ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာဟာချဲလ်ဆီးကိုအကြပ်အတည်းကြားထဲမှရုန်းထွက်လာနိုင်ရေးအတွက်ချဲလ်ဆီးရဲ့စီနီယာကစားသမား၄ဦးနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။
ချဲလ်ဆီးဟာနောက်ဆုံးပရီးမီးယားလိဂ်၈ပွဲတွင် ရမှတ်၆မှတ်တည်းသာရယူထားနိုင်ပြီးယနေ့ညတွင်အကောင်းဆုံးပုံစံရရှိနေတဲ့လန်ဒန်မြို့ခံပြိုင်ဘက်ဖူလ်ဟမ်နှင့်ရင်ဆိုင်ကစားရပါမယ်။
ဂရေဟမ်ပေါ်တာဟာရလဒ်ဆိုးရွားနေမှုနှင့်အတူဖိအားများအောက်သို့ရောက်နေပြီးရာထူးမှထုတ်ပယ်ခံရရန်ရေပန်းစားနေပါတယ်။ဒါပေမဲ့ချဲလ်ဆီးဘုတ်အဖွဲ့ဟာဂရေဟမ်ပေါ်တာကိုယခုလအကုန်အထိချဲလ်ဆီးကိုပြန်လည်ဆွဲတင်ပေးရေးအခွင့်အရေးပေးထားပါတယ်။
ဂရေဟမ်ပေါ်တာဟာအသင်းကိုအခက်အခဲကြားမှရုန်းထွက်နိုင်ရေးအတွက်အသင်းရဲ့စီနီယာများဖြစ်ကြတဲ့ဆီဇာအက်ဇ်ပီလီကူတာ၊တီယာဂိုဆေးလ်ဗား၊ဂျော်ဂျင်ဟို၊မာတီယိုကိုဗာဆစ်တို့နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။
ပေါ်တာက “မနေ့တုန်းကတီယာဂို၊အက်စ်ပီ၊ဂျော်ဂျီ၊ကိုဗာတို့နဲ့စကားပြောခဲ့တယ်။အရမ်းကောင်းတဲ့ဆွေးနွေးမှုဖြစ်ခဲ့တယ်။သူတို့ဟာသူတို့ရဲ့အရည်အသွေးတွေကိုပြသခဲ့ကြတယ်။သူတို့ကရိုးသားကြတယ်။ပြီးတော့စိုးရိမ်မှုအခြေအနေကိုလည်းကောင်းကောင်းရှင်းပြကြတယ်။အပြုသဘောဆောင်တယ်။တာဝန်ယူမှုလည်းရှိကြတယ်။ကျွန်တော်တို့ရှေ့သို့ရွှေ့နိုင်မဲ့နေရာသို့ရောက်နေပြီလို့ထင်ပါတယ်။ဒီအသင်းကအတွေ့အကြုံရင့်ကျက်တဲ့အသင်းပါ။ကစားသမားတွေကရိုးသားကြတယ်။ပြီးတော့တာဝန်လည်းယူချင်ကြတယ်။သူတို့ပိုကောင်းချင်တယ်၊အနိုင်လိုချင်ကြတယ်။သူတို့လိုကစားသမားတွေကိုပိုင်ဆိုင်ထားတာကံကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာအသင်းရဲ့ဒဏ်ရာပြဿနာကိုဖြေရှင်းရန်အတွက်အက်သလက်တီကိုမှဂျာအိုဖီးလစ်ကိုငှားရမ်းခပေါင်၁၀သန်းဖြင့်ရာသီအကုန်အထိခေါ်ယူထားပါတယ်။
ZawGyi
အကြပ်အတည်းကြားမှ ရုန်းထွက်ရန် ချဲလ်ဆီးစီနီယာစတား ၄ ဦးနှင့်ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့ ဂရေဟမ်ပေါ်တာ
ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာဟာချဲလ်ဆီးကိုအကြပ်အတည်းကြားထဲမှရုန်းထွက်လာနိုင်ရေးအတွက်ချဲလ်ဆီးရဲ့စီနီယာကစားသမား၎ဦးနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။