အက်သလက်တီကိုအား ရှုံးနိမ့်လျှင် ရော်နယ်ကိုးမန်း ထုတ်ပယ်ခံရနိုင်

ရော်နယ်ကိုးမန်းဟာကြားရက်တုန်းကဘင်ဖီကာအားသုံးဂိုးပြတ်အရှက်တကွဲရှုံးနိမ့်ခဲ့ပေမယ့်ရာထူးမှထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။ဒါပေမယ့်ဒတ်ချ်လူမျိုးနည်းပြဟာစနေနေ့မှာ ရင်ဆိုင်ကစားရမယ့်အက်သလက်တီကိုနှင့်လာလီဂါအဝေးကွင်းပွဲစဉ်တွင်ရှုံးပွဲကြုံတွေ့ရလျှင်ထုတ်ပယ်ခံရနိုင်ပါတယ်။

ရော်နယ်ကိုးမန်းဟာချန်ပီယံလိဂ်အုပ်စုပွဲဒုတိယမြောက်ရှုံးပွဲအဖြစ်ဘင်ဖီကာကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဘာစီလိုနာအားကိုင်တွယ်နေရတဲ့နေ့ရက်တွေကိုရေတွက်နေရပြီဖြစ်ပါတယ်။

ဘင်ဖီကာအားရှုံးနိမ့်မှုနဲ့အတူဘာစီလိုနာဟာ၁၉၇၂-၇၃ရာသီနောက်ပိုင်းတွင်ချန်ပီယံလိဂ်တွင်အုပ်စုပွဲနှစ်ပွဲဆက်အရှုံးနှင့်ရင်ဆိုင်ခဲ့ရကာအုပ်စုအောက်ဆုံးသို့ရောက်နေပါတယ်။ဒါ့အပြင်၎င်းတို့ဟာချန်ပီယံလိဂ်ငါးပွဲဆက်နိုင်ပွဲပျောက်နေပါတယ်။

၎င်းတို့ဟာနှစ်ပေါင်း၂၀အတွင်းပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မှမထွက်ခွာရရန်အတွက်လက်ကျန်ပွဲလေးပွဲလုံးအမှားခံလို့မရတော့ပါဘူး။

လာပေါ်တာနှင့်ဘာစီလိုနာဘုတ်အဖွဲ့ဝင်များဟာကြားရက်တုန်းကဘင်ဖီကာကိုရှုံးနိမ့်ပြီးနောက်ချက်ချင်းပင်အရေးပေါ်အစည်းအဝေးခေါ်ဆိုကာဆွေးနွေးခဲ့ကြပြီးရော်နယ်ကိုးမန်းကိုဆက်လက်အခွင့်အရေးပေးရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘာစီလိုနာဟာတစ်နှစ်လုပ်ခယူရို၈သန်းပေးနေရတဲ့ကိုးမန်းကိုထုတ်ပယ်ပါက နစ်နာကြေးယူရို၁၂သန်းဝန်းကျင်အထိပေးရမယ့်အပြင်နည်းပြသစ်အတွက်ငွေသုံးစွဲရန်ယူရို၂သန်းကန့်သတ်ခံထားရပါတယ်။ယင်းသို့အနေအထားကြောင့်ဘာစီလိုနာဘုတ်အဖွဲ့ဟာကိုးမန်းကိုထုတ်ပယ်ရေး အချိန်အနည်းငယ်အထိစောင့်ဆိုင်းရန်ဆုံးဖြတ်ခဲ့တာပါ။

တစ်ဖက်တွင်ဘာစီလိုနာဟာကိုးမန်းနေရာတွင်အစားထိုးမယ့်သူကိုလျာထားပြီးဖြစ်ကာ ဂန္ထဝင်ကစားသမားဇာဗီး၊ဂျူဗင်တပ်နည်းပြဟောင်းပီယာလို၊အာဂျင်တီးနားနည်းပြမာစယ်လိုဂယ်လာဒိုတို့မှာဆန်ကာတင်စာရင်းတွင်ပါဝင်နေပါတယ်။

