အက်သလက်တီနှင့်ချန်ပီယံလိဂ်ပွဲတွင် ချဲလ်ဆီးအသာစီးရနေကြောင်း တူချယ်ဝန်ခံ

သောမတ်စ်တူချယ်ကအက်သလက်တီကိုနှင့်ကစားရမယ့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကိုကြားတွင်ကစားရမှာဖြစ်လို့ချဲလ်ဆီးအတွက်အခွင့်အရေးပိုသာလာစေကြောင်းဝန်ခံပြောကြားသွားပါတယ်။

စပိန်အစိုးရကကိုဗစ်ရောဂါမြင့်မားစွာဖြစ်ပွားနေတဲ့ဗြိတိန်အားပြည်ဝင်ခွင့်ပိတ်ပင်ထားရာအက်သလက်တီကိုမှာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုချဲလ်ဆီးအားဧည့်ခံကစားနိုင်ခြင်းမရှိဘဲကြားကွင်းမှာကစားရပါမယ်။

ယူအီးအက်ဖ်အေကအက်သလက်တီကိုနှင့်ချဲလ်ဆီးတို့ကစားမယ့်ပွဲစဉ်အားရိုမေးနီးယားနိုင်ငံရဲ့မြို့တော်ဘူခါရက်စ်ရှိ Arena Nationala ကွင်းတွင်ကစားမယ်လို့ကြေညာထားပါတယ်။

ဒါပေမယ့်ချဲလ်ဆီးမှာမူစတမ်းဖို့ဒ်ဘရစ်ချ်တွင်ကစားရမယ့်အက်သလက်တီကိုနှင့်ဒုတိယအကျော့ပွဲစဉ်ကိုမူလက်ခံကစားနိုင်ပါမယ်။ယင်းသို့အခြေအနေကြောင့်ချဲလ်ဆီးတွင်အိမ်ကွင်းအားသာချက်ပိုမိုရရှိနေပါတယ်။

တူချယ်က “သူတို့ရဲ့ခံစားချက်ကိုနားလည်ပါတယ်။သူတို့မှာအိမ်ကွင်းအားသာချက်မရှိတဲ့အချိန်မှာဘယ် လိုခံစားရမယ်ဆိုတာသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုခံစားရလဲဆိုတော့မရှိပါဘူး။ဒါကို ကျွန်တော်တို့ဆုံးဖြတ်ခဲ့တာလည်းမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော်တို့ကိုသူတို့တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေမယ်ဆိုတဲ့အချက်အပေါ်သံသယမဝင်ပါဘူး။သူတို့ဟာကျွန်တော်တို့ကိုဘူခါရက်စ်မှာတိုက်ခိုက်ဖို့၁၀၀ရာခိုင်နှုန်းအသင့်ဖြစ်နေပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အက္သလက္တီႏွင့္ခ်န္ပီယံလိဂ္ပြဲတြင္ ခ်ဲလ္ဆီးအသာစီးရေနေၾကာင္း တူခ်ယ္ဝန္ခံ

ေသာမတ္စ္တူခ်ယ္ကအက္သလက္တီကိုႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္ကိုၾကားတြင္ကစားရမွာျဖစ္လို႔ခ်ဲလ္ဆီးအတြက္အခြင့္အေရးပိုသာလာေစေၾကာင္းဝန္ခံေျပာၾကားသြားပါတယ္။

စပိန္အစိုးရကကိုဗစ္ေရာဂါျမင့္မားစြာျဖစ္ပြားေနတဲ့ၿဗိတိန္အားျပည္ဝင္ခြင့္ပိတ္ပင္ထားရာအက္သလက္တီကိုမွာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ကိုခ်ဲလ္ဆီးအားဧည့္ခံကစားႏိုင္ျခင္းမရွိဘဲၾကားကြင္းမွာကစားရပါမယ္။

ယူအီးအက္ဖ္ေအကအက္သလက္တီကိုႏွင့္ခ်ဲလ္ဆီးတို႔ကစားမယ့္ပြဲစဥ္အား႐ိုေမးနီးယားႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ဘူခါရက္စ္ရွိ Arena Nationala ကြင္းတြင္ကစားမယ္လို႔ေၾကညာထားပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးမွာမူစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ကစားရမယ့္အက္သလက္တီကိုႏွင့္ဒုတိယအေက်ာ့ပြဲစဥ္ကိုမူလက္ခံကစားႏိုင္ပါမယ္။ယင္းသို႔အေျခအေနေၾကာင့္ခ်ဲလ္ဆီးတြင္အိမ္ကြင္းအားသာခ်က္ပိုမိုရရွိေနပါတယ္။

တူခ်ယ္က “သူတို႔ရဲ႕ခံစားခ်က္ကိုနားလည္ပါတယ္။သူတို႔မွာအိမ္ကြင္းအားသာခ်က္မရွိတဲ့အခ်ိန္မွာဘယ္ လိုခံစားရမယ္ဆိုတာသိရပါတယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ဘယ္လိုခံစားရလဲဆိုေတာ့မရွိပါဘူး။ဒါကို ကြၽန္ေတာ္တို႔ဆုံးျဖတ္ခဲ့တာလည္းမဟုတ္ပါဘူး။ဒါေပမယ့္ကြၽန္ေတာ္တို႔ကိုသူတို႔တိုက္ပြဲဝင္ဖို႔အသင့္ျဖစ္ေနမယ္ဆိုတဲ့အခ်က္အေပၚသံသယမဝင္ပါဘူး။သူတို႔ဟာကြၽန္ေတာ္တို႔ကိုဘူခါရက္စ္မွာတိုက္ခိုက္ဖို႔၁၀၀ရာခိုင္ႏႈန္းအသင့္ျဖစ္ေနပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။