အကြောင်းပြချက်တစ်ခုကြောင့် ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်သွားမယ့် အာလင်းဟာလန်း

အာလင်းဟာလန်းဟာရီးရဲလ်မက်ဒရစ်ကသာကိုင်လီယန်ဘက်ပေးအားခေါ်ယူမည်ဆိုပါကဘာနေဗျူးသို့ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကိုငြင်းဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဥရောပထိပ်သီးကလပ်များရဲ့ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံလာရမယ့်သူဖြစ်ပြီးသူ့ကိုခေါ်ယူလိုနေတဲ့အသင်းများတွင်ရီးရဲလ်မက်ဒရစ်ကထိပ်ဆုံးမှပါဝင်ပါတယ်။

ဟာလန်းဟာလာမယ့်နွေရာသီတွင်ပေါင်၆၆သန်းမျှဖြင့်ဒေါ့မွန်မှထွက်ခွာနိုင်တဲ့အချက်ကိုစာချုပ်အတွင်းမှာထည့်သွင်းချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။ဒါပေမယ့် Marca ရဲ့ဖော်ပြချက်အရဟာလန်းဟာရီးရဲလ်မက်ဒရစ်ကကမ်းလှမ်းလာရန်ပယ်ချရန်ဆုံးဖြတ်ထားကြောင်းသိရပါတယ်။

ဟာလန်းရဲ့ရီးရဲလ်မက်ဒရစ်သို့ပြောင်းခွင့်အားငြင်းပယ်လာမယ့်အဓိကအကြောင်းအရင်းကကိုင်လီယန်ဘက်ပေးဖြစ်ပါတယ်။ဟာလန်းဟာလူငယ်ပြိုင်ဘက်ကိုင်လီယန်ဘက်ပေးရဲ့ဒုတိယဦးစားပေးကစားသမားအဖြစ်မကစားလိုမှုနဲ့အတူ ဘာနေဗျူးသို့ပြောင်းခွင့်ငြင်းပယ်မှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကဘက်ပေးကိုပေါင်၁၇၇သန်းဖြင့်ခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပေမယ့်လာမယ့်ဇန်နဝါရီလတွင်ဘက်ပေးအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရေးလွတ်လပ်စွာဆွေးနွေးခွင့်ရှိနေပါတယ်။ရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဘက်ပေးကိုယ်တိုင်ကရီးရဲလ်မက်ဒရစ်သို့ပြောင်းကစားလိုကြောင်းပြောကြားထားရာအပြောင်းအရွှေ့ဖြစ်လာရန် ရာခိုင်နှုန်းများနေပါတယ်။

ZawGyi

အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ ရီးရဲလ္မက္ဒရစ္ကို ျငင္းပယ္သြားမယ့္ အာလင္းဟာလန္း

အာလင္းဟာလန္းဟာရီးရဲလ္မက္ဒရစ္ကသာကိုင္လီယန္ဘက္ေပးအားေခၚယူမည္ဆိုပါကဘာေနဗ်ဴးသို႔ေျပာင္းေ႐ႊ႕ႏိုင္မယ့္အခြင့္အေရးကိုျငင္းဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ေဒါ့မြန္တိုက္စစ္မႉးဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဥေရာပထိပ္သီးကလပ္မ်ားရဲ႕ေခၚယူရန္ပစ္မွတ္ထားျခင္းခံလာရမယ့္သူျဖစ္ၿပီးသူ႔ကိုေခၚယူလိုေနတဲ့အသင္းမ်ားတြင္ရီးရဲလ္မက္ဒရစ္ကထိပ္ဆုံးမွပါဝင္ပါတယ္။

ဟာလန္းဟာလာမယ့္ေႏြရာသီတြင္ေပါင္၆၆သန္းမွ်ျဖင့္ေဒါ့မြန္မွထြက္ခြာႏိုင္တဲ့အခ်က္ကိုစာခ်ဳပ္အတြင္းမွာထည့္သြင္းခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။ဒါေပမယ့္ Marca ရဲ႕ေဖာ္ျပခ်က္အရဟာလန္းဟာရီးရဲလ္မက္ဒရစ္ကကမ္းလွမ္းလာရန္ပယ္ခ်ရန္ဆုံးျဖတ္ထားေၾကာင္းသိရပါတယ္။

ဟာလန္းရဲ႕ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းခြင့္အားျငင္းပယ္လာမယ့္အဓိကအေၾကာင္းအရင္းကကိုင္လီယန္ဘက္ေပးျဖစ္ပါတယ္။ဟာလန္းဟာလူငယ္ၿပိဳင္ဘက္ကိုင္လီယန္ဘက္ေပးရဲ႕ဒုတိယဦးစားေပးကစားသမားအျဖစ္မကစားလိုမႈနဲ႔အတူ ဘာေနဗ်ဴးသို႔ေျပာင္းခြင့္ျငင္းပယ္မွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတုန္းကဘက္ေပးကိုေပါင္၁၇၇သန္းျဖင့္ေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ေပမယ့္လာမယ့္ဇန္နဝါရီလတြင္ဘက္ေပးအားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူေရးလြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနပါတယ္။ရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဘက္ေပးကိုယ္တိုင္ကရီးရဲလ္မက္ဒရစ္သို႔ေျပာင္းကစားလိုေၾကာင္းေျပာၾကားထားရာအေျပာင္းအေ႐ႊ႕ျဖစ္လာရန္ ရာခိုင္ႏႈန္းမ်ားေနပါတယ္။