အက်သလက်တီကိုသို့ ဒမ်ဘီလီ ပြောင်းရန် နီးစပ်နေကြောင်း လိုင်ယွန် အတည်ပြု

လိုင်ယွန်က မူဆာဒမ်ဘီလီအားအက်သလက်တီကိုမက်ဒရစ်သို့ရောင်းချရန်ဆွေးနွေးနေကြောင်း အတည်ပြုလိုက်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဟာ မကြာသေးမီတုန်းကစာချုပ်ဖျက်သိမ်းလိုက်တဲ့တိုက်စစ်မှူးဒီယေဂို ကော့စတာရဲ့နေရာမှာအစားထိုးဖို့တိုက်စစ်မှူးသစ်ရှာဖွေနေပါတယ်။

ဒီယေဂိုဆီမြွန်နီဟာအဓိကတိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်အတွက်အထောက်အပံ့ဖြစ်စေမယ့်တိုက်စစ်သမားရှာဖွေနေတာလည်းဖြစ်ပါတယ်။

ဒမ်ဘီလီအားခေါ်ယူရန်အက်သလက်တီကိုတစ်သင်းတည်းကြိုးပမ်းနေတာမဟုတ်ပါဘူး။ဖူလ်ဟမ်နှင့် ဆဲလ်တစ်ရှေ့တန်းကစားသမားဟောင်းကိုဝက်စ်ဟမ်းကလည်းဆက်သွယ်နေပါတယ်။

လိုင်ယွန်အားကစားဒါရိုက်တာဂျူနင်ဟိုက “ကျွန်တော့်ဆီဒမ်ဘီလီရောက်လာပြီးအသင်းပြောင်းဖို့အချိန် ကျပြီထင်တဲ့အကြောင်းပြောပါတယ်။အသင်းမှာနောက်ထပ်ငါးလတောင်ဆက်မနေချင်တော့တဲ့သူကို ဆက်ထိန်းဖို့ကြိုးစားတာသိပ်မလုပ်မဟုတ်ပါဘူး။ကျွန်တော်တို့အက်သလက်တီကိုနဲ့ဆွေးနွေးနေပါတယ်။ မူဆာဟာအက်သလက်တီကိုနဲ့သဘောတူညီမှုရပြီးပြီလို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

လိုင်ယွန်ဟာပြင်သစ်လီဂူး၁ဖလားအတွက်ပီအက်စ်ဂျီ၊လိုင်လီတို့နှင့်ယှဉ်ပြိုင်နေချိန်တွင်တိုက်စစ်မှူးဒမ်ဘီလီအားဆုံးရှုံးရမှုကကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါမယ်။လိုင်ယွန်ဟာသူ့နေရာမှာအစားထိုးမယ့်ကစားသမားတစ်ဦးအမြန်ဆုံးရှာဖွေသွားပါလိမ့်မယ်။

ZawGyi

အက္သလက္တီကိုသို႔ ဒမ္ဘီလီ ေျပာင္းရန္ နီးစပ္ေနေၾကာင္း လိုင္ယြန္ အတည္ျပဳ

လိုင္ယြန္က မူဆာဒမ္ဘီလီအားအက္သလက္တီကိုမက္ဒရစ္သို႔ေရာင္းခ်ရန္ေဆြးေႏြးေနေၾကာင္း အတည္ျပဳလိုက္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ဟာ မၾကာေသးမီတုန္းကစာခ်ဳပ္ဖ်က္သိမ္းလိုက္တဲ့တိုက္စစ္မႉးဒီေယဂို ေကာ့စတာရဲ႕ေနရာမွာအစားထိုးဖို႔တိုက္စစ္မႉးသစ္ရွာေဖြေနပါတယ္။

ဒီေယဂိုဆီႁမြန္နီဟာအဓိကတိုက္စစ္မႉးလူးဝစ္ဆြာရက္ဇ္အတြက္အေထာက္အပံ့ျဖစ္ေစမယ့္တိုက္စစ္သမားရွာေဖြေနတာလည္းျဖစ္ပါတယ္။

ဒမ္ဘီလီအားေခၚယူရန္အက္သလက္တီကိုတစ္သင္းတည္းႀကိဳးပမ္းေနတာမဟုတ္ပါဘူး။ဖူလ္ဟမ္ႏွင့္ ဆဲလ္တစ္ေရွ႕တန္းကစားသမားေဟာင္းကိုဝက္စ္ဟမ္းကလည္းဆက္သြယ္ေနပါတယ္။

လိုင္ယြန္အားကစားဒါ႐ိုက္တာဂ်ဴနင္ဟိုက “ကြၽန္ေတာ့္ဆီဒမ္ဘီလီေရာက္လာၿပီးအသင္းေျပာင္းဖို႔အခ်ိန္ က်ၿပီထင္တဲ့အေၾကာင္းေျပာပါတယ္။အသင္းမွာေနာက္ထပ္ငါးလေတာင္ဆက္မေနခ်င္ေတာ့တဲ့သူကို ဆက္ထိန္းဖို႔ႀကိဳးစားတာသိပ္မလုပ္မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔အက္သလက္တီကိုနဲ႔ေဆြးေႏြးေနပါတယ္။ မူဆာဟာအက္သလက္တီကိုနဲ႔သေဘာတူညီမႈရၿပီးၿပီလို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လိုင္ယြန္ဟာျပင္သစ္လီဂူး၁ဖလားအတြက္ပီအက္စ္ဂ်ီ၊လိုင္လီတို႔ႏွင့္ယွဥ္ၿပိဳင္ေနခ်ိန္တြင္တိုက္စစ္မႉးဒမ္ဘီလီအားဆုံးရႈံးရမႈကႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာပါမယ္။လိုင္ယြန္ဟာသူ႔ေနရာမွာအစားထိုးမယ့္ကစားသမားတစ္ဦးအျမန္ဆုံးရွာေဖြသြားပါလိမ့္မယ္။