ZawGyi

အက္သလက္တီကိုအား ရႈံးနိမ့္လွ်င္ ေရာ္နယ္ကိုးမန္း ထုတ္ပယ္ခံရႏိုင္

ေရာ္နယ္ကိုးမန္းဟာၾကားရက္တုန္းကဘင္ဖီကာအားသုံးဂိုးျပတ္အရွက္တကြဲရႈံးနိမ့္ခဲ့ေပမယ့္ရာထူးမွထုတ္ပယ္ျခင္းမခံခဲ့ရပါဘူး။ဒါေပမယ့္ဒတ္ခ်္လူမ်ိဳးနည္းျပဟာစေနေန႔မွာ ရင္ဆိုင္ကစားရမယ့္အက္သလက္တီကိုႏွင့္လာလီဂါအေဝးကြင္းပြဲစဥ္တြင္ရႈံးပြဲႀကဳံေတြ႕ရလွ်င္ထုတ္ပယ္ခံရႏိုင္ပါတယ္။

ေရာ္နယ္ကိုးမန္းဟာခ်န္ပီယံလိဂ္အုပ္စုပြဲဒုတိယေျမာက္ရႈံးပြဲအျဖစ္ဘင္ဖီကာကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဘာစီလိုနာအားကိုင္တြယ္ေနရတဲ့ေန႔ရက္ေတြကိုေရတြက္ေနရၿပီျဖစ္ပါတယ္။

ဘင္ဖီကာအားရႈံးနိမ့္မႈနဲ႔အတူဘာစီလိုနာဟာ၁၉၇၂-၇၃ရာသီေနာက္ပိုင္းတြင္ခ်န္ပီယံလိဂ္တြင္အုပ္စုပြဲႏွစ္ပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ခဲ့ရကာအုပ္စုေအာက္ဆုံးသို႔ေရာက္ေနပါတယ္။ဒါ့အျပင္၎တို႔ဟာခ်န္ပီယံလိဂ္ငါးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနပါတယ္။

၎တို႔ဟာႏွစ္ေပါင္း၂၀အတြင္းပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွမထြက္ခြာရရန္အတြက္လက္က်န္ပြဲေလးပြဲလုံးအမွားခံလို႔မရေတာ့ပါဘူး။

လာေပၚတာႏွင့္ဘာစီလိုနာဘုတ္အဖြဲ႕ဝင္မ်ားဟာၾကားရက္တုန္းကဘင္ဖီကာကိုရႈံးနိမ့္ၿပီးေနာက္ခ်က္ခ်င္းပင္အေရးေပၚအစည္းအေဝးေခၚဆိုကာေဆြးေႏြးခဲ့ၾကၿပီးေရာ္နယ္ကိုးမန္းကိုဆက္လက္အခြင့္အေရးေပးရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။

ဘာစီလိုနာဟာတစ္ႏွစ္လုပ္ခယူ႐ို၈သန္းေပးေနရတဲ့ကိုးမန္းကိုထုတ္ပယ္ပါက နစ္နာေၾကးယူ႐ို၁၂သန္းဝန္းက်င္အထိေပးရမယ့္အျပင္နည္းျပသစ္အတြက္ေငြသုံးစြဲရန္ယူ႐ို၂သန္းကန႔္သတ္ခံထားရပါတယ္။ယင္းသို႔အေနအထားေၾကာင့္ဘာစီလိုနာဘုတ္အဖြဲ႕ဟာကိုးမန္းကိုထုတ္ပယ္ေရး အခ်ိန္အနည္းငယ္အထိေစာင့္ဆိုင္းရန္ဆုံးျဖတ္ခဲ့တာပါ။

တစ္ဖက္တြင္ဘာစီလိုနာဟာကိုးမန္းေနရာတြင္အစားထိုးမယ့္သူကိုလ်ာထားၿပီးျဖစ္ကာ ဂႏၴဝင္ကစားသမားဇာဗီး၊ဂ်ဴဗင္တပ္နည္းျပေဟာင္းပီယာလို၊အာဂ်င္တီးနားနည္းျပမာစယ္လိုဂယ္လာဒိုတို႔မွာဆန္ကာတင္စာရင္းတြင္ပါဝင္ေနပါတယ္။