အက်သလက်တီကိုရဲ့ဖီးလစ်ကို အံ့ဩသင့်ဖွယ်အလဲအထပ်လုပ်ပြီး ခေါ်ယူဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာအက်သလက်တီကိုမှလူငယ်ပါရမီရှင်တိုက်စစ်သမားဂျိုအာအိုဖီးလစ်အားအန်တိုနီဂရက်ဇ်မန်းနှင့်အလဲအထပ်ပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

ပြင်သစ်တိုက်စစ်သမားဟာ၂၀၁၉ခုနှစ်၊နွေရာသီတုန်းကအက်သလက်တီကိုမှနျူးကမ့်သို့ရောက်လာသူဖြစ်ပါတယ်။အက်သလက်တီကိုဟာဂရက်ဇ်မန်းကိုရောင်းချလို့ရရှိတဲ့ငွေများကိုဘင်ဖီကာမှပေါ်တူဂီစတားဖီးလစ်ကိုဝယ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။

ဂရက်ဇ်မန်းဟာဘာစီလိုနာသို့ပြောင်းရွှေ့လာခဲ့တဲ့နှစ်ရာသီမှာမျှော်လင့်ထားသလိုဖြစ်လာခြင်းမရှိဘဲလာလီဂါဖလားဆွတ်ခူးနိုင်ခြင်းမရှိပါဘူး။

ကစားသမားနှစ်ဦးစလုံးဟာလုပ်ခခြင်းတူညီသလောက်ရှိနေရာနှစ်သင်းလုံးသာဆန္ဒရှိပါကအဆင်ပြေလာဖို့ရှိနေပါတယ်။အခြားတစ်ဖက်တွင်ဖီးလစ်ရဲ့စူပါအေးဂျင့်ဂျော့မန်ဒက်စ်ကယင်းထက်ကောင်းတဲ့အပြောင်းအရွှေ့ဖြစ်လာရေးအတွက်လုပ်ဆောင်သွားနိုင်ဖို့လည်းရှိပါတယ်။

ဖီးလစ်ဟာအက်သလက်တီကိုတွင်ကစားတဲ့နှစ်ရာသီအတွင်းမှာအဓိကကစားသမားအဖြစ်ကစားခွင့်ရရှိလာပေမယ့်လည်း၁၃ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။ဒါ့အပြင်သူဟာမတ်လနောက်ပိုင်းတွင်ပွဲချိန်ပြည့်တစ်ပွဲမျှကစားခွင့်မရရှိထားပါဘူး။

ဒါပေမယ့်သူဟာတနင်္ဂနွေနေ့မှာအိုဆာဆူနာကိုအဝေးကွင်းမှာအနိုင်ရရှိပါကအက်သလက်တီကိုနှင့်အတူလာလီဂါဖလားဆွတ်ခူးနိုင်ပါမယ်။

ZawGyi

အက္သလက္တီကိုရဲ႕ဖီးလစ္ကို အံ့ဩသင့္ဖြယ္အလဲအထပ္လုပ္ၿပီး ေခၚယူဖို႔ စီစဥ္ေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာအက္သလက္တီကိုမွလူငယ္ပါရမီရွင္တိုက္စစ္သမားဂ်ိဳအာအိုဖီးလစ္အားအန္တိုနီဂရက္ဇ္မန္းႏွင့္အလဲအထပ္ျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ျပင္သစ္တိုက္စစ္သမားဟာ၂၀၁၉ခုႏွစ္၊ေႏြရာသီတုန္းကအက္သလက္တီကိုမွန်ဴးကမ့္သို႔ေရာက္လာသူျဖစ္ပါတယ္။အက္သလက္တီကိုဟာဂရက္ဇ္မန္းကိုေရာင္းခ်လို႔ရရွိတဲ့ေငြမ်ားကိုဘင္ဖီကာမွေပၚတူဂီစတားဖီးလစ္ကိုဝယ္ယူအားျဖည့္ခဲ့တာျဖစ္ပါတယ္။

ဂရက္ဇ္မန္းဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕လာခဲ့တဲ့ႏွစ္ရာသီမွာေမွ်ာ္လင့္ထားသလိုျဖစ္လာျခင္းမရွိဘဲလာလီဂါဖလားဆြတ္ခူးႏိုင္ျခင္းမရွိပါဘူး။

ကစားသမားႏွစ္ဦးစလုံးဟာလုပ္ချခင္းတူညီသေလာက္ရွိေနရာႏွစ္သင္းလုံးသာဆႏၵရွိပါကအဆင္ေျပလာဖို႔ရွိေနပါတယ္။အျခားတစ္ဖက္တြင္ဖီးလစ္ရဲ႕စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကယင္းထက္ေကာင္းတဲ့အေျပာင္းအေ႐ႊ႕ျဖစ္လာေရးအတြက္လုပ္ေဆာင္သြားႏိုင္ဖို႔လည္းရွိပါတယ္။

ဖီးလစ္ဟာအက္သလက္တီကိုတြင္ကစားတဲ့ႏွစ္ရာသီအတြင္းမွာအဓိကကစားသမားအျဖစ္ကစားခြင့္ရရွိလာေပမယ့္လည္း၁၃ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။ဒါ့အျပင္သူဟာမတ္လေနာက္ပိုင္းတြင္ပြဲခ်ိန္ျပည့္တစ္ပြဲမွ်ကစားခြင့္မရရွိထားပါဘူး။

ဒါေပမယ့္သူဟာတနဂၤေႏြေန႔မွာအိုဆာဆူနာကိုအေဝးကြင္းမွာအႏိုင္ရရွိပါကအက္သလက္တီကိုႏွင့္အတူလာလီဂါဖလားဆြတ္ခူးႏိုင္ပါမယ္။