အတူရင္ဆိုင္ရမယ့္စိန္ေခၚမႈအသစ္အတြက္စိတ္လႈပ္ရွားရပါတယ္။အျပာေရာင္ပရိသတ္မ်ားခင္ဗ်ား။အခုဆိုရင္ကြၽန္ေတာ္ဟာခင္ဗ်ားတို႔ထဲကတစ္ဦးျဖစ္ေနပါၿပီ။ဒီအက်ႌကိုစတင္ဝတ္ဆင္ဖို႔၊စတင္ေလ့က်င့္ခန္းဆင္းဖို႔၊ခင္ဗ်ားအားလုံးကိုျမင္ေတြ႕ရဖို႔မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါၿပီ။မၾကာခင္ေတြ႕ၾကမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူရဲ႕ကာလရွည္ၾကာပစ္မွတ္ထားျခင္းခံခဲ့ရတဲ့ေဆာလ္နီဂြက္ဇ္ဟာအက္သလက္တီကိုအတြက္ပြဲေပါင္း၃၄၀ကစားခဲ့ကာ၄၃ဂိုးသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္ခ်ဲလ္ဆီးဟာေဝးလ္လက္ေ႐ြးစင္ဗဟိုေနာက္ခံလူအီသန္အမ္ပါဒူကိုစီးရီးေအတန္းတက္ကလပ္ဗီနီစီယာသို႔တစ္ရာသီအငွားခ်လိုက္ပါတယ္။oppnews

oppnews