အက်သလက်တီကိုနှင့် ၂၀၂၄ ခုနှစ်အထိ ဆီမြွန်နီ စာချုပ်သစ်ချုပ်ဆို

ဒီယေဂိုဆီမြွန်နီဟာအက်သလက်တီကိုမက်ဒရစ်နှင့်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။အာဂျင်တီးနားလူမျိုးနည်းပြဟာစာချုပ်သစ်ကြောင့်စပိန်ထိပ်သီးကလပ်တွင်၂၀၂၄ခုနှစ်အထိရှိနေပါမယ်။

ဒါ့အပြင်ဆီမြွန်နီနှင့်အတူသူ့ရဲ့နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့အော်စကာအော်တေဂါ၊ပါဘလိုဗာစယ်လုန်း၊နယ်ဆင်ဗီဗက်စ်၊ဟာနန်ဘွန်ဗန်ဗီနီတို့ဟာလည်းသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ကြပါတယ်။

ဒီယေဂိုဆီမြွန်နီဟာ၂၀၁၁ခုနှစ်တွင်အက်သလက်တီကိုအား၂၀၁၁ခုနှစ်တွင်ကိုင်တွယ်ပြီးနောက်ဆုဖလား၈လုံးရရှိအောင်ဦးဆောင်ကာအက်သလက်တီကိုသမိုင်းတွင်အအောင်မြင်ဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။

သူဟာအက်သလက်တီကိုနှင့်အတူလာလီဂါဖလား၊ယူရိုပါလိဂ်၊ယူအီးအက်ဖ်အေစူပါဖလား၊ကိုပါဒယ်ရေးတို့ဆွတ်ခူးထားတဲ့အပြင်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းနှစ်ကြိမ်တက်ရောက်ထားနိုင်ပါတယ်။

အက်သလက်တီကိုဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်လည်းလာလီဂါဖလားဆွတ်ခူးနိုင်ခဲ့ကာရာသီသစ်မှာချန်ပီယံဘွဲ့ကာကွယ်ရေးကြိုးပမ်းရပါမယ်။

ZawGyi

အက္သလက္တီကိုႏွင့္ ၂၀၂၄ ခုႏွစ္အထိ ဆီႁမြန္နီ စာခ်ဳပ္သစ္ခ်ဳပ္ဆို

ဒီေယဂိုဆီႁမြန္နီဟာအက္သလက္တီကိုမက္ဒရစ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာစာခ်ဳပ္သစ္ေၾကာင့္စပိန္ထိပ္သီးကလပ္တြင္၂၀၂၄ခုႏွစ္အထိရွိေနပါမယ္။

ဒါ့အျပင္ဆီႁမြန္နီႏွင့္အတူသူ႔ရဲ႕နည္းျပအဖြဲ႕ဝင္မ်ားျဖစ္ၾကတဲ့ေအာ္စကာေအာ္ေတဂါ၊ပါဘလိုဗာစယ္လုန္း၊နယ္ဆင္ဗီဗက္စ္၊ဟာနန္ဘြန္ဗန္ဗီနီတို႔ဟာလည္းသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၾကပါတယ္။

ဒီေယဂိုဆီႁမြန္နီဟာ၂၀၁၁ခုႏွစ္တြင္အက္သလက္တီကိုအား၂၀၁၁ခုႏွစ္တြင္ကိုင္တြယ္ၿပီးေနာက္ဆုဖလား၈လုံးရရွိေအာင္ဦးေဆာင္ကာအက္သလက္တီကိုသမိုင္းတြင္အေအာင္ျမင္ဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။

သူဟာအက္သလက္တီကိုႏွင့္အတူလာလီဂါဖလား၊ယူ႐ိုပါလိဂ္၊ယူအီးအက္ဖ္ေအစူပါဖလား၊ကိုပါဒယ္ေရးတို႔ဆြတ္ခူးထားတဲ့အျပင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းႏွစ္ႀကိမ္တက္ေရာက္ထားႏိုင္ပါတယ္။

အက္သလက္တီကိုဟာ၂၀၂၀-၂၁ေဘာလုံးရာသီတြင္လည္းလာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့ကာရာသီသစ္မွာခ်န္ပီယံဘြဲ႕ကာကြယ္ေရးႀကိဳးပမ္းရပါမယ္။