အက်သလက်တီကိုမှ ဖီးလစ်ကို ရာသီအကုန်အထိ ချဲလ်ဆီး အငှားဖြင့်ခေါ်ယူ
ချဲလ်ဆီးဟာအက်သလက်တီကိုမက်ဒရစ်မှဂျိုအာဖီးလစ်ကိုရာသီအကုန်အထိအငှားဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်စတားကိုအာဆင်နယ်နှင့်ယူနိုက်တက်တို့ကခေါ်ယူနိုင်ရေးအပြိုင်ကြိုးပမ်းခဲ့ပေမဲ့ချဲလ်ဆီးကနောက်ကျမှကမ်းလှမ်းပေမဲ့အောင်မြင်မှုရရှိသွားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီစတားဟာချဲလ်ဆီးသို့ရာသီဝက်အငှားဖြင့်မပြောင်းရွှေ့မီအက်သလက်တီကိုနှင့်၂၀၂၇ခုနှစ်အထိ၁၂လစာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပါသေးတယ်။
ချဲလ်ဆီးရဲ့ဖီးလစ်အငှားစာချုပ်အတွင်းတွင်အပြီးသတ်ခေါ်ယူမဲ့အချက်မပါဝင်ပါဘူး။
ဖီးလစ်က “ချဲလ်ဆီးကကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲကတစ်သင်းပါ။ဒီအသင်းကိုသူတို့ရဲ့ရည်မှန်းချက်တွေဖြစ်လာအောင်ကူညီနိုင်ဖို့မျှော်လင့်ပါတယ်။ဒီကိုရောက်လာခွင့်ရတဲ့အတွက်အရမ်းအရမ်းပျော်တယ်။စတမ်းဖို့ဒ်ဘရစ်ချ်မှာကစားရမှာဖြစ်လို့အရမ်းစိတ်လှုပ်ရှားရတယ်”လို့ပြောကြားသွားပါတယ်။
အက်သလက်တီကိုမက်ဒရစ်ဟာ၂၀၁၉ခုနှစ်တုန်းကဖီးလစ်ကိုဘင်ဖီကာမှခေါ်ယူတုန်းကမ္ဘာ့ပဉ္စမအများဆုံးပြောင်းရွှေ့ကြေးပေါင်၁၁၃သန်းပေးခဲ့ရတာဖြစ်ပါတယ်။
သူဟာအက်သလက်တီကိုအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၃၁ပွဲကစားရာမှာ၃၄ဂိုးသွင်းထားပြီး၁၈ကြိမ်ဖန်တီးထားနိုင်ပါတယ်။
သူဟာအက်သလက်တီကိုတွင်ကစားစဉ်အတွင်းဆက်တိုက်ခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရပါတယ်။
သူဟာယခုရာသီတွင်အက်သလက်တီကိုအတွက်ပွဲ၂၀ကစားရာမှာ၅ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးထားပါတယ်။
သူဟာချဲလ်ဆီးအသင်းတွင်ကျောနံပါတ်၁၁ကိုဝတ်ဆင်ကစားသွားပါမယ်။
ZawGyi