အက်သလက်တီကိုအကြီးအကဲကို သံတုတ်ဖြင့် ခြိမ်းခြောက်မှု၊ ရဲများကို ထိုးကြိတ်မှုတို့ကြောင့် ဘိုကာဂျူနီယာကစားသမားများ ရဲစခန်းမှာ တစ်ညအိပ်ခဲ့ရ

ဘိုကာဂျူနီယာကစားသမားများဟာဘရာဇီးတွင်ကစားတဲ့အက်သလက်တီကိုမီနိုင်းရိုးနှင့်ပွဲအပြီးတွင်ခိုက်ရန်ဖြစ်ပွားမှုကြောင့်ရဲစခန်းတွင်တစ်ညအိပ်ခဲ့ရပါတယ်။

ဘိုကာဂျူနီယာဟာကိုပါလီဘာတာဒို့စ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ဂိုးမရှိသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်ကစားခဲ့ရာမှာအက်သလက်တီကိုအား၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးတွင်ဘိုကာဂျူနီယာကစားသမားများဟာအက်သလက်တီကိုအဝတ်အစားလဲခန်းသို့ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးကြီးမားတဲ့အဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။

ESPN သတင်းစာရဲ့ဖော်ပြချက်အရဘိုကာဂျူနီယာကစားသမားများဟာအက်သလက်တီကိုမီနိုင်းရိုးအသင်းကိုတိုက်ခိုက်ခဲ့တဲ့အပြင်ရဲတပ်ဖွဲ့ဝင်များကိုလည်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ပီရူးနောက်ခံလူကားလို့စ်ဇမ်ဘရာနိုနှင့်ကိုလံဘီယာတိုက်စစ်မှူးဆီဘာစတီယန်ဗီလာတို့ကိုရဲတပ်ဖွဲ့ကထိန်းသိမ်းမှုပြုလုပ်သွားခဲ့ပါတယ်။ကျန်ဘိုကာဂျူနီယာကစားသမားများဟာလည်း ၎င်းတို့နှစ်ဦးနှင့်အတူရဲစခန်းသို့လိုက်ပါကာရဲစခန်းတွင်ညအိပ်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

မန်ယူနောက်ခံလူဟောင်မားကို့စ်ရိုဂျိုဟာမီးသတ်ဗူးအားလက်နက်သကဲ့သို့ကိုင်ဆောင်ကာတိုက်ခိုက်ရန်ပြင်ခဲ့သလိုလုံခြုံရေးတစ်ဦးကိုလည်းလက်သီးဖြင့်ထိုးခဲ့ကြောင်းတွေ့ရပါတယ်။

အက်သလက်တီကိုမီနိုင်းရိုးရဲ့ကြေညာချက်အရဘိုကာဂျူနီယာကစားသမားများတို့ရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူများရှိသော်လည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ဖြေဖျန်မှုပြုလုပ်ရန်ရောက်လာတဲ့ကလပ်ဥက္ကဌဆာဂျီယိုကိုးလ်ဟိုမှာလည်းသံတုတ်ဖြင့်ခြိမ်းခြောက်မှုခံခဲ့ရကြောင်းနှင့်စင်္ကြန်တွင်တွေ့သမျှသူအားလုံးကိုတိုက်ခိုက်ရန်ကြိုးပမ်းခဲ့ကြောင်းဆိုသွားပါတယ်။

ဘိုကာဂျူနီယာဒုဥက္ကဌရီကွဲလ်မီးကလည်း၎င်းတို့ရဲ့ကစားသမားများ အဝတ်အစားလဲခန်းသို့ ဝင်ရောက်ချိန်တွင်အက်သလက်တီကိုမီနိုင်းရိုးကစားသမားများကဆဲဆိုမှုပြုလုပ်ခဲ့ကြောင်း၊ရဲတပ်ဖွဲ့ကလည်းကစားသမားများကို ဂက်စ်(ငရုပ်ကောင်းမှုန့်)ဖြင့်ပက်ဖျန်းခဲ့ကြောင်း၊အက်သလက်တီကိုဥက္ကဌကိုယ်တိုင်ပုလင်းဖြင့်ပစ်ပေါက်မှုပြုလုပ်ခဲ့ခြင်းတို့ကြောင်း အပြင်းအထန်ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်းကာကွယ်ပြောကြားသွားပါတယ်။

ZawGyi

အက္သလက္တီကိုအႀကီးအကဲကို သံတုတ္ျဖင့္ ၿခိမ္းေျခာက္မႈ၊ ရဲမ်ားကို ထိုးႀကိတ္မႈတို႔ေၾကာင့္ ဘိုကာဂ်ဴနီယာကစားသမားမ်ား ရဲစခန္းမွာ တစ္ညအိပ္ခဲ့ရ

