
မန်ချက်စတာယူနိုက်တက်ကစားသမားများနှင့်ဝန်ထမ်းများဟာတစ်ပတ်ကြာခွင့်ပေးကာမိသားစုနှင့်အတူနော်ဝေသို့ထွက်ခွာသွားခဲ့တဲ့နည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့အပြုအမူအပေါ်အံ့ဩသင့်လျက်ရှိနေကြောင်းသိရပါတယ်။
မန်ယူကစားသမားအများစုဟာနိုင်ငံအသင်းများနှင့်အသီးသီးပူးပေါင်းနေကြပြီးဖိအားများနှင့်ရင်ဆိုင်နေရတဲ့ဆိုးလ်ရှားဟာကျန်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုတစ်ပတ်ကြာအနားပေးခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင်အိုးထရက်ဖို့ဒ်တွင်အကျပ်အတည်းကာလသို့ရောက်ရှိနေရာဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်အပေါ်အားလုံးအံ့ဩသင့်နေကြပါတယ်။
တနင်္လာနေ့တုန်းကပြင်သစ်နောက်ခံလူရာဖေးလ်ဗာရိန်းမှာမန်ယူရုံးချုပ်သို့လာရောက်ကာတံကောက်ကြောဒဏ်ရာကိုကုသမှုပြုလုပ်ခဲ့ပြီးအင်္ဂလန်အသင်းမှနုတ်ထွက်ခဲ့တာရပ်ရှ်ဖို့ဒ်မှာလည်းသီးသန့်လေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။
နော်ဝေလူမျိုးနည်းပြဟာဇနီးသည်ဆဲလ်ဂျီ၊သားများဖြစ်ကြတဲ့နိုအာ၊အီလီဂျာတို့နှင့်အတူစင်းလုံးငှားလေယာဉ်ဖြင့်မွေးရပ်မြေခရစ္စတီယန်ဆန်သို့ထွက်ခွာသွားခဲ့ကြပါတယ်။
ဆိုးလ်ရှားဟာနောက်ဆုံး၁၂ပွဲတွင်၆ပွဲရှုံးနိမ့်မှုကြောင့်ဖိအားများနှင့်ကြုံတွေ့နေရသူဖြစ်ပါတယ်။
ဒါပေမယ့်မန်ယူဘုတ်အဖွဲ့ဟာဆိုးလ်ရှားကိုနိုင်ငံတကာပွဲစဉ်များအပြီးတွင်ကစားရမယ့်ဝက်ဖို့ဒ်နှင့်ပွဲအထိအခွင့်အရေးပေးထားပါတယ်။
ZawGyi
အၾကပ္အတည္းကာလတြင္ ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကို တစ္ပတ္ခြင့္ေပးၿပီး ေနာ္ေဝသို႔ ထြက္ခြာသြားတဲ့ ဆိုးလ္ရွား
မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားႏွင့္ဝန္ထမ္းမ်ားဟာတစ္ပတ္ၾကာခြင့္ေပးကာမိသားစုႏွင့္အတူေနာ္ေဝသို႔ထြက္ခြာသြားခဲ့တဲ့နည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕အျပဳအမူအေပၚအံ့ဩသင့္လ်က္ရွိေနေၾကာင္းသိရပါတယ္။
မန္ယူကစားသမားအမ်ားစုဟာႏိုင္ငံအသင္းမ်ားႏွင့္အသီးသီးပူးေပါင္းေနၾကၿပီးဖိအားမ်ားႏွင့္ရင္ဆိုင္ေနရတဲ့ဆိုးလ္ရွားဟာက်န္ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကိုတစ္ပတ္ၾကာအနားေပးခဲ့တာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္အိုးထရက္ဖို႔ဒ္တြင္အက်ပ္အတည္းကာလသို႔ေရာက္ရွိေနရာဆိုးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္အေပၚအားလုံးအံ့ဩသင့္ေနၾကပါတယ္။
တနလၤာေန႔တုန္းကျပင္သစ္ေနာက္ခံလူရာေဖးလ္ဗာရိန္းမွာမန္ယူ႐ုံးခ်ဳပ္သို႔လာေရာက္ကာတံေကာက္ေၾကာဒဏ္ရာကိုကုသမႈျပဳလုပ္ခဲ့ၿပီးအဂၤလန္အသင္းမွႏုတ္ထြက္ခဲ့တာရပ္ရွ္ဖို႔ဒ္မွာလည္းသီးသန႔္ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။
ေနာ္ေဝလူမ်ိဳးနည္းျပဟာဇနီးသည္ဆဲလ္ဂ်ီ၊သားမ်ားျဖစ္ၾကတဲ့ႏိုအာ၊အီလီဂ်ာတို႔ႏွင့္အတူစင္းလုံးငွားေလယာဥ္ျဖင့္ေမြးရပ္ေျမခရစၥတီယန္ဆန္သို႔ထြက္ခြာသြားခဲ့ၾကပါတယ္။
ဆိုးလ္ရွားဟာေနာက္ဆုံး၁၂ပြဲတြင္၆ပြဲရႈံးနိမ့္မႈေၾကာင့္ဖိအားမ်ားႏွင့္ႀကဳံေတြ႕ေနရသူျဖစ္ပါတယ္။
ဒါေပမယ့္မန္ယူဘုတ္အဖြဲ႕ဟာဆိုးလ္ရွားကိုႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္ကစားရမယ့္ဝက္ဖို႔ဒ္ႏွင့္ပြဲအထိအခြင့္အေရးေပးထားပါတယ္။