အက်သလက်တီကိုလူငယ်ပရိသတ်တစ်ဦး လာလီဂါအောင်ပွဲခံစဉ်သေဆုံး

အသက်၁၄နှစ်အရွယ်ရှိအက်သလက်တီကိုမက်ဒရစ်ပရိသတ်တစ်ဦးဟာမက်ဒရစ်မြို့တွင်အက်သလက်တိကိုအသင်းလာလီဂါဖလားအောင်ပွဲခံစဉ်မတော်တဆမှုကြောင့်သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

အက်သလက်တိကိုမက်ဒရစ်ပရိသတ်များဟာမြို့တော်ဗဟိုတွင်နှင့် Neptune Fountain တို့တွင်စုစည်းကာ၂၀၁၃ခုနှစ်နောက်ပိုင်းပထမဆုံးလာလီဂါဖလားအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်မက်ဒရစ်ကပျော်ရွှင်မှုကြားထဲမှာဝမ်းနည်းစရာကောင်းတာကလည်းရှိနေပါတယ်။အသက်၁၄နှစ်အရွယ်လူငယ်တစ်ဦးသေဆုံးသွားခဲ့တာပါ။

စပိန်သတင်းအေဂျင်စီ EFE ရဲ့ဖော်ပြချက်အရကားတစ်စီးအတွင်းမှာလူငယ်တစ်ဦးဟာပလာဇာဆန်တာအနာရဲ့ကားပါကင်သို့ဝင်ရောက်စဉ်ကားပြတင်းပေါက်အပြင်သို့ ခေါင်းထွက်နေခဲ့ပြီးနံရံနှင့်ခေါင်းဆောင့်မိခဲ့ပါတယ်။

အရေးပေါ်ကားသို့အလျှင်အမြန်ရောက်လာကာအသက်ရှင်သန်ရေးကြိုးပမ်းခဲ့ပေမယ့်တစ်နာရီအကြာတွင်ကွယ်လွန်သွားခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကလူငယ်လေးသေဆုံးသွားခဲ့ရမှုအတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရကြောင်းဆိုထားပါတယ်။

ZawGyi