ဘိုကာဂ်ဴနီယာကစားသမားမ်ားဟာဘရာဇီးတြင္ကစားတဲ့အက္သလက္တီကိုမီႏိုင္း႐ိုးႏွင့္ပြဲအၿပီးတြင္ခိုက္ရန္ျဖစ္ပြားမႈေၾကာင့္ရဲစခန္းတြင္တစ္ညအိပ္ခဲ့ရပါတယ္။

ဘိုကာဂ်ဴနီယာဟာကိုပါလီဘာတာဒို႔စ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ဂိုးမရွိသေရက်ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္ကစားခဲ့ရာမွာအက္သလက္တီကိုအား၃-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ပြဲအၿပီးတြင္ဘိုကာဂ်ဴနီယာကစားသမားမ်ားဟာအက္သလက္တီကိုအဝတ္အစားလဲခန္းသို႔ဝင္ေရာက္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးႀကီးမားတဲ့အဓိက႐ုဏ္းျဖစ္ပြားခဲ့ပါတယ္။

ESPN သတင္းစာရဲ႕ေဖာ္ျပခ်က္အရဘိုကာဂ်ဴနီယာကစားသမားမ်ားဟာအက္သလက္တီကိုမီႏိုင္း႐ိုးအသင္းကိုတိုက္ခိုက္ခဲ့တဲ့အျပင္ရဲတပ္ဖြဲ႕ဝင္မ်ားကိုလည္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ပီ႐ူးေနာက္ခံလူကားလို႔စ္ဇမ္ဘရာႏိုႏွင့္ကိုလံဘီယာတိုက္စစ္မႉးဆီဘာစတီယန္ဗီလာတို႔ကိုရဲတပ္ဖြဲ႕ကထိန္းသိမ္းမႈျပဳလုပ္သြားခဲ့ပါတယ္။က်န္ဘိုကာဂ်ဴနီယာကစားသမားမ်ားဟာလည္း ၎တို႔ႏွစ္ဦးႏွင့္အတူရဲစခန္းသို႔လိုက္ပါကာရဲစခန္းတြင္ညအိပ္ရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။

မန္ယူေနာက္ခံလူေဟာင္မားကို႔စ္႐ိုဂ်ိဳဟာမီးသတ္ဗူးအားလက္နက္သကဲ့သို႔ကိုင္ေဆာင္ကာတိုက္ခိုက္ရန္ျပင္ခဲ့သလိုလုံၿခဳံေရးတစ္ဦးကိုလည္းလက္သီးျဖင့္ထိုးခဲ့ေၾကာင္းေတြ႕ရပါတယ္။

အက္သလက္တီကိုမီႏိုင္း႐ိုးရဲ႕ေၾကညာခ်က္အရဘိုကာဂ်ဴနီယာကစားသမားမ်ားတို႔ရဲ႕တိုက္ခိုက္မႈေၾကာင့္ဒဏ္ရာရသူမ်ားရွိေသာ္လည္းျပင္းထန္တဲ့ဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း၊ေျဖဖ်န္မႈျပဳလုပ္ရန္ေရာက္လာတဲ့ကလပ္ဥကၠဌဆာဂ်ီယိုကိုးလ္ဟိုမွာလည္းသံတုတ္ျဖင့္ၿခိမ္းေျခာက္မႈခံခဲ့ရေၾကာင္းႏွင့္စၾကၤန္တြင္ေတြ႕သမွ်သူအားလုံးကိုတိုက္ခိုက္ရန္ႀကိဳးပမ္းခဲ့ေၾကာင္းဆိုသြားပါတယ္။

ဘိုကာဂ်ဴနီယာဒုဥကၠဌရီကြဲလ္မီးကလည္း၎တို႔ရဲ႕ကစားသမားမ်ား အဝတ္အစားလဲခန္းသို႔ ဝင္ေရာက္ခ်ိန္တြင္အက္သလက္တီကိုမီႏိုင္း႐ိုးကစားသမားမ်ားကဆဲဆိုမႈျပဳလုပ္ခဲ့ေၾကာင္း၊ရဲတပ္ဖြဲ႕ကလည္းကစားသမားမ်ားကို ဂက္စ္(င႐ုပ္ေကာင္းမႈန႔္)ျဖင့္ပက္ဖ်န္းခဲ့ေၾကာင္း၊အက္သလက္တီကိုဥကၠဌကိုယ္တိုင္ပုလင္းျဖင့္ပစ္ေပါက္မႈျပဳလုပ္ခဲ့ျခင္းတို႔ေၾကာင္း အျပင္းအထန္ျပန္လည္တုံ႔ျပန္ခဲ့ျခင္းျဖစ္ေၾကာင္းကာကြယ္ေျပာၾကားသြားပါတယ္။